မြန်မာ့နွေဦး

နေရပ်စွန့်ခွာခဲ့ရပေမဲ့ မလုံခြုံသေးတဲ့ ကရင်နီ စစ်ရှောင်တွေ

မဲခေါင် 18 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၈ ကရင်နီပြည်နယ် အနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်နီ ပြည်သူ တွေကို စစ်ကောင်စီက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် နေရာ မကြာခဏ ပြောင်းရွှေ့နေရတယ်လို့ ကရင်နီ စစ်ရှောင်ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၈

ကရင်နီပြည်နယ် အနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ကရင်နီ ပြည်သူ တွေကို စစ်ကောင်စီက အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် နေရာ မကြာခဏ ပြောင်းရွှေ့နေရတယ်လို့ ကရင်နီ စစ်ရှောင်ကူညီနေသူ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဗိုလ်ချုပ်တွေရဲ့ နေပြည်တော်ကို စစ်ရေးအရ များစွာ ဖိအားပေးနိုင်တဲ့ ကရင်နီပြည်နယ်ကို စစ်ကောင်စီက ဖိနှိပ်ဖို့ ဆက်တိုက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာ ပြည်နယ်နဲ့ တိုင်း ၁၄ ခုထဲမှာ နယ်မြေအကျဉ်းဆုံး ဖြစ်ပေမဲ့ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတာ၊ တောတောင်ထူထပ်တာနဲ့ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့ လမ်းကြောင်း တွေကြောင့် စစ်ကောင်စီက စစ်ရေးအရ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက အင်အား အမြောက်အများနဲ့ ထိုးစစ်ဆင်မှုတွေကို တော်လှန်ရေး အင်အားစုတွေ ခုခံ တိုက်ခိုက်နိုင်ပေမဲ့ တစ်ဖက်မှာလည်း စစ်ကောင်စီက ‌ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲကာ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်‌နေတာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလ အတွင်း လူဦး‌ရေ ၃ သိန်းကျော် နေထိုင်တဲ့ ကရင်နီပြည်နယ်ထဲက ဒေသခံပြည်သူ ၂ သိန်းကျော်ဟာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး နီးစပ်ရာ မြို့နယ်တွေမှာ ခိုလှုံနေကြရာ အများစုကတော့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။

စစ်ရှောင်စခန်းတွေ ဆောက်လုပ် နေထိုင်ပေမဲ့ စစ်ကောင်စီက စစ်ရှောင် ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်နေတာကြောင့် ထိခိုက် သေဆုံးမှုတွေလည်း ရှိတယ်လို့ JOB FOR KAYAH အဖွဲ့ တာဝန်ခံက မဲခေါင်သတင်းကို ပြောပါတယ်။

“ကျွန်တော်တို့ စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနဲ့ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ လေယာဉ်တွေနဲ့ ဗုံးကြဲ တိုက်ခိုက်တယ်။ လုပ်လာတာတာ့ ကြာပြီ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာ ခပ်စိတ်စိတ်လေး ပြုလုပ်လာတယ်ပေါ့နော်။ ဇူလိုင်လ အစပိုင်းကလည်း မနက် ၂ နာရီလောက်ကြီး လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ဘာတပ်စခန်းမှ မရှိတဲ့နေရာကို လာပစ်တာ။ ဆေးရုံ၊ ဆေးခန်းလည်း မရှိဘူး။ စစ်ဘေးရှောင်တွေပဲ နေထိုင်တဲ့ CAMP တွေကို လေကြောင်းကနေ တမင်သက်သက် ပေါင် ၅၀၀ ဗုံးတစ်လုံးရယ်၊ ပေါင် ၁၀၀ ဗုံးတစ်လုံးရယ် သုံးပြီး ၄ လုံး လာကြဲတာပေါ့နော်။ သူတို့ ( စစ်ကောင်စီ) က ပြည်သူ၊ စစ်ဘေးရှောင်၊ စစ်ရေး ပစ်မှတ်ဆိုတာ မခွဲခြားတော့ဘဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် စစ်ရှောင်ပြည်သူတွေ ကလည်း စစ်ရှောင်စခန်းမှာသာ နေရပေမဲ့ မလုံခြုံဘူး။ အသက်အန္တရာယ်ကိုလည်း စိုးရိမ်နေရပါတယ်” လို့ သူကရှင်းပြပါတယ်။

