မြန်မာ့နွေဦး

တောင်ကြီးမှာ နေအိမ်တစ်လုံး ဖောက်ထွင်းခံရပြီး ငွေကျပ် သိန်း ၁၀၀ နီးပါး ပါသွား

မဲခေါင် 22 Jun - 2023
မဲခေါင်၊ ဇွန် ၂၂ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ-၁၃၊ နီလာလမ်းသွယ် ၂ ထဲက နေအိမ်တစ်လုံး ဇွန် ၂၂ ရက်က ဖောက်ထွင်းခံရလို့ ငွေကျပ် သိန်း ၁၀၀ ခန့် ပါသွားတယ်ကြောင်း ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၂၂

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ-၁၃၊ နီလာလမ်းသွယ် ၂ ထဲက နေအိမ်တစ်လုံး ဇွန် ၂၂ ရက်က ဖောက်ထွင်းခံရလို့ ငွေကျပ် သိန်း ၁၀၀ ခန့် ပါသွားတယ်ကြောင်း ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

အိမ်နီးနားချင်း တစ်ဦးက “သူတို့က အခုမှ ဒီရပ်ကွက်ထဲ ပြောင်းလာကြတာ တစ်လလောက်ပဲ ရှိဦးမယ်။ နေ့ဘက်လည်း အလုပ်သွားနေကြတော့ ဘယ်သူမှလည်း သူတို့ လင်မယားကို မမြင်ဖူးဘူး။ အမျိုးသားကတော့ ဆရာဝန်လို့ ပြောကြတာပဲ။ သူတို့ နေပြည်တော် ၁၀ ရက် ပြန်သွားပြီး မနက်ပြန်လာတော့မှ ခိုးသွားမှန်း သိတာ” လို့ ပြောပါတယ်။

ခိုးခံရတဲ့ ပစ္စည်းတွေထဲမှာ တီဗွီ TV၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရေတင်စက်၊ ဗီရို၊ ထမင်းပေါင်းအိုး၊ ဒယ်နီ၊ နာရီ စတဲ့ ပစ္စည်းတွေ ပါဝင်ပြီး အတွင်းပစ္စည်း တစ်ခုမကျန် အကုန်ယူသွားတယ်လို့ ဆိုပါတယ်။

“အတွင်းလူထဲကပဲ ဖြစ်မှာပေါ့။ သူတို့ လင်မယား အခုမှ ပြောင်းလာမှန်း သိတဲ့သူ၊ ခရီးသွားတာလည်း သိတဲ့လူထဲကပေါ့။ သူတို့က လူသစ်ဆိုတော့ အိမ်နီးနားချင်းတွေလည်း မမြင်ဖူးကြတော့ ပစ္စည်း သယ်ထုတ်သွားရင်တောင် အိမ်ရှင်လို့ပဲ ထင်ကြမှာလေ” လို့ အိမ်နီးနားချင်း တစ်ဦးက ဆက်ပြောပြပါတယ်။

ဒီနေ့ နေ့လည်ပိုင်းမှာတော့ ဖောက်ထွင်းခံရတဲ့ နေအိမ်ကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီး အမှုဖွင့်ခလည်း သပ်သပ်ထပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

ကျောင်းကြီးစုရပ်ကွက်၊ နီလာလာလမ်းနဲ့ နီလာလမ်းသွယ်တွေထဲမှာ အခုလို ဖောက်ထွင်းခံရတာဟာ ပထမဆုံး အကြိမ်ဖြစ်တာကြောင့် အတွင်းလူတွေထဲကပဲ ဖြစ်နိုင်တယ်လို့ ရပ်ကွက်နေပြည်သူတွေက သုံးသပ် ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၉ ရက်နေ့တုန်းကလည်း မြို့မဈေး အရှေ့ဘက်၊ City Square ရဲ့ မြေညီထပ်မှာ ဖွင့်လှစ်ထားတဲ့ NICE It ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး ငွေကျပ်သိန်းထောင်ချီ ဆုံးရှုံးခဲ့ပါသေးတယ်။

CJ-007

#MeKongNews

#တောင်ကြီး

#ဖောက်ထွင်းမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now