မြန်မာ့နွေဦး

နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းနဲ့ အိမ်တွေကို ဘယ်သူမီးရှို့သလဲ

မဲခေါင် 12 Mar - 2023
မဲခေါင်၊ မတ် ၁၂ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေစဉ်မှာ နန်းနိမ်ကျေးရွာထဲက ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်ဆီးခဲ့ပါတယ်။

မဲခေါင်၊ မတ် ၁၂

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေစဉ်မှာ နန်းနိမ်ကျေးရွာထဲက ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ်ခြေ ၃၀ ကျော် မီးလောင်ပျက်ဆီးခဲ့ပါတယ်။

ဒီမီးရှို့မှုနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဝါဒဖြန့်အကောင့်တွေနဲ့ KNDF နဲ့ PNDF တို့က မီးရှို့တာလို့ ဆိုရှယ်မီဒီယာပေါ်မှာ ဝိုင်းဝန်း ပြောဆိုနေတာတွေ ရှိသလို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်) – PNDF-KK ဘက်ကလည်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေမီးလောင်တာဟာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ မီးကျည်ပစ်ခတ်မှုကြောင့်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့က မတ်လ ၁၁ ရက်နေ့၊ နေ့လယ် ၁၁ နာရီဝန်းကျင်မှာ နန်းနိမ်ကျေးရွာထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ခံက မဲခေါင်သတင်းကို ဒီနေ့ပြောပါတယ်။

“မနက်ပိုင်းမှာ ရောက်ပြီးတော့ နေ့လယ်ဘက်ကနေ မီးလိုက်ပတ်ရှို့တယ်ပေါ့။ ထိတွေ့တိုက်ပွဲဆိုတော့ တိုက်ပွဲတော့ဖြစ်တယ်။ ရွာထဲမှာဖြစ်ခဲ့တာမျိုးတော့မရှိဘူး။ အိမ်ခြေကတော့ ၃၀ ကျော်ကျော်လောက်တော့ လောင်သွား မယ်ထင်တယ်ဗျ။ ကျွန်တော်တို့က ဒရုန်းတွေနဲ့ပဲအတည်ပြုရတာဆိုတော့လေ။ ကျွန်တော်တို့က အဲ့ဒီရွာထဲမှာရှိနေတဲ့သူမဟုတ်ဘူးလေ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်က ဖေဖော်ဝါရီနောက်ဆုံးပတ်ကစပြီး ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနဲ့ ဘော်လခဲ မြို့နယ် အသီးသီးတို့ကနေ စစ်မျက်နှာ ၄ ခုဖွင့်ပြီး စစ်ကြောင်း ၁၂ ကြောင်းနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့် စစ်တပ်နဲ့ ဒေသတွင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေစဉ်အတွင်း လူနေကျေးရွာတွေအတွင်းကိုရော အနီးတဝိုက်ကိုပါ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေခဲ့ပြီး မတ်လ ၅ ရက်နေ့နောက်ပိုင်းမှာတော့ လေကြောင်းစစ်ကူတွေနဲ့အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီမီးရှို့မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး နမ်းနိန်းကျေးရွာနဲ့ အနီးဆုံး ဒေသခံ ပအိုဝ်းအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

လက်ရှိအချိန်မှာ နမ်းနိန်းဒေသခံတွေဟာ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြေကြားပေးဖို့ ကြောက်ရွံ့နေတယ်လို့ သူက ပြောပါတယ်။

“ဒေသခံတွေက မဖြေရဲကြတော့ဘူးဗျာ။ ဝါဒမှိုင်းတွေထိတာ တော်တော်ဆိုးတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