လက်ရှိ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီးမော့ဆို အရှေ့ခြမ်း ဖရူဆို၊ မယ်စဲ့၊ ရွာသစ်၊ ဘောလခဲ၊ ရှားတော၊ ဖားဆောင်မြို့နယ်တွေက ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ကရင်နီ စစ်ရှောင်စခန်းတွေ၊ ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်က စစ်ရှောင်စခန်းတွေနဲ့ ထိုင်း-ကရင်နီ နယ်စပ်မျဉ်းပေါ်က စစ်ရှောင် စခန်းတွေမှာ လူဦးရေ ၂,၃၀၀၀ ခန့် ခိုလှုံနေရတဲ့ အပြင် ထိုင်းနိုင်ငံအတွင်းမှာ စစ်ရှောင်ဦးရေ ၆,၀၀၀ ခန့်ရှိလာပြီလို့ ဆိုပါတယ်။

၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက စစ်ရှောင်စခန်းတွေနဲ့ ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၄၀၀ ခန့်၊ လက်နက်ကြီးနဲ့ အကြိမ်ရေများစွာ ပစ်ခတ်ခဲ့သလို ဒေသခံ ပြည်သူ ၃၀၀ ကျော်ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့တယ်လို့ မေလ ၁ ရက်က ထုတ်ပြန်ထားတဲ့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု- PKPF ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ရှမ်း-ကရင်နီနယ်စပ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းထဲမှာ မတ်လ ၁၁ ရက်က သံဃာတော် ၃ ပါးနဲ့ အရပ်သားပြည်သူ ၁၉ ဦးကိုး စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပါ သေးတယ်။

ဒါ့အပြင် တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တဲ့ ဘီလူးချောင်းပေါ်က မိုးဗြဲမြို့ပေါ်မှာ ဇူလိုင်လ တစ်လအတွင်း အသက်မပြည့်သေးတဲ့ ကလေးငယ် ၃ ဦး၊ အမျိုးသား ၈ ဦး နဲ့ အမျိုးသမီး ၅ ဦးကို ပစ်သတ်ပြီး သေဆုံး အမျိုးသမီး ၅ ဦးထဲက ၂ ဦးကိုတော့ စစ်ကောင်စီတပ်သားတွေက အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီးမှ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အကြောင်းမဲ့ ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ စစ်အာဏာရှင် အဆက်ဆက် အသုံးပြု လာတဲ့ အကြောက်တရား ပြည်သူတွေစိတ်ထဲ ရိုက်သွင်းနေတာ ဖြစ်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကာကွယ်ရမဲ့ နေရာတွေ တိုးလာအောင် လုပ်နေတာ ဖြစ်တယ်လို့ ကရင်နီ တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက စစ်ရှောင်စခန်းတွေကို ဦးတည်ပြီး မြေပြင်စစ်ကြောင်းထိုးဖို့ပါ ကြိုးစားနေပေမဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် တိုက်ရိုက် စစ်ကြောင်းမထိုးနိုင်ဘဲ လက်နက်ကြီးနဲ့ပစ်၊ လေကြောင်း တိုက်ခိုက်မှုကိုသာ ဆက်တိုက် လုပ်နေတာလို့ သူကပြောပါတယ်။

“စစ်ကောင်စီက စစ်ရှောင်စခန်းတွေ ဘယ်နားရှိလဲဆိုတာ သိတယ်။ ဘာလို့ဆို ကရင်နီ တစ်ခုလုံးမှာ တိုက်ပွဲ မဖြစ်တဲ့ နေရာဆိုတာ မရှိသ‌လောက်ပဲ။ သူတို့ (စစ်ကောင်စီ)လည်းတွေးမှာပဲ။ တိုက်ပွဲ မဖြစ်တဲ့နေရာဆို စစ်ရှောင်တွေ နေမယ်ဆိုတာ သိတယ်။ အခုက စစ်ရေးပစ်မှတ်နဲ့ ပြည်သူနဲ့မကွဲလို့ လုပ်နေတာလည်း မဟုတ်ဘူး။ သိသိကြီးနဲ့ကို လုပ်နေတာ။ ဥပမာဗျာ ဒီးမော့ဆို အနောက်ခြမ်းမှာ စစ်ရှောင်တွေပဲ နေတယ်ဆိုတာ ပုံမှန် ပြည်သူတွေတောင်သိတယ်။ ဒါပေမဲ့လည်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်တာတွေက လုပ်နေတယ်၊ လုပ်နေဆဲပဲ။ ပြီးတော့ မတ်လ အစပိုင်းလောက်ကဖြစ်မယ်။ ဒီးမော့ဆို အနောက်ခြမ်းကို စစ်ကြောင်းထိုးဖို့ ပြင်လိုက်သေးတယ်။ အရှေ့ခြမ်းတစ်ခြမ်းလုံး တိုက်ပွဲတွေမှာ အထိနာတွေကြောင့်သာ မရောက်လာတာ” လို့ တော်လှန်ရေး ရဲဘော်က သုံးသပ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စစ်ရှောင် ကူညီနေတွေနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာကြောင့် စစ်ရှောင်စခန်းတွေမှာ အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ ရိက္ခာတွေ ပြတ်တောက်နေတယ်လို့ စစ်ဘေးရှောင် ပြည်သူ တစ်ဦးက ပြောပါတယ်။

