မြန်မာ့နွေဦး

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဒေါနစစ်ကြောင်းကို လက်နက်တပ်ဆင်ပေး

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဟာ ဒေါနစစ်ကြောင်းရဲ့ သင်တန်းဆင်းပွဲမှာ လက်နက် တပ်ဆင် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဟာ ဒေါနစစ်ကြောင်းရဲ့ သင်တန်းဆင်းပွဲမှာ လက်နက် တပ်ဆင် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်း စစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒေါနစစ်ကြောင်းရဲ့ မွမ်းမံသင်တန်း ဆင်းပွဲ အခမ်းအနားကို မနေ့က ကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး လက်နက်တွေ ပေးအပ်ခဲ့တာလို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်း ပြောကြားရာမှာ အမျိုးသား ညီညွတ်ရေး အစိုးရ အနေနဲ့ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်နေပြီး အောင်မြင်သင့်သလောက် အောင်မြင်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီကို မြန်မာ တစ်ပြည်လုံးက တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက တော်လှန်တိုက်ထုတ်နေတဲ့ အတွက် အာဏာရှင်တို့ နိဂုံးချုပ်တော့မှာဖြစ်ပြီး ပြည်တွင်း ပြည်ပ အင်အားစု အားလုံး ဟန်ချက်ညီညီ၊ စုဖွဲ့မှု အရှိန်အဟုန် ကောင်းမွန်စွာနဲ့ ရှေ့ဆက်နေနိုင်ပြီ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံရေး၊ စစ်ရေး ထူးကဲသာလွန်တဲ့ အကျိုးရလဒ်တွေ ဖြစ်ပေါ် တိုးတက်လျက်ရှိပြီး NUG ခေါင်းဆောင်တွေဟာ တော်လှန်ရေး ရဲဘော်တွေနဲ့အတူ မြေပြင်မှာ တသားတည်းရှိနေကာ စစ်မြေပြင် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ စစ်ဒေသကြီး‌တွေ အလိုက် ပြင်ဆင် ဆောင်ရွက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

တိုင်းရင်းသား မဟာမိတ် တော်လှန်ရေးအဖွဲ့တွေနဲ့ NUG ညီညီညွတ်ညွတ် စည်းစည်းလုံးလုံး ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်နေပြီး တော်လှန်ရေးမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်နေကြသူတွေရဲ့ ဇွဲနဘဲကြီးမှုကြောင့် မကြာမီ တော်လှန်ရေး အောင်ပွဲ အသီးအပွင့်တွေကို ခံစားကြရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်တွေ အားလုံး ယုံကြည်ချက် ခိုင်မာစွာ ထားရှိပြီး အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေး အခု ကြိုးစားအားထုတ်နေမှုထက် ပိုမို အားစိုက်ထုတ်ပေးကြဖို့လည်း သူက တိုက်တွန်း ပြောကြားပါတယ်။

ပြည်ထောင်စု ဝန်ကြီးချုပ်ဟာ ဒေါနစစ်ကြောင်း တာဝန်ရှိသူထံသို့ လက်နက်တွေ ပေးအပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိက ဒေါနစစ်ကြောင်း သင်တန်းဆင်း ရဲဘော်တွေကို ဝန်ကြီးချုပ်ကိုယ်စား ဂုဏ်ပြုငွေ ၁၀ သိန်းကျပ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စု ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက သင်တန်းဆင်း ရဲဘော် တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ တောင်ပိုင်းတိုင်း စစ်ဒေသမှ ဗိုလ်မှူးကြီးစောဖီးနစ်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ်(၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသမှူး ဗိုလ်စောရှား နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – NUG MOD။
MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now