မြန်မာ့နွေဦး

PAF အနေနဲ့ ပအိုဝ်းအမျိုးသား တပ်မတော်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲဝင်နေပြီလို့ ပအိုဝ်းပြည်သူကို အသိပေး

မဲခေါင် 3 Mar - 2023
မဲခေါင်၊ မတ် ၃ ပအိုးဝ်း လက်နက်ကိုင်တပ်ဖွဲ့-PAOH ARMED FORCES-PAF အနေနဲ့ ပအိုဝ်း အမျိုးသား တပ်မတော်အဖြစ် ရည်မှန်းချက်တူတဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲဝင်နေပြီလို့ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အတွက် ဒီကနေ့ ပေးပို့တဲ့ သဝဏ်လွှာက တစ်ဆင့် ပြည်သူတွေကို အသိပေး ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၃

ပအိုးဝ်း လက်နက်ကိုင်တပ်ဖွဲ့-PAOH ARMED FORCES-PAF အနေနဲ့ ပအိုဝ်း အမျိုးသား တပ်မတော်အဖြစ် ရည်မှန်းချက်တူတဲ့ မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်အာဏာရှင် တော်လှန်ရေး တိုက်ပွဲဝင်နေပြီလို့ (၇၄) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အတွက် ဒီကနေ့ ပေးပို့တဲ့ သဝဏ်လွှာက တစ်ဆင့် ပြည်သူတွေကို အသိပေး ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ (၇၄) နှစ်မြောက် ပအိုဝ်း အမျိုးသားနေ့ ဂုဏ်ပြုသဝဏ်လွှာမှာ ပအိုဝ်း လက်နက်ကိုင်တပ်ဖွဲ့ PAF ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေ ပအိုဝ်း ပြည်သူကို ချပြခဲ့ပြီး လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေကို စောင့်ကြည့်ကာ စစ်မြေပြင်မှာ မဟာမိတ်တွေနဲ့ အတူ တိုက်ပွဲနေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

PAF အနေနဲ့ စစ်အင်အား တောင့်တင်းလာပါက ပအိုဝ်း နယ်မြေအားလုံး ၁၀၀ ရာခိုင်နှုန်းအထိ ပြန်လည် စုစည်းမယ်ဆိုတဲ့ အချက် အပါအဝင် ပအိုဝ်း လူမျိုးတွေ အတွက် အချက် ၁၀ ချက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပအိုဝ်းလူမျိုးတွေဟာ လူ့ဂုဏ်သိက္ခာနဲ့ အညီ လူ့အသိုင်းအဝိုင်းမှာ အဆင့်တန်းရှိရှိ နေနိုင်ပြီး ကိုယ်ပိုင်အုပ်ချုပ် တရားစီရင်နိုင်ကာ နီတွမ်းနီ အမျိုးသားရေး ပန်းတိုင်ကို ရောက်ရှိနိုင်မယ်လို့ ဆိုထားပါတယ်။

PAF ရဲ့ နိုင်ငံရေး ဦးတည်ချက်အဖြစ် ပအိုဝ်းခမ်းထီ (ပြည်နယ်) ထူထောင်ရေး၊ ပအိုဝ်း ကံကြမ္မာ ပအိုဝ်း ဖန်တီးရေး၊ ပအိုဝ်း အမျိုးသား အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံရေးနဲ့ အမျိုးသားရေးအရ တန်းတူရေးနဲ့ ကရင်၊ ပအိုဝ်း၊ ကရင်နီ ညီအစ်ကိုတို့ သွေးစည်းညီညွတ်ရေးတို့ဖြစ်ပြီး နိုင်ငံရေး ဦးတည်ချက်တွေဟာ စိတ်ကူးယဉ် မဟုတ်ပဲ လက်တွေ့ လုပ်ဆောင်ရမဲ့ အချက်တွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now