ဒီလို အဘက်ဘက်က ခက်ခဲနေတာ၊ အသက်အန္တရာယ် မလုံခြုံမှုတွေ ခံစားနေတာကြောင့် စစ်ရှောင် ပြည်သူတွေဟာ စိတ်ဒဏ်ရာ ရလာတယ်လို့ သူကပြောပါတယ်။

“ဘယ်ပြောကောင်းမလဲ။ စိတ်ဓာတ်ကျတာပေါ့။ ဘာမှ လုပ်စား၊ ကိုင်စားလို့ မရတာ ၂ နှစ်ကျော်။ ကြားထဲမှာလည်း လေယာဉ်ကြောက်ရ၊ လက်နက်ကြီး ကြောက်ရနဲ့။ လောလောဆယ်တော့ ဒီးမော့ဆို အနောက်ခြမ်း တောထဲက စစ်ရှောင်စခန်းမှာ နေတာပါ။ အရင်ကတော့ ဒေါတမကြီးကျေးရွာအုပ်စုမှာ နေခဲ့တာပေါ့။ တောင်ယာတွေရော၊ တိရစ္ဆာန်တွေရော ကျန်ခဲ့တယ်။ တဲလေးဆို အသစ် ပြင်ထားတာမှ မကြာသေးဘူး။ အခုလောက်ဆို မီးလောင်ရောပေါ့။ ကျွန်မတို့က လူကြီးဆိုတော့ တောင့်ခံနိုင်ပေမဲ့ ကလေး တွေက ပိုဆိုးတယ်။ ကိုဗစ်မှာ ၃ နှစ်လောက် ကျောင်းနားလိုက်ရတယ်။ ပြီးတော့ ဟိုကောင်အာဏာသိမ်းတော့ ဆန္ဒပြနေတော့ ကျောင်းမတက်ရဘူး။ ပြီးတော့ တိုက်ပွဲတွေလည်း ဖြစ်လာရော အခုထိကို ပြီးသွားရော။ စခန်း မှာတော့ ကျောင်းလေးတွေ လုပ်ပေးထားတယ်။ ဒါပေမဲ့လည်း စာသင်နေရင်း ထထပြေးရတာပဲ” လို့ သူကရှင်းပြပါတယ်။

ဒီလို ကျောင်းမတက်ရတဲ့ အခြေအနေတွေ၊ ရိက္ခာလုံလောက်မှု မရှိမှုတွေ အပြင် စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရသွားတဲ့ ဖြစ်စဉ်တွေကို ကလေးတွေက မျက်မြင်ကြုံရပြီး အသံကျယ်ကျယ်လောင်လောင် တစ်ခုခုကြားတာနဲ့ ကြောက်စိတ်လွန်ကဲ နေတယ်လို့ စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ နှောင်းပိုင်းက စပြီး ကရင်နီတော်လှန်ရေး အင်အားစုတွေက စစ်ရှိန်မြှင့်လာပြီး ထိန်းချုပ်နယ်မြေတွေ ရလာနိုင်တဲ့ အခြေအနေတွေကြောင့် လက်ရှိ စစ်ကြောင်းထိုးနေတဲ့ တပ်မ(၆၆) လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေ ၊ ရှမ်းအခြေစိုက်တပ်ရင်းတွေ၊ PNO ပြည်သူ့စစ် အဖွဲ့တွေအပြင် ရခိုင်ဘက်မှာ ချထားတဲ့ တပ်မ (၅၅)၊ တပ်မ (၇၇) တပ်ရင်း တစ်ချို့ကိုပါ ထုတ်နုတ်ပြီး လေကြောင်း၊ ကုန်းကြောင်းနဲ့ စစ်အင်အားတွေ ဆက်တိုက်ပို့ဆောင် နေတာ ဖြစ်ပါတယ်။

MK-007

#MekongNews

#ကရင်နီပြည်

#စစ်ဘေးရှောင်

#PNO-ပြည်သူ့စစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now