မြန်မာ့နွေဦး

တပ်မတော်နေ့ နေပြည်တော် စစ်ရေးပြမလိုက်ချင်တဲ့ စစ်သားတွေ ကျပ်သိန်းဆယ်ချီပေးပြီး လူစားထည့်နေရ

မဲခေါင် 30 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၃၀ နေပြည်တော်မှာ ကျင်းပဖို့ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနား ချီတက် စစ်ရေးပြပွဲ အတွက် ကြိုတင် လေ့ကျင့်ဖို့ စစ်တပ်တွင်း အမည်စာရင်း ကောက်ယူနေရာ စစ်ရေးပြ အခမ်းအနားမှာ မပါဝင်လိုတဲ့ စစ်သားတွေ အနေနဲ့ လူစားထိုး ထည့်သွင်းဖို့ ကျပ် ၁၀ သိန်းအထိ ပေးနေရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၃၀

နေပြည်တော်မှာ ကျင်းပဖို့ ရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနား ချီတက် စစ်ရေးပြပွဲ အတွက် ကြိုတင် လေ့ကျင့်ဖို့ စစ်တပ်တွင်း အမည်စာရင်း ကောက်ယူနေရာ စစ်ရေးပြ အခမ်းအနားမှာ မပါဝင်လိုတဲ့ စစ်သားတွေ အနေနဲ့ လူစားထိုး ထည့်သွင်းဖို့ ကျပ် ၁၀ သိန်းအထိ ပေးနေရတယ်လို့ တပ်တွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။

လာမယ့် မတ်လ ၂၇ ရက်နေ့မှာ ခမ်းခမ်းနားနား ကျင်းပဖို့ ရှိနေတဲ့ (၇၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ပါဝင် ချီတက်မယ့် တပ်အသီးသီးဟာ ဖေဖော်ဝါရီလလယ်က စပြီး နေပြည်တော်မှာ စုဖွဲ့ကာ တစ်လ ကြိုတင် လေ့ကျင့်မှာ ဖြစ်တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

“အရင်ကတော့ ကြည်း၊ ရေ၊ လေ က တိုက်ခိုက်ရေး အုပ်စုတွေ အများဆုံး ပါတာပေါ့။ အခုက တပ်အကုန် ရှေ့တန်းထွက်နေရသလို ဖြစ်နေတော့ ပညာသည် အုပ်စုနဲ့ အရန် အင်အားထဲကနေ စစ်ရေးပြအတွက် ထုတ်နှုတ်ရတဲ့ အခြေအနေ ဖြစ်နေတယ်။ တလလုံး ဘာဂွင်မှ မရှိဘဲ နေပူထဲ ပင်ပင်ပန်းပန်း လျှောက်ရမှာ ဆိုတော့ မလိုက်ချင်ကြဘူး။ တချို့ အသက်ကြီးပိုင်းတွေလဲ စာရင်းထဲ ပါနေတာရှိတယ်။ အဲတော့ သူ့တပ် ကိုယ်တပ်ထဲက လုံခြုံရေး နောက်ချန် ထားတဲ့ထဲက လိုက်ချင်သူရှိရင် အရာရှိက လူစားထိုး စီမံပေးရတာပေါ့။ အဲမှာ ဘယ်လောက်ဆိုပြီး ဈေးတွေ ဖြစ်လာတာ” လို့ တပ်တွင်း သတင်းရင်းမြစ်က ရှင်းပြပါတယ်။

နေပြည်တော် တစ်လ လမ်းလျှောက် ခရီးစဉ်ကို ရှောင်လွှဲလိုသူ အများစုဟာ အကြောင်းအမျိုးမျိုးနဲ့ ဝင်ငွေ ကောင်းနေသူတွေ ဖြစ်လို့ တပ်တွင်း နောက်ချန်အဖြစ် နေရမယ့် ဘဝတူ စစ်သားတွေကို အခကြေးငွေပေးကာ ပြန်လည်ငှားရမ်း လူစားထိုးနိုင်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိ နိုင်ငံတဝှမ်း စစ်မျက်နှာ အများအပြား ဖွင့်ထားရတဲ့ စစ်ကောင်စီတပ် အတွင်းမှာ အရင်က သက်သောင့်သက်သာရှိတဲ့ ပညာသည် အုပ်စုဝင် အင်ဂျင်နီယာတပ်ကဲ့သို့ တပ်တွေပင် နီးစပ်ရာ ဒေသတွေမှာ လုံခြုံရေး ယူနေရပြီး ရေတပ်နဲ့ လေတပ်က စစ်သားများလည်း တပ်အထိုင်ချရာ ဒေသတွေရဲ့ လုံခြုံရေး တာဝန်ယူနေရလို့ နာမကျန်းခွင့် ပိတ်ပင်ထားရတဲ့ အထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။

“လမ်းမကြီးတွေမှာ ဂိတ်ထိုင်ရတဲ့တပ် ဆိုရင် ပိုပေးတယ်ပေါ့ဗျာ။ သူတို့ ဂွင်တည့်နေတာ နေရာပျောက်မှာ စိုးတာကိုး။ တစ်ယောက် ၁၀ သိန်း ၁၅ သိန်း ပေးတဲ့ တပ်တွေရှိတယ်။ ၃ သိန်း ၄ သိန်းပဲ ပေးနိုင်တဲ့ တပ်တွေရှိတယ်။ အမျိုးမျိုးပေါ့။ ထောက်ပို့က ဒီဇယ်ကိုင်တဲ့ အရာရှိ နေပြည်တော် တစ်လ ဘယ်သွားမလဲ။ ဂွင်ပျောက်သွားမှာပေါ့။ တချို့ အသက်ကြီးပြီး ကျန်းမာရေး သိပ်မကောင်းတဲ့ သူတွေကျတော့ မရှိရှိရာ ရှာပေးပေါ့ဗျာ။ ခုကတော့ ဈေးကွက်လို ဖြစ်လာတာပေါ့။ နေပြည်တော် သွားမယ့် ကောင်လေးတွေကလည်း သူ့ကင်းအလှည့် အတွက် လူပြန်ငှားရတာ အရာရှိကို ပေးရတာ ဒါမျိုးလေးတွေ ရှိတယ်” လို့ မိထ္ထီလာ လေတပ်မှ ပညာသည် အုပ်စုဝင် အရာရှိ တစ်ဦးက ရှင်းပြပါတယ်။

လက်ရှိ တပ်မတော်နေ့ အတွက် ကြည်း၊ ရေ၊ လေ တပ်များမှ စစ်တိုင်း အလိုက် လူစာရင်း ကောက်ခံနေရာ စစ်ရုံးချုပ်က ကနဦး အနည်းဆုံး စစ်သည်အင်အား တစ်သောင်းမှ တောင်းခံထားတယ်လို့ သိရပါတယ်။

#MeKongNews

#တပ်မတော်နေ့

#နေပြည်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now