မြန်မာ့နွေဦး

ကရင်တပ်အချင်းချင်း ပစ်ခတ်မှု ထပ်မံ မဖြစ်ရေး ဆောင်ရွက်ပေးဖို့ တနင်္သာရီတိုင်းရှိ ကရင်လူမျိုးတွေ တောင်းဆို

မဲခေါင် 22 Feb - 2023
မဲခေါင်၊ဖေဖော်ဝါရီ ၂၂ ကရင်လက်နက်ကိုင်တပ်အချင်းချင်း ပစ်ခတ်မှုတွေ ထပ်မံမဖြစ်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ တနင်္သာရီတိုင်း အတွင်းရှိ ကရင်လူမျိုးတွေက ဖေဖော်ဝါရီ ၂၀ရက် နေ့စွဲနဲ့ စာတစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

မဲခေါင်၊ဖေဖော်ဝါရီ ၂၂

ကရင်လက်နက်ကိုင်တပ်အချင်းချင်း ပစ်ခတ်မှုတွေ ထပ်မံမဖြစ်ရေး ညှိနှိုင်းဆွေးနွေးကြဖို့ တနင်္သာရီတိုင်း အတွင်းရှိ ကရင်လူမျိုးတွေက ဖေဖော်ဝါရီ ၂၀ရက် နေ့စွဲနဲ့ စာတစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ကရင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ တပ်မဟာ၄နဲ့ KTLA တို့အကြား လတ်တလော ဖြစ်ပေါ်လာတဲ့ တင်းမာမှုအပေါ် ငြိမ်းချမ်းတဲ့နည်းနဲ့ ဆွေးနွေးအဖြေရှာကြဖို့ တိုက်တွန်းစာတစ်စောင်ကို ဖေဖော်ဝါရီ ၇ရက်က ထုတ်ပြန်ခဲ့ပြီးနောက် အခုတစ်ကြိမ် ထပ်မံထုတ်ပြန်ခဲ့တာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်(KTLA) အမည်နဲ့ ဖွဲ့ထားတဲ့ တပ်တို့ ဖေဖော်ဝါရီ ၁၅ရက်မှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ရာ အဲဒီဖြစ်ရပ်အပေါ် များစွာ စိတ်ထိခိုက်မိတယ်လို့ တနင်္သာရီတိုင်းရှိ ကရင်လူမျိုးတွေရဲ့ စာမှာ ဖော်ပြထားပါတယ်။

နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် အခြေအနေ‌တွေအပေါ်မှာလည်း များစွာစိုးရိမ်ပြီး ကရင်တစ်မျိုးသားလုံးနဲ့ မြန်မာတစ်နိုင်ငံလုံးရဲ့ ဘုံရန်သူကို အဓိက ပစ်မှတ်ထားရမယ့် အချိန်မှာ ကရင်လူမျိုးအချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာတဲ့အ‌ပေါ် များစွာဝမ်းနည်းမိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလဆန်းက KNU ဗဟိုမှတပ်မဟာ(၄) တပ်မဟာမှူးတာဝန်ကိုယူမယ့် ဗိုလ်မှူးချုပ်စေားလေးမူးကို စေလွှတ်ခဲ့ရာ ဗိုလ်မှူးချုပ်စောလေးမူးအနေနဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေအကြား ပြန်လည်စေ့စပ်နိုင်မယ့် လမ်းကြောင်းကိုအမြန်ဆုံးရှာဖွေပြီးထိပ်တိုက် ရင်ဆိုင်မှုတွေ နောင်မှာ မပေါ်ပေါက်လာစေဖို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရှိနဲ့ အလေးထား ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

KTLAနဲ့ KNLA ဘက်မှ အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ်တွေ အနေနဲ့ တွေ့ဆုံဆွေးနွေးမယ့် နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာကြဖို့ အလေးထားတိုက်တွန်းတယ်လို့လည်း ဆိုပါတယ်။

KTLA အမြင့်ဆုံးပုဂ္ဂိုလ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တို့က အဖွဲ့မှ ထုတ်ပယ်ထားတဲ့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဖြစ်ပါတယ်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြဟာ ဝေါ်လေတိုက်ပွဲမှာ တံတား လုပ်ငန်းခွင်မှ အရပ်သား၂၀ ကျော်ကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး KNUရဲ့ စုံစမ်းစစ်ဆေးမှုကို လက်မခံခဲ့ရာ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်အဖြစ်မှ တာဝန်မှရပ်စဲခံရသူဖြစ်ပြီး နောက်ပိုင်းမှာ KTLA ဖွဲ့စည်းတာကြောင့် အဖွဲ့မှထုတ်ပယ်ခံခဲ့ရသူ ဖြစ်တယ်လို့ သိရပါတယ်။

KNU ဘိတ်ထားဝယ်ခရိုင်မှာ တပ်မဟာ ၄နဲ့ ပြဿနာဖြစ်ပွားနေတဲ့ KTLAမှ ဗိုလ်စောအယ်ခွီးဟာ ဗိုလ်မှူးချုပ်နယ်ဒါးမြလက်အောက်မှာ တာဝန်ယူနေသူဖြစ်ပါတယ်။

ဗိုလ်စောအယ်ခွီးဟာ ဗိုလ်ကော်လာဖိုး ဆိုကာ လူသိများပြီး သူဟာ စစ်အစိုးရထံ ၂ကြိမ် လက်နက်ချခဲ့သူဖြစ်ကာ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသူဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းကရင်လူမျိုးတွေရဲ့ ထုတ်ပြန်ချက်မှာ ကရင်အမျိုးသားပြည်သူလူထုအနေနဲ့ မည်သည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းကို မဆို ရန်လိုတဲ့စိတ်၊ အနိုင်အထက် စီးနင်းလိုတဲ့စိတ်၊ ကရင်အမျိုးသားတွေနဲ့ မြန်မာပြည်သူတွေအားလုံးရဲ့ အကျိုးကို လစ်လျူရှုပြီး မိမိ ပုဂ္ဂလိက နဲ့ သက်ဆိုင်ရာ အဖွဲ့ငယ်တွေရဲ့ အကျိုးစီးပွားကိုသာ ကြည့်ရှုတဲ့ ခေါင်းဆောင်‌တွေကိုလည်း ပြင်းပြင်းထန်ထန် ရှုံချတယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now