မဲဗခါင်၊ ဩဂုတ် ၃၀
တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာထဲ ဩဂုတ်လ ၃၀ ရက် မနက် ၁၀ နာရီကျော်က လက်နက်ကြီး ထပ်ကျလို့ ကျောင်းသူ တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။
ဒေသတွင်း TNLA နဲ့ တိုက်ပွဲ ဖြစ်ပြီးနောက် စစါကောင်စီ ခမရ (၁၂၃) တပ်က ရွာထဲကို အမြောက် ၄ ချက် ပစ်လို့ အရပ်သား ပြည်သူ ၄ ဦးထိမှန်ကာ ၇ တန်းအရွယ် ကလေးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သူက ပြောပါတယ်။
“ရန်နိမ်ရဲ့ ကုန်မာဆိုင် အနောက်ဘက် လက်နက်ကြီး ၄ လုံး လာကျတယ်” ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူ ၃ ဦးကိုတော့ လူမှုကူညီရေးအသင်းတွေက ကွတ်ခိုင်ဆေးရုံ ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
မနေ့ညနေပိုင်းက TNLA တွေ ရွာထဲ သွားလာပြီးနောက် စစ်ကောင်စီ ဘက်က လက်နက်ကြီးနဲ့ပစ်ရာက ရပ်ကွက် (၃) နဲ့ ရပ်ကွက် (၄) ဘက် လက်နက်ကြီး ၃ လုံး ကျရောက် ပေါက်ကွဲကာ နေအိမ် ၂ အိမ် ပျက်စီး သွားခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း နမ့်ဖတ်ကာမှာ စစ်ကောင်စီ ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်လို့ အရပ်သား တစ်ဦး သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် တချို့ ပျက်စီး ခဲ့ပါတယ်။
CJ-008
#MeKongNews
#TNLA
#ကွတ်ခိုင်မြို့နယ်
#လက်နက်ကြီး








