ဒေသတွင်းသတင်း

တောင်ကြီးမြို့မှာ မူးယစ်ဆေးဝါး သယ်လာတဲ့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် ပစ်ခတ်မှုဖြစ်ပြီး ဗိုလ်ကြီး တစ်ဦး သေဆုံး

မဲခေါင် 13 Oct - 2023
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့ဘက်၊ ဗုဒ္ဓတက္ကသိုလ် အနီးမှာ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ မဲခေါင်သတင်းဌာနမှ စုံစမ်း သိရှိရပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ အရှေ့ဘက်၊ ဗုဒ္ဓတက္ကသိုလ် အနီးမှာ မူးယစ်ဆေးဝါး သယ်ဆောင်တဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက် သေဆုံးမှုတွေ ရှိတယ်လို့ မဲခေါင်သတင်းဌာနမှ စုံစမ်း သိရှိရပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့က ဗုဒ္ဓတက္ကသိုလ် အနီး တောင်ယာခြံထဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ ဗိုလ်ကြီး တစ်ဦး သေဆုံးပြီး စစ်ထောက်လှမ်းရေး-စရဖ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှု အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ PNO ပြည်သူ့စစ် ခေါင်းဆောင် ဗိုလ်ကြီးအုန်းမောင် ထွက်ပြေး လွတ်မြောက်သွားပေမယ့် နောက်လိုက် ၃ ဦးကိုတော့ စစ်ကောင်စီတပ်က အရှင်ဖမ်းမိခဲ့ပါတယ်။

“စစ်ကောင်စီဘက်က ဝယ်လက် ဟန်ဆောင်ပြီး ဘယ်နေရာ ဘယ်နေရာ လာပို့ပါ ဆိုပြီးတော့ ပရိယာယ်နဲ့ လှည့်စားတာ။ အဲ့ဒါ ကားတစ်စီးအပြည့် သွားပို့တယ်။ ဟိုရောက်တော့ ပစ္စည်းတွေ အကုန်ယူပြီးတာနဲ့ ခြံထဲမှာ ပုန်းနေတဲ့ စစ်ကောင်စီက ဝိုင်းပစ်တာ။ အဲ့ဒါ အပြန်အလှန် ပစ်ခတ်တော့ အုန်းမောင် တစ်ယောက်ပဲ ကားနဲ့ ထွက်ပြေးပြီး လွတ်သွားတယ်။ ကျန်တဲ့ လူတွေက အခု တောင်ကြီး စရဖ ရုံးမှာ ဖမ်းထားတယ်။ မနေ့ကလည်း (PNO) စစ်ဦစီးချုပ် ဦးမြင့်အောင် နဲ့ စီးပွားရေး တာဝန်ခံ ဦးနေဝင်းထွန်း ရပခ နဲ့ သွားတွေ့တယ်လို့ ပြောတယ်” လို့ PNO ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှု အတွင်း PNO ပြည်သူ့စစ် ၃ ဦးနဲ့အတူ ကျပ်သိန်း ၆ ထောင် တန်ဖိုးရှိ ယာမဆေးပြားတွေ ဖမ်းမိခဲ့ပြီး ဖမ်းဆီးရမိ သူတွေကို စစ်ကောင်စီတပ်က တောင်ကြီး စရဖ ရုံးမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

PNO ဗဟို လုံခြုံရေးတပ်ရင်းရဲ့ ဘဏ္ဍာရေး တာဝန်ခံဖြစ်တဲ့ ဗိုလ်ကြီးအုန်းမောင် ဦးဆောင်တဲ့ အဖွဲ့ မူးယစ်ဆေး ရောင်းနေတယ်ဆိုတဲ့ သတင်းတဲ့အတွက် စစ်ကောင်စီက မူးယစ်ဆေးဝါး ဝယ်သူအဖြစ် ဟန်ဆောင်ကာ ဗုဒ္ဓတက္ကသိုလ် အနီး လာပို့ပေးဖို့ ချိန်းဆိုရာက ဖြစ်စဥ် ဖြစ်ပွားခဲ့တာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါပေမယ့် အခုဖြစ်စဉ်ဟာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က စစ်ဗိုလ်တွေ အကျိုးတူ မူးယစ်ဆေး ရောင်း၀ယ်ရာက အဝေမတည့်လို့ အချင်းချင်း လုပ်ကြံတာလို့လည်း သူက သုံးသပ်နေကြပါတယ်။

“သူတို့က အချင်းချင်းတွေပဲလေ။ PDF တွေကိုလည်း အတူတူတိုက်တယ်၊ မြို့ဝင် မြို့ထွက်မှာလည်း ဂိတ်အတူတူ စောင့်တယ်။ အဲ့ဒါကို အခုလိုဖမ်းတယ်။ သွားပို့တဲ့ လူကလည်း အရင်ပို့နေကျ လူမို့လို့ ကားအစီးလိုက် သွားပို့တယ်။ ဟိုရောက်တော့ အပစ်ခံရတယ် ဆိုတော့ ဒါက တစ်ယောက်နဲ့ တစ်ယောက် သစ္စာဖောက်ပြီး လုပ်တာပဲ ဖြစ်မယ်” လို့ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

PNO ဗဟိုလုံခြုံရေးတပ်ရင်းမှာ ဗိုလ်မှူးခွန်ဗိ ဆိုသူက တပ်ရင်းမှူးအဖြစ် ဦးဆောင်နေပြီး ဗိုလ်ကြီးအုန်းမောင် ဟာ ဗိုလ်မှူးခွန်ဗိ ရဲ့ လက်ထောက် ဖြစ်ပါတယ်။

ဒီဗဟိုလုံခြုံရေးတပ်ရင်းဟာ တောင်ကြီးနဲ့ ဟိုပုံးကြားက ၆ မိုင်မှာ တည်ရှိပြီး အခု ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာနဲ့ ၂ မိုင်ခန့် အကွာအဝေးမှာ တည်ရှိပါတယ်။

လက်ရှိ မူးယစ်ဆေးဝါး ဦးဆောင် သယ်လာသူ ဗိုလ်ကြီးအုန်းမောင် ဟာ ပေါင်မှာ သေနတ် ထိမှန်ထားပြီး နေအိမ်တွေမှာ စစ်ကောင်စီက လိုက်လံရှာဖွေပေမယ့် ယနေ့အထိ လွတ်မြောက်နေတယ်လို့ PNO နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး PNO ပြည်သူ့စ စ်တာဝန်ရှိသူတွေနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင် ကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အဲ့ဒီ ပစ်ခတ်မှု ဖြစ်ပြီးနောက် တောင်ကြီးမြို့ အဝင် အထွက်ကို စစ်ကောင်စီတပ်က ယနေ့အထိ တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

CJ-002

#MekongNews

#တောင်ကြီးမြို့

#ရပခ

#PNO_ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now