မြန်မာ့နွေဦး

ပင်လောင်းနယ်စပ်က စစ်ကောင်စီတပ်တွေကို တည်နေရာအတိအကျနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်၊ အလောင်းတွေချန်ပြီး စစ်ကောင်စီတပ် အလျင်အမြန်ဆုတ်ခွာသွား

မဲခေါင် 1 May - 2023
ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲအတွင်း သတင်းပေးချက်အရ စစ်ကောင်စီအလောင်းလာသယ်တဲ့ကားတွေ တပ်စွဲတဲ့နေရာကို တိတိကျကျ ဒရုန်းနဲ့ ဗုံးကြဲနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုဘက်မှ စစ်မြေပြင်တပ်မှူးတစ်ဦးက ဧပြီ ၃၀ရက်က ပြောပါတယ်။

မဲခေါင်၊ မေ ၁

ပင်လောင်း-ဖယ်ခုံ နယ်စပ်တိုက်ပွဲအတွင်း သတင်းပေးချက်အရ စစ်ကောင်စီအလောင်းလာသယ်တဲ့ကားတွေ တပ်စွဲတဲ့နေရာကို တိတိကျကျ ဒရုန်းနဲ့ ဗုံးကြဲနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုဘက်မှ စစ်မြေပြင်တပ်မှူးတစ်ဦးက ဧပြီ ၃၀ရက်က ပြောပါတယ်။

ဧပြီလ ၂၅ ရက်ညမှာ စစ်ကောင်စီတပ်သားတွေရဲ့အလောင်းကို လာသယ်တဲ့ ကား ၂စီး စခန်းချတဲ့နေရာကို ဗုံးကြဲနိုင်ခဲ့တာဖြစ်ပြီး ကားတစ်စီးပျက်စီးသွားသလို စစ်ကောင်စီတပ်သားတွေလည်း ထိခိုက်သေဆုံးတာတွေရှိတယ်လို့ အဲ့ဒီ စစ်မြေပြင်တပ်မှူးကပြောပါတယ်။

“အဲ့ဒီနေ့က စစ်ကောင်စီက ရွာထဲမှာ ဒေသခံတွေကို ဖမ်းဆီးတဲ့ကိစ္စနဲ့ပတ်သက်ပြီး သူတို့အချင်းချင်း ရန်ဖြစ်ကြတာလည်းရှိတယ်။ သေနတ်ပစ်ခတ်တာတွေလည်း ဖြစ်ကြတယ်။ အဲ့နေ့မှာပဲ သူတို့(စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်)ဘက်က အရာရှိတစ်ယောက်က ဆက်သွယ်လာပြီးတော့ တည်နေရာပြောပြတာနဲ့ ကျွန်တော်တို့လည်း ဒရုန်းနဲ့ သွားကြဲတာ သူတို့ကားတစ်စီးပျက်သွားတယ်” လို့ သူကပြောပါတယ်။

ဗုံးနဲ့အကြဲခံရတဲ့ စစ်ကောင်စီတပ်ဟာ အဲဒီနေ့မှာပဲ အလျင်အမြန် မြောက်စလုံးကနေ တောင်မဲသင်းဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရတယ်။

ဒရုန်းနဲ့ဗုံးကြဲခံလိုက်ရလို့ ကားတစ်စီးပျက်သွားတဲ့ စစ်ကောင်စီဟာ အလောင်းတွေကို အကုန်လုံး ပြန်မသယ်နိုင်တော့ပဲ အရာရှိတွေရဲ့ အလောင်းကိုသာ သယ်ပြန်သွားတယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

“နောက်ရက်နယ်မြေရှင်းလင်းရေးလုပ်တော့ သူတို့ရဲ့ လက်အောက်ငယ်သားတွေရဲ့ အလောင်းတွေပဲကျန်တော့တယ်။ နံဟောင်နေတဲ့အလောင်းတွေ လောက်ကောင်တက်နေတဲ့အလောင်းတွေလည်း အများကြီးပဲ။ အဲ့ဒီအလောင်းတွေကို တော်လှန်ရေးတပ်ပေါင်းစုကပဲ သင်္ဂြိုလ်ပေးလိုက်ရတယ်” လို့ သူကပြောပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်တပ်ဒုတပ်ရင်းမှူး အပါအ၀င် စစ်သား ၃၀ ကျော်သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီဟာ ကရင်နီထဲကို ဝင်ရောက်နိုင်ဖို့ စစ်ကြောင်း ၁၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး အဲ့ဒီစစ်ကြောင်းတွေထဲမှာ ပင်လောင်း-ဖယ်ခုံ နယ်စပ်ကလည်း ပါဝင်တာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကောင်စီဘက် အင်အားဖြည့်ကာ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေပါတယ်။ အဲ့ဒီလို ပါဝင်တာမှာ အစပိုင်းက ပြဿနာမဖြစ်ပေမယ့် အချိန်ကြာလာတာနဲ့ မတူညီတဲ့ စရိုက်တွေ၊ စစ်ကောင်စီက ဒေသခံတွေက သတ်ဖြတ်တာတွေကြောင့် ပြဿနာမကြာခဏ ဖြစ်ပွားနေတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

(စစ်ကောင်စီတပ်သားများ သေဆုံးနေပုံများမှာ Facebook Community Standard အရ ဖျက်ချခံရနိုင်သည့်အတွက် Telegram Channel – https://t.me/mekongnewsmm/15413 တွင်သာ ကြည့်ရှုနိုင်ပါသည်)

CJ – 002

#MeKongNews 

#ပင်လောင်း 

#ဖယ်ခုံ 

#ဒရုန်းဗုံးကြဲ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now