မြန်မာ့နွေဦး

အမျိုးသားရေး မျှော်မှန်းချက်နဲ့ စည်းလုံးညီညွတ်စွာ ချီတက်တိုက်ပွဲဝင်ကြဖို့ KNU ဥက္ကဋ္ဌတိုက်တွန်း

မဲခေါင် 10 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး အမျိုးသားရေး မျှော်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် ရောက်ရှိရေး အတွက် စည်းလုံးညီညွတ်စွာ ချီတက် တိုက်ပွဲဝင်သွားကြဖို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး အမျိုးသားရေး မျှော်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင် ရောက်ရှိရေး အတွက် စည်းလုံးညီညွတ်စွာ ချီတက် တိုက်ပွဲဝင်သွားကြဖို့ ကရင်အမျိုးသား အစည်းအရုံး-KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တိုက်တွန်းလိုက်ပါတယ်။

မနက်ဖြန် ကျရောက်မယ့် (၇၅) နှစ်မြောက် ကရင်အမျိုးသားနေ့သို့ KNU ဥက္ကဋ္ဌ ပြောကြားတဲ့ မိန့်ခွန်းကို ဒီကနေ့ ထုတ်ပြန်ရာမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု အသိပညာ၊ အတတ်ပညာနဲ့ စီးပွါးရေးဆိုင်ရာ လုံခြုံမှုတွေ ကင်းမဲ့နေတာဟာ လူမျိုးတမျိုး အဖြစ် ဂုဏ်သိက္ခာရှိရှိ ဖွံ့ဖြိုးတိုးတက်လာဖို့ လုံးဝမဖြစ်နိုင်တာကို ပြန်လည် အောက်မေ့ သတိရှိဖို့လည်း လိုအပ်တယ်လို့ သူကဆိုပါတယ်။

ဒါကြောင့် ကရင့် အမျိုးသားနေ့-Karen National Day ကို ဂုဏ်ပြုကျင်းပတဲ့ အချိန်တိုင်း မိမိတို့ ကရင့်အမျိုးသားတွေရဲ့ သမိုင်းကြောင်း၊ ဘဝအတွေ့အကြုံနဲ့ ကရင့်အမျိုးသား ခေါင်းဆောင်ကြီးတွေနဲ့ ကရင့်အမျိုးသားတွေရဲ့ အရင်က ကြိုးပမ်းအားထုတ်မှုတွေကို ပြန်လည် သတိရအောက်မေ့ပြီး ဂုဏ်ပြုကြဖို့ အရေးကြီးတယ်လို့လည်း သူကပြောပါတယ်။

ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှု‌တွေကို ပြန်လည် သတိရအောက်မေ့ ဂုဏ်ပြုရုံနဲ့ မပြီးဘဲ သူတို့ ချမှတ်ခဲ့တဲ့ အမျိုးသားရေး ဆိုင်ရာ မျှော်မှန်းချက်နဲ့ နိုင်ငံရေးဆိုင်ရာ ရည်မှန်းချက်တို့ ပြည့်မီရရှိရေးအတွက် ကရင်အမျိုးသားတွေ အားလုံး ကျရာကကဏ္ဍမှာ ပူးပေါင်းပါဝင် လုပ်ဆောင်ကြရမှာ ဖြစ်တယ်လို့ KNU ဥက္ကဌ က ပြောပါတယ်။

မိမိတို့ ကရင့်အမျိုးသားရဲ့ အရေးကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းအားထုတ်ကြရမှာကို အထူးသတိရှိကြပြီး အမျိုးသားရေး သမိုင်းတွေကိုလည်း ကရင်အမျိုးသားရေး တာဝန်ကို ဆက်လက် ပခုံးပြောင်းတာဝန်ယူမယ့် မျိုးဆက်သစ် ကရင်လူငယ်တွေ သိရှိနားလည်နိုင်ရေး အတွက် အားသွန်ခွန်စိုက် ပိုမို ရေးသား ဖေါ်ထုတ်ကြရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသား ခေါင်းဆောင်ကြီးတွေ ပေးဆပ်ခဲ့ကြတဲ့ သမိုင်း၊ သွေး၊ ချွေး အသက်ဝိဉာဉ်တို့အပြင် အရင်က ကရင့်အမျိုးသား ခေါင်းဆောင်ကြီးတွေနဲ့ ကရင့်အမျိုးသားတွေရဲ့ စည်းလုံးညီညွတ်တဲ့အမြင်နဲ့ စည်းလုံး ညီညွတ်မှု အားနဲ့ ကြိုးပမ်းမှု‌တွေအတိုင်း ကြိုးပမ်းအားထုတ်ကြဖို့လည်း KNU ဥက္ကဋ္ဌ က တိုက်တွန်းပါတယ်။

လုံခြုံမှုရှိပြီး တည်ငြိမ်အေးချမ်းတဲ့ ကရင်အမျိုးသား တို့ရဲ့ အနာဂတ်ဘ၀ သာယာလှပရေး အတွက် ကရင်အမျိုးသား အချင်းချင်းကြား၊ ကရင်အမျိုးသား အဖွဲ့အစည်း အချင်းချင်းကြား မှန်ကန်တဲ့ မျိုးချစ်စိတ်ဓါတ်ကို အခြေခံပြီး အမျိုးသားရေး မျှော်မှန်းချက်နဲ့ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရေး အတွက် နားလည်မှုရှိရှိ အပြန်အလှန် ဖေးမကူညီမှုတွေနဲ့ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ်နဲ့ ချီတက် တိုက်ပွဲဝင်သွားကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

MK-003

#MeKongNews

#KNU #ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး #ကရင်အမျိုးသားနေ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now