မြန်မာ့နွေဦး

မိုင်းဆွဲခံရတဲ့ ကွန်တိန်နာရထား စစ်လက်နက်ပစ္စည်းတွေ တင်ဆောင်လာတာလို့ PDF ဆို

မဲခေါင် 19 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၉ ရန်ကုန်-မန္တလေး ရထားလမ်းမှာ မနေ့က ကွန်တင်နာ ရထားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဟာ ရထားပေါ်မှာ စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာလို့ ဖြစ်တယ်လို့ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF စစ်ဒေသခွဲ (၂) ပြန်ကြားရေး တာ၀န်ခံ စောဒိုရှင်း က မဲခေါင်သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၉

ရန်ကုန်-မန္တလေး ရထားလမ်းမှာ မနေ့က ကွန်တိန်နာ ရထားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာဟာ ရထားပေါ်မှာ စစ်လက်နက် ပစ္စည်းတွေ သယ်ဆောင်လာလို့ ဖြစ်တယ်လို့ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF စစ်ဒေသခွဲ (၂) ပြန်ကြားရေး တာ၀န်ခံ စောဒိုရှင်း က မဲခေါင်သတင်းဌာနကို ပြောဆိုလိုက်ပါတယ်။

အဆိုပါ ရထားဟာ စစ်လက်နက် ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ အတည်ပြုနိုင်ပေမဲ့ စစ်သားတွေ လိုက်ပါလာခြင်း ရှိမရှိကိုတော့ စုံစမ်းဆဲလို့ ဆိုပါတယ်။

မန္တလေးကနေ ရန်ကုန်ကို ဦးတည် မောင်းနှင်လာတဲ့ အဆိုပါ ရထားကို မနေ့က မနက်ပိုင်း ၉ နာရီ၀န်းကျင်က ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ် အစပ်မှာ မိုင်းဆွဲ တိုက်ခိုက်ရာ ရထားတွဲ အားလုံးနီးပါး တိမ်းမှောက်ကာ ရထားသံလမ်းပိုင်းတွေ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီက ယခင်က ထရပ်ကားတွေ အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာ ထောက်ပံ့မှုတွေ လုပ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စောင့်ကြို တိုက်ခိုက်မှုကြောင့် အခုလို ရထားတွေကို အသုံးပြုလာတာ ဖြစ်တယ်လို့ PDF စစ်ဒေသခွဲ(၂) ပြန်ကြားရေး တာ၀န်ခံက ပြောပါတယ်။

“အရင်က ထရပ်ကားနဲ့ လေကြောင်း သုံးပြီး ပို့ကြတာပေါ့။ ‌ကားနဲ့ကျတော့ ကြားမှာ ခဏခဏ ဖြတ်တိုက်ခံရတာ ရှိတယ်။ လေကြောင်းကျတော့လည်း လေယာဥ် ဆင်းလို့ရမရ ဘာညာက ရှိသေးတော့ နောက်ပိုင်း ရထားပဲ သုံးလာတယ်။ အခုမှတော့ မဟုတ်ပါဘူး။ အာဏာမသိမ်းခင် ကာလ ကတည်းက တိုင်းရင်းသား အဖွဲ့အစည်း တွေကို တိုက်ခိုက်ဖို့ ဒီလမ်းတွေပဲ သုံးခဲ့တာပါ” လို့ သူကရှင်းပြပါတယ်။

စစ်တပ်၀ါဒဖြန့် ချန်နယ်တွေမှာတော့ အဆိုပါ မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့ ရထားဟာ အရပ်ဘက် ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရထား ဖြစ်တယ်လို့ ၀ါဒဖြန့် ရေးသားနေကြပါတယ်။
MK-007

#MekongNews

#ရန်ကုန်-မန္တလေး

#ကွန်တိန်နာရထား

#PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now