မြန်မာ့နွေဦး

ဂျာမနီနိုင်ငံ အနေနဲ့ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေကို စစ်ဆေးအရေးယူပေးဖို့ NUG တိုက်တွန်း

မဲခေါင် 28 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၈ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းချိန်မှစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စစ်ဆေး အရေးယူနိုင်ဖို့ ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွှတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မနေ့က တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ကျူးလွန်တဲ့ လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေကို စတင်စစ်ဆေးနိုင်ဖို့ မတူကွဲပြားတဲ့ တိုင်းရင်းသား အုပ်စုတွေမှ လွတ်မြောက် ကျန်ရစ်သူတွေနဲ့ သက်သေတွေက Fortify Rights ရဲ့ ထောက်ပံ့ ကူညီမှုနဲ့ ဂျာမနီ အာဏာပိုင်တွေဆီ မကြာသေးမီက တောင်းဆို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဂျာမနီ အာဏာပိုင်တွေ အနေနဲ့ အဲဒီကိစ္စကို အထူးအလေးထား ဆောင်ရွက်ပေးပါလို့ NUG က တိုက်တွန်းထားပါတယ်။

စစ်အုပ်စု အဖွဲ့ဝင်တွေက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်း မူဘောင်တွေ အပေါ် အခြေခံပြီး အရေးယူနိုင်ဖို့ ကမ္ဘာတဝှမ်းမှာ ကြိုးပမ်းနေမှုတွေ တိုးပွားလာနေတဲ့အပေါ် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ ကြိုဆိုတယ်လို့လည်း ‌ဆိုပါတယ်။

လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု အစရှိတဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေကို ဘယ်နေရာမှာ ကျူးလွန်ခဲ့ပါစေ ပြည်တွင်း တရားစီရင်ရေး အခွင့်အာဏာကို အသုံးပြုပြီး စစ်ဆေးစီရင်ပိုင်ခွင့်ကို ကမ္ဘာတဝှမ်းရှိ ပြည်တွင်း တရားရုံးတွေကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်က ခွင့်ပြု ပေးအပ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ တာဝန်ရှိမှု ပရောဂျက်-Myanmar Accountability Project ဟာ နှိပ်စက်ညှဉ်းပမ်းမှု အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်တယ်လို့ စွပ်စွဲခံနေရတဲ့ စစ်တပ်ကို အရေးယူ ဆောင်ရွက်နိုင်ဖို့ တူရကီနိုင်ငံမှာ တရားစွဲဆိုမှု စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီး တရားစွဲဆိုနိုင်စေဖို့ တရားရေး ဆိုင်ရာ စည်းမျဉ်း တွေကို ပံ့ပိုးပေးနေတဲ့အပြင် စစ်အုပ်စုကို ဖိလစ်ပိုင်နိုင်ငံမှာ အလားတူ ဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ NUG က ဆိုပါတယ်။

အလားတူပင် ယူကေနိုင်ငံရှိ ဗမာ့ရိုဟင်ဂျာ အဖွဲ့အစည်း-BROUK က တင်သွင်းခဲ့တဲ့ မြန်မာ လုံခြုံရေး အဖွဲ့တွေက ရိုဟင်လူမျိုးတွေ အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ တိုင်ကြားမှုကို အာဂျင်တီးနားနိုင်ငံရှိ တရားရုံးက လက်ခံပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို မူဘောင် တွေကို ကျင့်သုံးပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုတွေ အားကောင်းလာစေဖို့ ဆောင်ရွက်နေတဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း အာဏာပိုင်တွေ ပိုမိုတိုးပွားလာတာကို တွေ့မြင်ရတာဟာ စိတ်အားတက်စရာ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အားလုံး အထူးသဖြင့် နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်ကို ကျင့်သုံးပိုင်ခွင့်ရှိတဲ့ နိုင်ငံတွေ အနေနဲ့ အလားတူ ပံ့ပိုးပေးမှုတွေ ဆောင်ရွက်ပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now