မြန်မာ့နွေဦး

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီရဲ့ ဘီလူးစစ်‌ကြောင်း ဒီးမော့ဆိုရောက်နေ

မဲခေါင် 20 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၀ စစ်ကိုင်းတိုင်းအတွင်း လူမဆန်စွာ သတ်ဖြတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းဟာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကို ရောက်ရှိနေပြီး လှည့်ပတ်စစ်ကြောင်းထိုးနေတယ်လို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်းအတွင်း လူမဆန်စွာ သတ်ဖြတ်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တပ်မ ၉၉ လက်အောက်ခံ ဘီလူးစစ်ကြောင်းဟာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲကို ရောက်ရှိနေပြီး လှည့်ပတ်စစ်ကြောင်းထိုးနေတယ်လို့ ဒီးမော့ဆို PDF နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းကိုပြောပါတယ်။

ဇူလိုင်လ အစပိုင်းကတည်းက ဘီလူးစစ်ကြောင်းအပါအဝင် တပ်မ ၉၉ တစ်ခုလုံးနီးပါး စစ်ကောင်စီက ကရင်နီပြည်နယ်ထဲကို ပို့ဆောင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်ထဲကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

ဘီလူးစစ်ကြောင်းဟာ တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်း ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြခဲ့တဲ့ စစ်ကြောင်းလည်းဖြစ်ပါတယ်။

ဒီစစ်ကြောင်းဟာ တပ်မ (၉၉) လက်အောက်ခံ အမှတ် (၇၀၈) ခြေမြန်တပ်ရင်းကဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း လှည့်ပတ်စစ်ကြောင်းထိုးခဲ့စဉ်အတွင်း ပြည်သူ ၅၀ ဦးထက်မနည်းကို လူမဆန်စွာသတ်ဖြတ်ခဲ့တယ်လို့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက ပြောပါတယ်။

ဒီလို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ အထင်ရှားဆုံးဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

“ပထမဖြစ်ရပ်ကတော့ မြင်းမူ လက္ကပင်ရွာ၊ နောက်တစ်ခုက တာတိုင်ရွာ ကိစ္စဆိုလည်း အားလုံးသိကြမှာပါ။ ရက်ရက်စက်စက်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားတာ” လို့ သူကပြောပါတယ်။

စစ်ကိုင်းမြို့နယ် လက္ကပင်‌ကျေးရွာ နဲ့ တာတိုင်ကျေးရွာကို မတ်လဆန်းပိုင်းက စစ်ကြောင်းထိုးလာတဲ့ ဘီလူးစစ်ကြောင်းဟာ လက္ကပင်ကျေးရွာနေပြည်သူ ၁၀ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး တာတိုင်ရွာက ကျေးလက်ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ရဲဘော် မိုက်ကယ်(ခ)ကိုကျော်ဇောနဲ့ အမျိုးသမီး ၃ ဦးအပါအဝင်ပြည်သူ ၁၇ ဦးကို သတ်ဖြတ်ခဲ့တာပါ။

တာတိုင်ကျေးရွာ PDF ခေါင်းဆောင်ကိုကျော်ဇောကို ဦးခေါင်း၊ လက်နဲ့ခြေထောက်တွေကို ဖြတ်တောက်၊ အူထုတ်သတ်ဖြတ်ခဲ့တာဖြစ်ပြီး အမျိုးသမီး ၃ ဦးကိုတော့ အုပ်စုဖွဲ့အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

အလားတူ တာတိုင်ကျေးရွာက ဘီလူးစစ်ကြောင်း ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကျန်ပြည်သူ ၁၃ ဦးကိုလည်း ဦးခေါင်းဖြတ်သတ်ဖြတ်တာ၊ ခြေလက်တွေဖြတ်ပြီး ပစ်သတ်တာတွေကို လုပ်ဆောင်ခဲ့ကာ အလောင်းတွေကို မြစ်ထဲမျှောပစ်တာ၊ လမ်းဘေးပစ်ထားခဲ့တာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၃၀ ရက်မှာလည်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းကို ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ဆင်ရိုင်း၊ တပ်သား ၂ ဦးနဲ့သတ်ဖြတ်ခဲ့ကာ CDM ဗိုလ်ကြီးတစ်ဦးကိုလည်း ဘီလူးစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

တပ်သား ၂ ဦးကိုတော့ စခန်းမှာပဲ သတ်ဖြတ်ခဲ့တာဖြစ်ပေမယ့် ဗိုလ်ဆင်ရိုင်းကိုတော့ ဖမ်းဆီးသွားပြီး မြောင်မြို့နယ်၊ ဆွဲလွဲအို ရွာအနီးမှာ ဘီလူးစစ်ကြောင်းတပ်သားတစ်ဦးက နောက်ကနေ ဓားမနဲ့‌ခေါင်းကို ခုတ်သတ်ခဲ့ပြီး ဦးခေါင်းကို ဖြတ်ကာယူဆောင်သွားခဲ့တာကိုလည်း ဒရုန်းမှတ်တမ်းတွေအရတွေ့မြင်ရတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီလို လူမဆန်စွာ အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကြောင်းကို တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲကို ဇူလိုင်လ အစပိုင်းမှာ စစ်ကောင်စီက ပို့ဆောင်ခဲ့တာပါ။