မြေပြင်မှာ သူရထားတဲ့သတင်းတွေအရ မတ်လ ၁၀ရက်က ရွာနားတဝှိုက်မှာ PDFတွေရှိနေပြီး စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်တယ်လို့ဆိုပါတယ်။ မတ်လ ၁၁ရက် မနက်ပိုင်းမှာတော့ PDF တွေက နောက်ဆုတ်သွားပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေယာဉ်တွေနဲ့ ဆက်လက်ပစ်ခတ်နေဆဲကာ အဲဒီနောက်မှာတော့ နေအိမ်တွေ မီးစလောင်တာပဲလို့ သူက ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပအိုဝ်းအချင်းချင်းအကြား ပဋိပက္ခတွေဖြစ်စေဖို့၊ ကရင်နီနဲ့ ပအိုဝ်းအကြား လူမျိုးရေ ပဋိပက္ခတွေဖြစ်စေဖို့ သတင်းမှားတွေဖြန့်ဝေကာရန်တိုက်ပေးလျက်ရှိတယ်လို့ PNDF-KK ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား လူမျိုးရေးပြဿနာတွေဖြစ်အောင် စွပ်စွဲပြောဆိုနေတာတွေနဲ့ပတ်သက်ပြီး KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီကိုသွားရောက်တိုက်ခိုက်တာမဟုတ်ဘဲ စစ်ကောင်စီတပ်ဘက်က ဒီလမ်းကြောင်းတွေကနေ စစ်ကြောင်းထိုးလာတာကြောင့် ခုခံတိုက်ခိုက်ရင်းနဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရတယ်လို့ KNDF က ဆိုပါတယ်။

“လူမျိုးရေးကို အခြေခံပြီးဖြစ်တာမရှိဘူး။ ဒီလိုမျိုးတိုက်ပွဲတွေ ဖြစ်ပြီးတဲ့နောက်မှာ ကျေးရွာတွေကို စွန့်ခွာပြီးတော့မှ စစ်ဘေးရှောင်ရတဲ့အတွက် ကျေးရွာတွေပျက်စီးတဲ့အတွက် များစွာ စိတ်မကောင်းဖြစ်မိတယ်။ လူမျိုးရေးပြဿနာတွေ၊ တခြားစွပ်စွဲပြောဆိုမှုတွေအပေါ်မှာ လူထုတွေအနေနဲ့ထင်ယောင်ထင်မှားမဖြစ်ဘဲနဲ့ သတင်းမှန်တွေကို ကျွန်တော်တို့ ဖော်ပြပေးတဲ့သတင်းမှန်တွေကိုပဲ ယုံကြည်ပေးကြပြီးတော့မှ တကယ့်မြေပြင်မှာ သူတို့ဝါဒဖြန့်နေတဲ့ဟာတွေလို မဟုတ်ဘူး” လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ PNO ဘက်ကတော့ ဝါဒဖြန့်အကောင့်တွေကနေသာ ဝင်ပြောနေကြတာဖြစ်ပြီး ဒီမီးရှို့ဖျက်ဆီးမှုနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိသလို မဲခေါင်သတင်းဌာနက ဆက်သွယ်မေးမြန်းဖို့ကြိုးစားရာမှာလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ပွဲဖြစ်ရင် ရွာကိုမီးရှို့တဲ့လုပ်ရပ်မျိုးဟာ အာဏာသိမ်းစစ်တပ်က လုပ်နေကြဖြစ်ရပ်မျိုးပဲဖြစ်တယ်လို့ ရှမ်းအရှေ့ကနေ CDM ပြုလုပ်လာတဲ့ ဗိုလ်ကြီးနတ်သားက မဲခေါင်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားဖူးပါတယ်။

အခု တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ ပအိုဝ်းလူမျိုးအများစုနေထိုင်ကြပြီး ကယန်းမျိုးနွယ်စုတွေလည်း နေထိုင်ကြတယ်လို့သိရပါတယ်။

ပင်လောင်းမြို့နယ်အစပ်နဲ့ ဖယ်ခုံမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို KNDF၊ KA၊ PDF (Phekhon)၊ PDF (Moe Bye)၊ PNSD (KK)၊ SSRY အပါအဝင် အခြားမဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းတိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီနောက်ဆုံးအပတ်ကတည်းက စစ်ဘေးတိမ်းရှောင်နေကြရတဲ့ တောင်မဲသင်း၊ လုံးပျဉ်၊ နိမ်းနန်းအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၆၀၀၀ ကျော်ဟာလည်း နေရပ်မပြန်နိုင်သေးဘဲ စစ်တပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီးသံတွေနဲ့ လေယာဉ်တွေကိုမြင်တွေ့နေရတာကြောင့် စစ်ရှောင်စခန်းက ဒေသခံတွေ ထိတ်လန့်နေကြတယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပြပါတယ်။

MK – 004, 009

#MeKongNews

#ပင်လောင်းတိုက်ပွဲ

#နမ်းနိန်းကျေးရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now