မဲခေါင်၊ အောက်တိုဘာ ၁၄
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း (၁၄) ဖွဲ့စည်းမှု ၂ နှစ်ပြည့် အခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့မှာ ကရင်နီပြည်နယ်၊ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ KNDF တပ်ရင်း (၁၄) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒီအခမ်းအနားကို သက်ဆိုင်ရာ တာ၀န်ရှိသူများ၊ KNDF တပ်ဗိုလ် တပ်မှူးများ၊ ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ KA တပ်ဗိုလ် တပ်မှူးများနဲ့ ရဲဘော်၊ ရဲမေများ တက်ရောက်ခဲ့ပြီး တာ၀န်ရှိသူများက အားပေး အမှာစကား၊ မိန့်ခွန့်များ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်ရင်း (၂) နှစ်ပြည့် အခမ်းအနားမှာ စစ်ရေးပြ ချီတက်ကာ အမျိုးသား အလံတော်၊ တပ်ဖွဲ့ အလံတော်နဲ့ ကျဆုံး အာဇာနည် ရဲဘော်တွေကို အလေးပြုခဲ့ပါတယ်။
ဒါ့အပြင် တစ်နှစ်အတွင်း လှုပ်ရှားမှု မှတ်တမ်းများ ငွေစာရင်း ရှင်းတမ်းများကို အားလုံးရှေ့မှာ ချပြရှင်းလင်းခဲ့ပြီး အခမ်းအနား အောင်အောင်မြင်မြင် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
KNDF တပ်ရင်း အမှတ် (၁၄) မှ ရဲဘော်၊ ရဲမေများဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့ထိ ပြည်သူဘက်မှ ရပ်တည်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ် ဆိုတာကို ကတိပေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
CJ-002
#MeKongNews
#ကရင်နီပြည်
#KNDF_တပ်ရင်း(၁၄)
#အာဏာရှင်စနစ်













