မြန်မာ့နွေဦး

ရှမ်းတောင်က ဝန်ထမ်းတွေကို ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမိန့်ထုတ်

မဲခေါင် 14 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၄ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီရဲ့ တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်-ရပခ က အမိန့်ထုတ်လိုက်ပြီး အင်အား စာရင်းကို တောင်းခံနေတယ်လို့ သတင်းရရှိပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၄

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီရဲ့ တောင်ကြီးမြို့ အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်-ရပခ က အမိန့်ထုတ်လိုက်ပြီး အင်အား စာရင်းကို တောင်းခံနေတယ်လို့ သတင်းရရှိပါတယ်။

အဲ့ဒီ ဝန်ထမ်း အင်အား စာရင်းတွေကို ဩဂုတ်လ ၁၇ ရက် နောက်ဆုံးထား အပြီးကောက် ပေးပို့ရမယ်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း က စစ်ကောင်စီ ကိုယ်စား အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

ရပခ နယ်မြေအတွင်း ပြည်သူ့စစ် မဟာဗျူဟာ ဖော်ဆောင်ဖို့ အတွက် ဝန်ထမ်းများကို ပြည်သူ့စစ် တပ်ရင်းအသွင် ဖွဲ့စည်းခြင်း၊ အင်အား အခြေအနေပေါ် မူတည်ပြီး တာဝန်ခွဲခြင်းနဲ့ အရေးကြုံလာရင် အရန်အင်အားများနဲ့ ဖွဲ့စည်း တာဝန်ပေးဖို့ အစီအစဉ် ရေးဆွဲမယ်လို့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ရပခ နယ်မြေအတွင်းမှာရှိတဲ့ ပြည်နယ်ရုံးတွေ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာရှိတဲ့ ရဲတပ်ဖွဲ့မှလွဲပြီး ကျန်ဌာနဆိုင်ရာ အားလုံး ဝန်ထမ်းစာရင်းကို ရပခ ထံ ပေးပို့ရမယ်လို့ စစ်ကောင်စီရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။

ဝန်ထမ်း အင်အားစာရင်းမှာ ပညာရေးဌာနနဲ့ ကျန်းမာရေးဌာနပါ မကျန် ပေးပို့ရမှာဖြစ်ပြီး အဲ့ဒီလို ပေးပို့ရာမှာ အခြေပြုတဲ့ ကျေးရွာ ရပ်ကွက် စသဖြင့် အသေးစိတ် အချက်အလက်များကိုပါ ပေးပို့ရမှာ ဖြစ်ပါတယ်။

အဲ့ဒီအမိန့်စာတွေဟာ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရုံးကို ရောက်လာခဲ့ပြီး လက်ရှိမှာတော့ စာရင်းတွေ စတင် ကောက်ခံနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

“ကျွန်တော့် အသိတွေထဲမှာလည်း ကျောင်းဆရာ ဆရာမ လုပ်နေတဲ့သူတွေရှိတယ်။ သူတို့လည်း စာရင်း ပေးရတယ်တဲ့၊ သူများကို စာသင်ပေးချင်လို့ ဆရာအလုပ် ဝင်လျှောက်တာ အခုက တစ်ဖက်လှည့်နဲ့ စစ်သား စုဆောင်းခံရပြီလား ဆိုပြီး ပြောနေကြတယ်ဗျ” လို့ ပင်လောင်းမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက အခုလို လုပ်လာတာဟာ အာဏာကို ကာကွယ်ဖို့ လိုအပ်ရင် ဝန်ထမ်းတွေ အားလုံးကို လက်ကိုင်တုတ် ပြည်သူ့စစ် လုပ်ခိုင်းပြီး စစ်တိုက်ခိုင်းဖို့ ဖြစ်တယ်လို့ ရှမ်းပြည်နယ်မှ တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သုံးသပ်ပါတယ်။

“ဒါတွေက သူ့အာဏာကို စည်းအထပ်ထပ် ကာကွယ်ထားဖို့ လုပ်တာပါပဲ၊ ဘယ်သူသေသေ သူ့အာဏာခိုင်မာဖို့ လုပ်တဲ့ လုပ်ရပ်ပါပဲ။ ဝန်ထမ်းတွေလည်း စစ်ကောင်စီအတွက် စစ်တိုက်ကြ၊ စစ်ကောင်စီအတွက် သေကြ အဲ့လို ပြောတာနဲ့ တူတူပဲ” လို့ သူကပြောပါတယ်။

စစ်ကောင်စီ အခုလို ပြုလုပ်တာဟာ ရှမ်းပြည်နယ်မှာရှိတဲ့ တိုက်ခိုက်ရေး အင်အားတွေ ကရင်နီပြည် ပို့ထားရတာကြောင့် လစ်လပ်သွားတဲ့ နေရာတွေကို ဝန်ထမ်းတွေနဲ့ အစားထိုး ကာကွယ်ထားဖို့ ကြိုးစားတဲ့ လုပ်ရပ် ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“အခုဆို ကလော အခြေစိုက် တပ်မတွေကအစ ကရင်နီကို စစ်ချီရတော့ ရှမ်းပြည်ထဲမှာ သူအင်အား နည်းနေတာပေါ့လေ။ အဲ့ဒါတွေကို ပြန်ဖာထေးဖို့လည်း ဖြစ်မှာပေါ့။ အခုဆိုရင် ရှမ်းပြည်နယ်ထဲက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ တစ်ချို့ တောထဲက ရှေ့တန်းစခန်းတွေမှာလည်း ရဲတွေ ရောထိုင်နေရတာကို ကြည့်ရင် အသိသာကြီးပဲ” လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ကရင်နီပြည်နယ်မှာ စစ်ဆင်ရေး ဝင်နေရပြီး ကရင်နီ ပူးပေါင်းတပ်များရဲ့ ပြင်းပြင်းထန်ထန် ခုခံတော်လှန်မှုကြောင့် ထိခိုက်သေဆုံးမှု များနေပါတယ်။

CJ-002

#MeKongNews

#အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်

#ပြည်သူ့စစ်

#၀န်ထမ်း

#ရှင်းလင်းခံရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now