မြန်မာ့နွေဦး

ရန်ကုန်မြို့မှာ ဒီကနေ့မနက်ပိုင်း ပေါက်ကွဲသံများထွက်ပေါ်ပြီး စစ်တပ်က အစစ်အဆေးကြမ်းနေ

မဲခေါင် 24 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၄ ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ပေါက်ကွဲသံများ ထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ အစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်က မြို့နယ်အချို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်၊ မနက်ပိုင်းက ပေါက်ကွဲသံများ ထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ အစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။

မြောက်ဒဂုံမြို့နယ် ဘေလီတံတား အဆင်း၊ အင်းစိန်ဂုံးတံတားအောက်၊ စမ်းချောင်း ကိုထပ်ကြီးဘုရားနဲ့ ဗားကရာ လမ်းမပေါ်၊ သာကေတ ကမာကြည်တံတားထိပ် နှစ်ဖက်၊ မြကျွန်းသာ ကန်ဘောင်ပေါ်၊ ပုဇွန်တောင်မြို့နယ် ချမ်းသာ ပလာဇာ၊ သာကေတ ယမုံနာလမ်း ရေတပ်စခန်းအနီး၊ လှည်းတန်း အင်းစိန်လမ်းမ ကာဗာနန်းတော် ဖုန်းဆိုင်ရှေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားနဲ့ လူငယ်တွေကို ဖိနပ်ပါချွတ်ခိုင်းပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တောင်ဥက္ကလာ ဝေဇယန္တာလမ်းနဲ့ ပြည်သာယာလမ်းမှာလည်း စစ်နေတယ်။ စမ်းချောင်း၊ အလုံ၊ ဗဟန်း၊ တာမွေနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ စစ်ဆေးတာတွေ ကြမ်းတယ်။ လမ်းသွားလမ်းလာ လူငယ်တွေကိုတောင် အကုန်ရှာပြီး စစ်နေတာ။ ပင်လုံ တံတား အဆင်းနဲ့ ငမိုးရိပ်တံတား မီးပွိုင့်ကြားမှာ အဖွဲ့စုံနဲ့ အသေရှာနေကြတယ်။ လူငယ်တွေ သတိထားပြီး သွားကြပါ။ အပြင်ထွက်မယ်ဆို ဖုန်းတွေ သေချာစစ်ဆေးပြီးမှ ထွက်ကြပါ” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ကြည့်မြင်တိုင်၊ တာမွေ၊ လှိုင်သာယာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က သေနတ် ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေ လှည့်ကင်း ပတ်ကင်းများတွင် အင်အားအပြည့်နဲ့ စစ်ဆေးမှုတွေ လုပ်နေသလို မြို့နယ်အချို့မှာ ဒရုန်းတွေ ပျံသန်းနေပြီး စောင့်ကြည့်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ကနဲ့ ဒီကနေ့ မနက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှု၊ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ စာရင်းကိုတော့ အတိအကျ မသိရှိသေးသလို သတင်းထုတ်ပြန်တာတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံ – မနေ့ကဗုံးထုခံရတဲ့ မြောက်ဥက္ကလာပ (င)ရပ်ကွက်ရုံးကိုယနေ့မြင်တွေ့ရစဥ်
MK-005

#Mekongnews

#ရန်ကုန် #ဒရုန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now