မြန်မာ့နွေဦး

အင်းတော်မှာ မိုင်းထောင်စဉ်ပေါက်ကွဲလို့ PDF ရဲဘော် ၂ ဦးကျဆုံးပြီး စစ်တပ်ကပြည်သူ ၇ ဦးကိုဖမ်းသွား

မဲခေါင် 4 Mar - 2023
မဲခေါင်၊ မတ် ၄ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ မီးပွိုင့်မှာ မနေ့က PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆ ပေါက်ကွဲလို့ သေဆုံးခဲ့ပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ Indaw Revolution-IR က မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ မတ် ၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ မီးပွိုင့်မှာ မနေ့က PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆ ပေါက်ကွဲလို့ သေဆုံးခဲ့ပြီး စစ်ကောင်စီက ပြည်သူ ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ Indaw Revolution-IR က မဲခေါင်သတင်းကို ပြောပါတယ်။

အင်းတော်မြို့မှာ ကင်းလှည့်နေတဲ့ ရဲကားကို ဖောက်ခွဲဖို့ PDF ၂ ဦး မိုင်းထောင်နေစဉ် မတော်တဆဖြစ်ပြီး အနီးကပ် ပေါက်ကွဲခဲ့တာကြောင့် ခန္ဓာကိုယ်တွေ တစ်စစီ ဖြစ်သွားတယ်လို့ IR တာဝန်ရှိသူက ပြောပါတယ်။

“အဲဒီ ရဲ‌ဘော် ၂ ဦးက အင်းတော်မြို့ပြပြောက်ကျားတပ်ဖွဲ့ကပါ။ အင်းတော်မြို့ထဲမှာ ကင်းလှည့်နေတဲ့ ရဲကားကို ဖောက်ခွဲဖို့ လုပ်ရင်း ဖြစ်သွားတာ။ အနီးကပ် ပေါက်ကွဲသွားတာ ဆိုတော့ ခန္ဓကိုယ်တွေ တစ်စစီဖြစ်ပြီး အလောင်း ပြန်ကောက်လို့ မရခဲ့ဘူး။ စစ်တပ်လာတော့ ရဲဘော်တွေရဲ့ ခန္ဓာကိုယ် အပိုင်းအစတွေကို လာကောက်ပြီး အင်းတော်သုဿန်မှာ သင်္ဂြိုဟ်သွားတယ်လို့တော့ ကြားတယ်’’ လို့ သူကဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီက အနီးအနားက ပြည်သူ ၇ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

“မိုင်းပေါက်ပြီးတော့ စစ်ကောင်စီက စစ်ဆေးတာတွေ ရှိတယ်။ အမျိုးသား ၂ ဦးကို PDF တွေဆိုပြီး ဖမ်းသွားတယ်။ ပြီးတော့ နောက်ထပ် ပြည်သူ ၅ ဦးကိုလည်း PDF တွေနဲ့ ပတ်သက်နေတယ်ဆိုပြီး ထပ်လာဖမ်းသွားတယ်” လို့ ထပ်မံ ပြောဆိုပါတယ်။

စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ပြည်သူတွေရဲ့ အခြေအနေကို စုံစမ်းနေပြီး လက်ရှိအချိန်ထိတော့ သတင်း အတိအကျ မရသေးဘူးလို့ IR ကဆိုပါတယ်။

အင်းတော်မြို့နယ်ဟာ ဖေဖော်ဝါရီ ၂ ရက်က စစ်ကောင်စီ မာရှယ်လော ထုတ်ပြန်လိုက်တဲ့ မြို့နယ်ထဲမှာပါပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ည ၁၀ အပြင်ထွက်မိတဲ့ ပြည်သူ တစ်ဦးကို စစ်တပ်က ပစ်သတ်ခဲ့ပါသေးတယ်။

MK-007
#MeKongNews
#အင်းတော်
#PDF
#Indaw Revolution-IR

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now