မြန်မာ့နွေဦး

မီးခိုးမြူလျော့ပါးရေး နိုင်ငံအဆင့်ဆွေးနွေးနေသော်လည်း ဒေသတွင်းကာကွယ်တားဆီးမှုပင် မရှိသလောက်ဖြစ်

မဲခေါင် 8 Apr - 2023
မဲခေါင်၊ ဧပြီ ၈ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံဖြတ်ကျော် မီးခိုးမြူလျော့ပါးရေး ဟုဆိုကာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ လာအိုဝန်ကြီးချုပ် ဆစ်ဖန်ဒွန်း တို့နဲ့ ဧပြီလ ၇ရက် မနက်ပိုင်းက ဆွေနွေးခဲ့ကြတယ်လို့ ထိုင်းမီဒီယာတွေနဲ့ စစ်ကောင်စီလော်ဘီမီဒီယာတွေက ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဧပြီ ၈

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဟာ နိုင်ငံဖြတ်ကျော် မီးခိုးမြူလျော့ပါးရေး ဟုဆိုကာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်၊ လာအိုဝန်ကြီးချုပ် ဆစ်ဖန်ဒွန်း တို့နဲ့ ဧပြီလ ၇ရက် မနက်ပိုင်းက ဆွေနွေးခဲ့ကြတယ်လို့ ထိုင်းမီဒီယာတွေနဲ့ စစ်ကောင်စီလော်ဘီမီဒီယာတွေက ထုတ်ပြန်ပါတယ်။

ထိုင်ဝန်ကြီးချုပ် ပရာယွတ်က ဒီ ၃ နိုင်ငံစလုံးက ပြည်သူတွေရဲ့ ကျန်းမာရေးဟာ လေထုညစ်ညမ်းပြီး မီးခိုမြူတွေထူထပ်နေလို့ စိုးရိမ်စရာဖြစ်နေတဲ့အတွက် ပူးပေါင်းဆောင်ရွက်ခြင်း အကျိုးတရားနဲ့ အဖြစ်မှန်တွေက အရေးကြီးပါကြောင်း၊ ဒီပြဿနာကိုတိုက်ဖျက်ဖို့ တစ်နိုင်ငံကို တစ်နိုင်ငံက ပူးပေါင်းကူညီဖို့ လိုအပ်ကြောင်း၊ ဒါကြောင့် ကောင်းကင်သန့်စင်ရေးဗျူဟာ – Clear Sky Strategy ကို အဆိုပြုတင်ပြခဲ့တာဖြစ်တယ်လို့ Bangkok Post က ဖော်ပြပါတယ်။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဘက်ကတော့ ဘာတွေဆွေးနွေးတယ်ဆိုတာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မီးခိုးမြူနဲ့ လေထုညစ်ညမ်းမှုအတွက် နိုင်ငံအဆင့်ဆွေးနွေးမှု သွားလုပ်ပေမယ့် သူ့မှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ စဉ်းစားထားတာ မရှိဘူးသလို ဒေသတွင်းအဆင့်မှာလည်း ဘာကာကွယ်တားဆီးမှုမှ လုပ်ထားတာ မရှိဘူးလို့ ရှမ်းပြည်နယ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ပြောပါတယ်။

“ဟိုက ဖိတ်ခေါ်လို့သာ လူရာဝင်ချင်လို့ သွားဆွေးနွေးတာပဲ ရှိတယ်။ သူ့မှာ (လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လို့) ဘာ မဟာဗျူဟာ၊ နည်းဗျူဟာမှ မရှိဘူး။ လက်တွေ့ ဒေသတွင်းမှာ လုပ်နေတာလည်း ဘာမှမရှိဘူး။ အရင် NLD လက်ထက်တုန်းက စီစဉ်ခဲ့တာတွေအများကြီး။ အာဏာလည်းသိမ်းရော အကုန်သဲထဲရေသွန်ဖြစ်သွားရော” လို့ သူက ထောက်ပြပြောဆိုပါတယ်။

