မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင် 20 Mar - 2023
မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ် သမိုင်းမတွင်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာကို ရပ်သင့်ပြီလို့ တောင်ကြီး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ- TGUSU က မနေ့က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်၊ မတ် ၂၀

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ် သမိုင်းမတွင်ဖို့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတာကို ရပ်သင့်ပြီလို့ တောင်ကြီး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ- TGUSU က မနေ့က တိုက်တွန်းလိုက်ပါတယ်။

ပအိုဝ်း ပြည်သူ့စစ် ခေါင်းဆောင် ဦးအောင်ခမ်းထီနဲ့ PNO ထိပ်ပိုင်း ခေါင်းဆောင်တွေကို တောင်ကြီး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက အိတ်ဖွင့်စာ မနေ့က ပေးပို့ရာမှာ စစ်တပ်နဲ့ ပူးပေါင်းနေတာ ရပ်လိုက်ဖို့ တိုက်တွန်း လိုက်တာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီး‌နောက်ပိုင်း လက်ရှိ အချိန်ထိ ပြည်သူတွေက စစ်အာဏာရှင်ကို လက်မခံဘဲ တော်လှန်နေတာဖြစ်ပြီး ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီး သတ်ဖြတ်တာ ပြည်သူတွေ မျက်မြင် ကြုံတွေ့ခဲ့ရသလို PNO-ပြည်သူ့စစ် ခေါင်းဆောင်တွေလည်း သိမှာ ဖြစ်တယ်လို့ ပေးစာက ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၁ ရက်နေ့က ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာ၊ ဘုန်းကြီးကျောင်းထဲမှာ ပုန်းခိုနေတဲ့ သံဃာတော် ၃ ပါး အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၂ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့တာကို သက်သေ အ‌ထားတွေနဲ့ အတည်ပြုချက်တွေ ရရှိခဲ့ပြီး ဖြစ်တယ်လို့ TGUSU ရဲ့ ပေးစာမှာ ဖော်ပြထားပါတယ်။

ပင်‌လောင်းမြို့နယ် စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေ အတွင်း ဒေသခံပြည်သူ ၄,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြည်သူပိုင် နေအိမ် ၅၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီက စစ်အာဏာရှင် အဆက်ဆက် သုံးခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ဝါဒဖြန့်ပြီး လူမျိုးရေး ပြဿနာ ဖြစ်အောင် ပြုလုပ်နေတာကို ဦးအောင်ခမ်းထီနဲ့ PNO ခေါင်းဆောင်တွေ နားလည်မယ်လို့ ယူဆကြောင်း ပေးစာမှာ ဖော်ပြထားပါတယ်။

ဦးအောင်ခမ်းထီ အနေနဲ့ စစ်တပ်ကို မဆန့်ကျင်စေကာမူ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ သူတို့ ဝါဒဖြန့်တာကြောင့် ပအိုဝ်း လူမျိုးတွေ ဂုဏ်သိက္ခာ ကျဆင်းနေတာကို ရှောင်လွဲနိုင်ဖို့ လုပ်ဆောင်သင့်တယ်တယ်လို့ တောင်ကြီး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက အကြံပြု တိုက်တွန်းထားပါတယ်။

MK-007
#MeKongNews
#တောင်ကြီးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#ဦးအောင်ခမ်းထီ
#PNO/PNA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now