မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင် 7 Feb - 2023
မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG အနေနဲ့ တာဝန်ရှိတယ်လို့ အမျိုးသား ညီညွတ်‌ရေး အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဒီကနေ့ ပြုလုပ်တဲ့ ၅/၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေး ပြောကြားလိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၇

စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG အနေနဲ့ တာဝန်ရှိတယ်လို့ အမျိုးသား ညီညွတ်‌ရေး အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ဒီကနေ့ ပြုလုပ်တဲ့ ၅/၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေး ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့က စစ်ကောင်စီဘက် အာဏာသိမ်းမှု ၆ လ ထပ်တိုးတာနဲ့အတူ အပြောင်းအလဲတွေ လုပ်လာရာမှာ မြို့နယ် ၃၇ ခုကိုလည်း အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး အာဏာကို ကျင့်သုံးဖို့ အမိန့်ထုတ်ခဲ့တဲ့အပေါ် သူက အခုလို သတိပေးလိုက်တာပါ။

“ကျွန်တော်တို့ အစိုးရအနေနဲ့ စနစ်တကျ လေ့လာသုံးသပ်ဖို့ လိုမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်လိုပုံစံတွေပဲ ပြောင်းပြောင်း သေချာတာက ကျွန်တော်တို့ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် ဒုက္ခပေးဖို့ အစီအစဉ်တွေပဲ ဖြစ်မှာ သေချာတယ် ဆိုတာကတော့ အားလုံးသိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အစိုးရ တစ်ရပ် အနေနဲ့ ပြည်သူတွေ အထိအခိုက်နည်းနိုင်သမျှ နည်းအောင် ကြိုးစားရမယ့် တာဝန်အပြည့်ရှိပါတယ်” လို့ သူက ပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၃၇ မြို့နယ်ဟာ ကြားကာလ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စတွေ စီမံရင်း မိမိတို့ရဲ့ စိုးမိုး ထိန်းချုပ်နယ်မြေတွေ အဖြစ် ဆောင်ရွက်နေတဲ့ မြို့နယ်တချို့ ပါဝင်သလို ချင်းတို့၊ ကရင်နီတို့မှ မြို့နယ်တွေမှာ ဆိုရင် ပြည်နယ်အလိုက် အုပ်ချုပ်ရေး စီမံခန့်ခွဲနေတဲ့ မြို့နယ်တွေ ဖြစ်တယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါကြောင့် ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှာ Focal Department အဖြစ် ဆောင်ရွက်နေတဲ့ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတွေ အနေနဲ့ စနစ်တကျ သေချာတိုင်ပင် ဆွေးနွေးပြီး စီမံဆောင်ရွက်မှုတွေ အမြန်ဆုံး လုပ်ထားဖို့ လိုအပ်နေပြီလို့လည်း သူကဆိုပါတယ်။

“စီမံဆောင်ရွက်မယ့် ပုံစံတွေကိုလည်း ကြားကာလ ဒေသန္တရ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီမှာ သေချာချပြ တိုင်ပင်ဆွေးနွေး ပေးမယ်ဆိုရင် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနတို့လို ပြင်ဆင်ထားရမယ့် ဝန်ကြီးဌာနတွေ အနေနဲ့လည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာ ဖြစ်သလို ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာဝန်ကြီးဌာနတို့လို ဌာနတွေ ကလည်း ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားနိုင်မှာ ဖြစ်လို့ အားလုံးဝိုင်းဝန်း ကြိုးစား ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါတယ်” လို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

အလားတူ နိုင်ငံတကာကို သွားလာ လှုပ်ရှားနိုင်တဲ့ ဝန်ကြီးတွေဟာ ကဏ္ဍ အသီးသီးကနေ လှုပ်ရှား ဆောင်ရွက်နေကြတာ ရှိသလို ပြည်တွင်းက ပြည်သူတွေနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့အားပေးနိုင်တဲ့ ဝန်ကြီးတွေ ကလည်း ပြည်တွင်းမှာ လှုပ်ရှားစီမံမှုတွေ ဆောင်ရွက်နေကြတာမို့ မိမိတို့ အစိုးရ အနေနဲ့. ဟန်ချက်ညီညီ လှုပ်ရှားဆောင်ရွက်နေကြတယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံတကာရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေက တော်လှန်ရေး အတွက် အရေးပါတာမို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ဘက်ပေါင်းစုံက အကူအညီတွေ အတွက် ဆောင်ရွက်နေတဲ့ ဝန်ကြီးဌာန‌ တွေကိုလည်း ကျေးဇူးတင်ရှိ‌တယ်လို့ ပြောပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေး ဘဏ္ဍာငွေ ရရှိနိုင်ရေး ကြိုးပမ်းနေတာ အားရစရာ ကောင်းပြီး စီမံဆောင်ရွက်လိုက်တဲ့ Project တိုင်း အောင်မြင်နေတာဟာ မိမိတို့အတွက် အင်အား ၂ ရပ်ကို ရရှိစေတယ်လို့ သူက ဆိုပါတယ်။

“အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ One year plan အောင်မြင်နိုင်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေ ရရှိလို့ စိတ်အားတက်ရသလို တစ်ဖက်ကလည်း ဒီလို Project တွေ အောင်အောင်မြင်မြင် ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ ပြည်သူတွေရဲ့ တော်လှန်ရေးအပေါ် ခံယူချက်၊ ယုံကြည်ချက်တွေဟာ တစ်စက်ကလေးမှ မလျော့သွားဘဲ ပါဝင်ပေးနေကြတာကို သိရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်” လို့ ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောပါတယ်။

ပြည်သူတွေရဲ့ ယုံကြည်မှုတွေအတွက် မိမိတို့ အစိုးရအနေနဲ့ စစ်ကောင်စီကို ဖြိုဖျက်ဖို့ သန်မာသထက် သန်မာအောင် ကြိုးစားသွားမယ်လို့လည်း မန်းဝင်းခိုင်သန်းက ကတိပေး ပြောကြားထားပါတယ်။

MK-003

#MeKongNews

#စစ်အုပ်ချုပ်ရေး

#ပြည်ထောင်စုဝန်ကြီးချုပ်

#NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now