မဲခေါင်၊ ဇူလိုင် ၇
နေပြည်တော်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ထောက်ချုပ်ပါတဲ့ ယာဉ်တန်းကို အမြန်လမ်း ၁၆၉ မိုင်၊ ၄ ဖာလုံမှာ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁ က ဒီနေ့မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသ သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
အမြန်လမ်းပေါ်မှာ သွားနေတဲ့ယာဉ်တန်းကို ရှေ့ထွက်မိုင်း ၄ လုံး၊ ပြောင်း ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ပြန်လည်တိုက်ခိုက်လာတာကြောင့် ရိုးမထုတ် ၆၀ မမ လက်နက်ကြီးတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အခုလို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကျဆုံးဒဏ်ရာစာရင်းကို အတည်ပြုနေဆဲဖြစ်ပြီး PDF အထူးတပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးတာမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ထောက်ချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေတာ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ ယာဉ်တန်းမှာ ကျော်စွာလင်း လိုက်ပါလာခြင်း ရှိ၊ မရှိကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
စစ်ဒေသခွဲ ၂ တောင်ပိုင်းဟာ တန်ပြန်ထိုးစစ်အရှိန်မြှင့်မှာဖြစ်တဲ့အတွက် စစ်ကောင်စီယာဉ်တန်းတွေနဲ့ နီးကပ်စွာသွားလာခြင်း မပြုကြဖို့ ဇူလိုင် ၁ ရက်နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
#MeKongNews
#စစ်ထောက်ချုပ်
#ကျော်စွာလင်း
#ဒုတိယဗိုလ်ချုပ်ကြီး