မနေ့က ဇူလိုင်လ ၁၉ ရက်မှာလည်း ဒီးမော့ဆိုမြို့အစွန်‌ကျေးရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မ (၉၉) လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တယ်လို့ ကနဦးသိရပေမဲ့ ဒီးမော့ဆိုမြို့နယ်တစ်ခုလုံး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီဘက်က တိုက်ခိုက်နေတဲ့ စစ်ကြောင်းနံပါတ်တွေကိုတော့ မသိရသေးဘူးလို့ DMO PDF နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ဘီလူးစစ်ကြောင်းရောက်နေတာတော့မှန်တယ်။ မနေ့ကလည်း ပွဲဖြစ်သွားတယ်။ လိုင်းတွေပြတ်နေတော့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး” လို့ သူကရှင်းပြပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာဟာ ဒီးမော့ဆိုမြို့နဲ့ နီးကပ်တဲ့နေရာမှာရှိပြီး တိုက်ပွဲတွေကြောင့် အနီးက ကျေးရွာ ၂၀ ခန့်က ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်ကို ၂၀၂၁ ခုနှစ်ကတည်းက စစ်တပ် တိုက်ခိုက်ရေးတပ်မ ဖြစ်တဲ့ တပ်မ (၆၆) လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေက အဓိကပါဝင်ပြီး ရှမ်းအခြေစိုက် တပ်ရင်းတွေ၊ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ကရင်နီတော်လှန်ရေး အင်အားစုတွေရဲ့ စုဖွဲ့တိုက်ခိုက်မှုကြောင့် ခုခံတော်လှန်စစ် ၂ နှစ်နီးပါး ကြာမြင့်လာချိန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အားထားရတဲ့ တပ်မ (၆၆)ဟာ ထိခိုက်သေဆုံးမှုများပြားလွန်းပြီး တပ်ဖွဲ့စည်းပုံပျက်တဲ့ အထိဖြစ်သွားတယ်လို့ ကရင်နီတော်လှန်ရေးတပ်သားတစ်ဦးက ပြောပါတယ်။

စစ်တပ်ဖွဲ့စည်းပုံအရ တပ်မတစ်ခုကို အင်အား ၂၀၀ ဝန်းကျင်ခန့်ရှိတဲ့ တပ်ရင်း ၁၀ ရင်းနဲ့ ဖွဲ့စည်းလေ့ရှိပါတယ်။ ဒါပေမယ့် တိုင်းစစ်ဌာနချုပ်နဲ့ ဒေသကွပ်ကွဲမှု ဌာနချုပ်(ဒကစ) တွေကတော့ နယ်မြေနဲ့ တပ်အနေအထားကိုမူတည်ကာ လက်အောက်ခံ တပ်ရင်းအရေအတွက်လည်း တူညီလေ့မရှိတာကြောင့် မဲခေါင်သတင်းအနေနဲ့ စစ်ကောင်စီတပ်မတွေရဲ့ အင်အားကို အတိအကျမသိသေးပါဘူး။

တိုးတတ်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်နယ်မှာ ၂ နှစ်ကျော်တိုက်ပွဲပေါင်း ၁,၀၀၀ နီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂,၀၀၀ နီးပါးကို တော်လှန်ရေးအင်အားစုတွေက သုတ်သင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ကရင်နီပြည်နယ်အတွင်းမှာ တပ်မ (၆၆) လက်ကျန်အင်အားတွေ၊ တပ်မ(၉၉) လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေ၊ ပင်လောင်း-ဖယ်ခုံဘက်က ထုတ်နုတ်အင်အားတွေ၊ ရခိုင်ဘက်က တပ်မ (၅၅)နဲ့ တပ်မ (၇၇) ထုတ်နုတ်အင်အားတွေကို ပူးပေါင်းကာ လူအင်အား အများအပြားနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေဟာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ မိုးဗြဲမြို့နယ်၊ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ ရွာသစ်မြို့နယ်နဲ့ မယ်စဲ့မြို့နယ်တွေကို ဦးတည်စစ်ကြောင်းထိုးနေတယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဒီလို စစ်ကောင်စီက လူအင်အားအများအပြားနဲ့ ထိုးစစ်ဆင်နေသလို တစ်ဖက်မှာလည်း လက်နက်ကြီးပစ်ကူတွေ၊ လေကြောင်းပစ်ကူတွေ အလွန်အကျွံသုံးကာ ကရင်နီပြည်နယ်ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့ အရပ်ဘက်၊ စစ်ဘက်မခွဲခြားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်အကြိမ်ရေ ၅၅၀ ကျော်ပြုလုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူစုစုပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ PKPF က ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ဒီလို စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လည်း လူဦးရေ ၃ သိန်းကျော်နေထိုင်တဲ့ ကရင်နီပြည်နယ်မှာ သုံးပုံ ၂ ပုံခန့်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နီးစပ်ရာမြို့နယ်တွေ၊ စစ်ရှောင်စခန်းတွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။

MK-007

#MeKongNews

#ဘီလူးစစ်ကြောင်း

#ဒီးမော့ဆို

#ကရင်နီပြည်နယ်

#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now