NLD အစိုးရလက်ထက်က မီးခိုးမြူလျော့ပါရေးအတွက် ရှမ်းပြည်နယ် သစ်တောသယံဇာတဝန်ကြီးကိုယ်တိုင် ဒေသတွင်းလှည့်လည် ပညာပေးဟောပြောတာ၊ တောမီးလောင်ကျွမ်းမှုစောင့်ကြည့်ဒရုန်းတွေ ထားရှိဖို့ စီစဉ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဒါ့အပြင် မီးခိုးမြူဒဏ်ကို ဒေသတွင်းလူထုခံစားနေရချိန်မှာ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကိုယ်တိုင် မြေပြင်ဆင်းပြီး မီးခိုးမြူရှောင်နေရာတွေစီစဉ်ပေးတာ၊ လေထုအရည်အသွေးတိုင်းစက် ချထားပေးတာတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

လေထုညစ်ညမ်းမှုနဲ့ မီးခိုးမြူထူထပ်မှုကို တာချီလိတ်ဒေသတွင်းမှာ နှစ်စဉ်လိုလို ခံစားရပေမယ့် ဒီနှစ်မှာတော့ ပိုမိုဆိုးရွားလာတယ်လို့ တာချီလိတ်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။ ဒီလိုဆိုးရွားတဲ့အခြေအနေပေါ်မှာ ဒေသတွင်းအာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုက မရှိသလောက်ဖြစ်တယ်လို့ အဲဒီဒေသခံကပြောပါတယ်။

“ကားတစ်စီးနဲ့တော့ ရေဖျန်းတာတွေ့တယ်။​ ပြီးတော့ မက်စ်တပ်ဖို့ လိုက်ပတ်အော်တယ်။ ဒါပဲ။ အရင်တုန်းကလို ပြည်သူစိတ်ကျေနပ်အောင် အင်တိုက်အားတိုက်လုပ်တာ မရှိဘူး” လို့ သူက ပြောပါတယ်။

လက်ရှိမီးခိုးမြူထူထပ်မှုနဲ့ လေထုညစ်ညမ်းမှုတွေဟာ ဒေသတွင်း တောမီးလောင်ကျွမ်းမှုနဲ့ တောင်ယာမီးရှို့မှုတွေကြောင့် ဖြစ်ပေါ်နေတာဖြစ်ပြီး ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ ကာလရှည်စီမံကိန်းချဆောင်ရွက်ရမှာဖြစ်တယ်လို့ ရှမ်းပြည်နယ်အခြေစိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်က ပြောပါတယ်။

တောမီးလောင်ကျွမ်းမှုကို စနစ်တကျတားဆီးတာ၊ တောင်ယာမီးရှို့မှုနဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းစဉ်တွေလုပ်ဆောင်တာ၊ တောင်ယာကိုမီးမရှို့ဘဲ ပြန်လည်စိုက်ပျိုးနိုင်အောင် နည်းပညာနဲ့ ငွေကြေးကူညီပံ့ပိုးတာတွေ လုပ်ဆောင်ရမှာဖြစ်ပြီး ဒီလုပ်ငန်းစဉ်တွေဟာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေသာ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

တာချီလိတ်ဒေသတဝိုက်မှာ ဒီကာလမှာ တောင်ယာမီးရှို့မှုတွေ အများအပြားရှိနေပြီး ဒါကို ဘယ်လိုမှ တားလို့မရဘူးလို့ နောက်ထပ်တာချီလိတ်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

တာချီလိတ်ဒေသအပြင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်ဒေသတွေမှာ မီးခိုးမြူထူထပ်မှုနဲ့ လေထုညစ်ညမ်းမှုကိုနှစ်စဉ်ခံစားရလေ့ရှိပေမယ့် ဒီနှစ်မှာတော့ ဆိုးဆိုးရွားရွားခံစားနေရပြီး ဒေသခံပြည်သူလူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတာဖြစ်ပါတယ်။

ပုံအညွှန်း – NLD အစိုးရလက်ထက် မီးခိုးမြူလျော့ပါးရေး ဝန်ကြီးများဆောင်ရွက်နေပုံနှင့် စစ်အာဏာရှင်၏ မီးခိုးမြူလျော့ပါးရေး ဆောင်ရွက်နေပုံ

MK – 004

#MeKongNews

#တာချီလိတ် #ရှမ်းအရှေ့ #လေထုညစ်ညမ်းမှု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now