မြန်မာ့နွေဦး

ကရင်နီပြည်က စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ်

မဲခေါင် 3 Mar - 2023
မဲခေါင်၊ မတ် ၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာ ဆန်နဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၃

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာ ဆန်နဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေထံက သိရပါတယ်။

စစ်ဘေးရှောင်စခန်း တချို့မှာ ဆန်နဲ့ ရိက္ခာ ပြတ်လပ်နေတာ ၂ ပတ်ဝန်းကျင် ရှိနေပြီး ဒီးမော့ဆို အနောက်ဘက်မှာ စစ်ရှောင်စခန်း ၉၈ ခုက လူဦးရေ ၂၀,၀၀၀ ကျော်ရှိတယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ဆိုပါတယ်။

ဆန်နဲ့ ရိက္ခာ အရေးပေါ် လိုအပ်နေတဲ့ စစ်ရှောင်စခန်းတွေမှာ လူတစ်ဦးကို ဆန်တစ်ပြည် ပေးဝေနိုင်ဖို့ ဆန်အိတ် ၁,၀၀၀ ကျော် လိုအပ်နေပြီး ဆန်တစ်အိတ်ကို ၆,၀၀၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။

“ဆန်က တော်တော်လိုအပ်တယ်။ အသားမရှိရင်တောင် ဆန်ရှိရင် ဆန်ပြုတ် လုပ်စားလို့ရတယ်။ အခုကတော့ ဆန်ကိုမရှိတော့ စားစရာကို မရှိဘူး ဖြစ်နေတာ” လို့ စစ်ဘေးရှောင် ကူညီနေသူ ရဲဘော်အာလူးက မဲခေါင်သတင်းကို ပြောပါတယ်။

မနေ့က မတ်လ ၂ ရက်မှာတော့ အလှူရှင်တွေ ဝိုင်းဝန်း လှူဒါန်းမှုကြောင့် ဆန်ဖိုး ကျပ်သိန်း ၁၅၀ နီးပါး လက်ခံ ရရှိထားပြီး စစ်ရှောင်စခန်း ၂ ခုက အမှန်တကယ် ဆန်လိုအပ်နေတဲ့ လူဦးရေ ၃၅၇ ဦးကို တစ်ဦး တစ်ပြည်နှုန်းနဲ့ အလှူရှင် ကိုယ်စား ပေးဝေခဲ့တယ်လို့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်က ထုတ်ပြန်ပါတယ်။

တချို့ စစ်ရှောင် စခန်းတွေမှာတော့ စားနပ်ရိက္ခာ ရှိပေမယ့် သောက်သုံးရေ ရှားပါးမှုတွေကြောင့် ကျန်းမာရေး ပြဿနာတွေ ရှိနေတယ်လို့လည်း ကူညီနေသူတွေက ပြောပါတယ်။

“ရေက ဘယ်လောက်ထိ ရှားနေလဲဆိုရင် လူကြီးတွေရော၊ ကလေးတွေရော ညစ်ပတ်မဲသဲ နေကြတာ။ အဲ့ဒါလည်း ဆေးဖို့ ရေမရှိဘူး” လို့ စစ်ဘေးရှောင် ကူညီနေသူ တစ်ဦးက ဆိုပါတယ်။

လက်ရှိ ရှမ်း၊ ကရင်နီ နယ်စပ်တစ်လျှောက်နဲ့ ကရင်နီပြည်ထဲမှာ စစ်ရှောင်ဦးရေ ၂ သိန်းကျော်ရှိနေပြီး လက်နက်ကြီး ဒဏ်နဲ့ လေကြောင်းရန်ကြောင့် အချိန်တိုင်း ကျီးလန့်စာစား ဖြစ်နေရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ရင်း သေဆုံးတဲ့ ပြည်သူ ၁၃၀ ဦးရှိနေပြီလို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု-PKPF ရဲ့ စာရင်းအရ သိရပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် ဆေးဝါး လိုအပ်ချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေနဲ့ သေဆုံးတာလို့ PKPF က မဲခေါင်သတင်းကို ပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူ ၁ ဒဿမ ၅ သန်းကျော်ရှိလာပြီး လူသားချင်း စာနာမှု ဆိုင်ရာ လိုအပ်ချက်တွေ အတွက် အကူအညီ ရောက်ရှိ ဆောင်ရွက်နိုင်ရေး အခြေအနေ ဆိုးရွားလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now