မဲခေါင်၊ ဩဂုတ် ၂၄
ရှမ်း-ကရင်နီနယ်စပ် တိုက်ပွဲတွေ အတွင်း ရှေ့တန်းရဲဘော်တွေမှာ ကျည်မလုံလောက်မှု ကြုံတွေ့နေရတယ်လို့ ဖယ်ခုံ PDF (၁၀၀၆) တပ်ရင်း ပြန်ကြားရေး တာ၀န်ရှိသူက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရှေ့တန်း စစ်ရေး လှုပ်ရှားမှုတွေမှာ ရဲဘော်တွေ အတွက် ကျည်အလုံအလောက် ရရှိမှသာ တိုက်ပွဲတွေ ဖော်ဆောင်တာ၊ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲတာတွေ ပြုလုပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အခြေခံအားဖြင့် ရဲဘော်တစ်ဦးက ကျည် ၃၀၀ လောက် ထည့်ပေးနိုင်မှ ရဲဘော် အတွက်လည်း စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရကော၊ ပစ်အားကော ရမှာပေ့ါနော်။ လက်ရှိ အခြေအနေကျတော့ ရဲဘော် တစ်ဦးကို ကျည် ၁၀၀ တောင် ပြည့်မီဖို့ ကြိုးစားနေရတယ်” လို့ သူကရှင်းပြပါတယ်။
လက်ရှိ ကျည်မလုံလောက်မှုကို ဖြေရှင်းနိုင်ဖို့ ဖယ်ခုံ (၁၀၀၆) တပ်ရင်း အနေနဲ့ “အောင်ပွဲဆင်မဲ့အား” လို့ နာမည် ပေးထားတဲ့ ကျည်ကမ်ပိန်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲမှာ အရေးကြီးဆုံးကတော့ ကျည်ပါပဲ။ ဒါကြောင့်လည်း ဒီကမ်ပိန်းကို လုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ ပြည်သူတွေကိုတော့ ထပ်ပြီး ၀ိုင်း၀န်းကူညီပေးကြဖို့ပဲ မေတ္တာရပ်ခံ လိုပါတယ်” လို့ ကမ်ပိန်း တာ၀န်ခံက ပြောပါတယ်။
MK-007
#MeKongNews
#ဖယ်ခုံမြို့နယ်
#အောင်ပွဲဆင်မဲ့အား








