မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်တွေအတွက် ရိက္ခာဝယ်ယူပို့ဆောင်နိုင်ဖို့ ပိုခက်ခဲလာ

မဲခေါင် 2 May - 2023
မဲခေါင်၊ မေ ၁ ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်နယ်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ဆန်ကစလို့ အခြေခံစားသောက်ကုန်ရိက္ခာတွေဝယ်ယူနိုင်ဖို့ ပိုခက်ခဲလာပြီး ဈေးတက်တာတွေရှိလာတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၁

ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်နယ်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ဆန်ကစလို့ အခြေခံစားသောက်ကုန်ရိက္ခာတွေဝယ်ယူနိုင်ဖို့ ပိုခက်ခဲလာပြီး ဈေးတက်တာတွေရှိလာတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ကရင်နီပြည်နယ်ထဲက ပင်မလမ်းကြောင်းတွေအားလုံးကိုပိတ်ဆို့ထားကာ ဆန် နဲ့ အခြေခံစားသောက်ကုန်တွေအပါအဝင် ဆေးဝါးတွေကို ကန့်သတ်ချက်ကျော်လွန်ပြီး အများအပြားသယ်ယူခွင့်မပြုတာ၊ သိမ်းဆည်းလိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုနှစ်မတ်လကုန်ပိုင်းကစပြီး ဒီနေ့အထိ စစ်ကောင်စီနဲ့ KNDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေနှစ်လဆက်တိုက်ဖြစ်ပွားနေတာကြောင့် ကရင်နီထဲကို ရိက္ခာတွေဝင်နိုင်ဖို့ လမ်းကြောင်းအားလုံးနီးပါးပိတ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။

“ဝယ်ခြမ်းတဲ့အပိုင်းမှာ အခက်အခဲဖြစ်တယ်။ စစ်ကောင်စီက ထုတ်ပြန်တဲ့ဟာတွေရှိတယ်။ လုံးဝ တားမြစ်ထားတဲ့ဟာတွေရှိတော့ အရင်တစ်လ နှစ်လနဲ့စာရင် ပိုပြီးတော့ အခက်အခဲဖြစ်လာတာမျိုးကြုံတွေ့ရတယ်။ သူတို့အဲ့လိုလုပ်တော့ ဆန်က ဆန်ဈေးနှုန်းတွေ အရင်တစ်လနဲ့စာရင် အခုတစ်လ တစ်သောင်းဝန်းကျင်လောက်ပိုပြီးတက်သွားတယ်” လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ကရင်နီပြည်နယ်တွင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေနဲ့ လောင်စာဆီဈေးနှုန်းတွေဟာ ၂၀၂၃ ခုနှစ် အစပိုင်းလောက်မှာကတည်းက ဈေးသိသိသာသာတက်လာပြီး စစ်ရှောင်တွေကို ထောက်ပံ့ပေးဖို့အတွက် ဆန်အိတ်ဈေးနှုန်းဟာ ကရင်နီမှာ ခုခံတော်လှန်စစ်စဖြစ်တဲ့ ၂၀၂၁ ခုနှစ်၊ မေလလောက်က ၃၀,၀၀၀ ကျော် ဝန်းကျင်သာရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဆန်တစ်အိတ်ကို အနည်းဆုံး ၆,၅၀၀၀ ကျပ်ထိရှိလာတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်တွင်းက အခုလိုတိုက်ပွဲတွေနဲ့ လမ်းကြောင်းပိတ်ဆို့မှုတွေ ဆက်တိုက်ဖြစ်နေတာ အချိန်ထပ်ကြာလာရင် စစ်ရှောင်တွေအတွက် ဆန်အပါအဝင် ရိက္ခာတွေပြတ်လပ်သွားနိုင်ပြီး အခုချိန်မှာတောင် ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းတချို့ကို လက်ကျန်ရှိထားတဲ့ အရန်ဆန်တွေနဲ့ ဝေမျှပေးနေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပြကြပါတယ်။

“စစ်ကောင်စီက အပွင့်လင်းဆုံးပြောရရင် ဆန်တွေ၊ ရိက္ခာတွေဝယ်လို့ရတဲ့နေရာတွေ ကျွန်တော်တို့ဆီကိုမရောက်အောင် အဲ့ဒီလမ်းကြောင်းမှာ ထိန်းချုပ်တာတွေရှိတယ်။ သူတို့ ပေးမဖြတ်တာတွေ။ ပေးမဝင်တာတွေလုပ်ထားတာ အများကြီးပဲရှိတယ်။ အဲ့လိုပုံစံတွေ အများကြီးကြုံရပါတယ်။ လမ်းတွေပိတ်တာတွေလည်းရှိတယ်။ အစစ်အဆေးတွေအရမ်းကြပ်လာတာလည်းရှိတယ်” လို့ Freelancevolunteermyanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ရှမ်း-ကရင်နီ နယ်စပ်တလျှောက်မှာ လူဦးရေ သိန်းနဲ့ချီစစ်ဘေးရှောင်နေရာ ဆန်မလုံလောက်မှုကြောင့် အခုနှစ် ဧပြီလကတည်းက အမှန်တကယ်လိုအပ်နေတဲ့ အိမ်ထောင်စုတွေကိုသာစိစစ်ပြီး အလှည့်ကျ ဝေမျှပေးနေရတယ်လို့ ကရင်နီစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ဆိုပါတယ်။

ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ တစ်နေရာပြီးတစ်နေရာ ထပ်ဆင့်ရွှေ့ပြောင်းစစ်ရှောင်နေကြရတာတွေလည်းရှိနေတဲ့အပြင် စစ်ကောင်စီက စစ်ရှောင်စခန်းဘက်တွေကို လက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းနဲ့ဗုံးကြဲတာတွေကြောင့် တစ်နေရာတည်းမှာ စိုက်ပျိုးစားသောက်ဖို့ မဖြစ်နိုင်တော့ဘဲ အလှူရှင်တွေရဲ့ ထောက်ပံ့ကူညီမှုတွေကိုပဲ အဓိကထားပြီး မှီခိုအားထားနေရတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ရှောင်ကူညီသူတွေကို ထောက်ပံ့ပေးနေတဲ့ ပြည်တွင်း/ ပြည်ပ အလှူရှင်တွေအနေနဲ့ ကာလရှည်ကြာထောက်ပံ့လာရတာအပြင် မြန်မာပြည်တွင်းက ငွေကြေးတန်ဖိုးလျော့ကျမှုနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် အလှူခံရရှိငွေ တဖြည်းဖြည်းနည်းပါးလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ရှင်းပြကြပါတယ်။

လက်ရှိအချိန်မှာ ရှမ်း-ကရင်နီနယ်စပ်နဲ့ ကရင်နီပြည်နယ်တွင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ရှောင်ဦးရေ နှစ်သိန်းကျော်အတွက် ဆန်၊ စားနပ်ရိက္ခာအပါအဝင် ဆေးဝါး၊ အမိုးအကာနဲ့ အခြားလူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းထောက်ပံ့ပေးကြရန် စစ်ရှောင်ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက မေတ္တာရပ်ခံထားပါတယ်။

MK – 009
#ရှမ်း-ကရင်နီနယ်စပ်
# စားနပ်ရိက္ခာရဖို့ခက်ခဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now