မဲခေါင်၊ ဇူလိုင် ၁၈
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်က ဇူလိုင်လ အတွင်း စစ်ဆေးတာတွေ တင်းကြပ်နေပြီး ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့မှာ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွိုင်ကော်မြို့၊ နာနတ်တောလမ်းဆုံ ထေးပလော်ခူကို တက်တဲ့ လမ်းအနီးမှာ စစ်ယူနီဖောင်းတွေနဲ့ အင်အား ၂၀ ကျော်က စစ်ဆေးနေပြီး မြို့တွင်း နေရာတိုင်းနီးပါးမှာ ရှောင်တခင် စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“ယောကျ်ားလေးဆို ပိုဆိုးတာပေါ့၊ စစ်တာ ရစ်တာ နာရီဝက်တောင်ကြာတယ်။ ဖုန်းစစ်ရင်း မသင်္ကါရင် အရင်ဆုံး ဖမ်းတယ်၊ စစ်ပြီး မတွေ့တော့မှ လွှတ်တာ၊ တချို့လူပေါ့။ ဖမ်းဆီးထားတာတွေလည်းရှိတယ်” လို့ ဒေသခံက ပါတယ်။
ဂေါက်ကွင်း တက္ကသိုလ် အဝိုင်းပတ်နားမှာလည်း ရဲယူနီဖောင်းနဲ့ ၈ ဦး စစ်ဆေးနေပြီး နေ့စဉ် စစ်ဆေး နေတယ်လို့ သိရပါတယ်။
ဖုန်းတွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ စစ်ဆေးပြီး အသက်ငယ်ရွယ်တဲ့ ယောကျာ်းလေးတွေနဲ့ လူလတ်ပိုင်းတွေ ဆိုရင် ပိုပြီးစစ်ဆေးကာ တင့်ကား နဲ့လည်း မြို့ထဲ လည့်ပတ်သွားနေတယ်လို့ သိရပါတယ်။
CJ-004
#MeKongNews
#လွိုင်ကော်မြို့
#တင့်ကား
#စစ်ကောင်စီ








