မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ မီးရှို့စစ်ကြောင်း ခင်ဦးနယ်ထဲဝင်လာလို့ ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးရ

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတာကြောင့် ကျေးရွာတွေနေ ဒေသခံ ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Khin U Special Force Organization – KSO တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတာကြောင့် ကျေးရွာတွေနေ ဒေသခံ ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Khin U Special Force Organization – KSO တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။

မော်လိုက် အခြေစိုက် ခမရ (၃၆၄) နဲ့ မှော်ဘီ-ထူးကြီး အခြေစိုက် ခလရ (၇၀၁) ပူးပေါင်း စစ်ကြောင်းဟာ မနေ့က စပြီး ခင်ဦးမြို့နယ်မှာ လှည့်လည် မွှေနှောက် နေတာကြောင့် သရက်ပင်စု၊ အင်တိုင်းလေး၊ ရှားတော၊ မန်ကျည်းအုပ် စတဲ့ ကျေးရွာနေ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင် နေရတာ ဖြစ်ပါတယ်။

“မနေ့က မနက်ခင်း ၈ ရီလောက် ကတည်းက သူတို့ တပ် ၂ ခုပေါင်းပြီးတော့ ခင်ဦးမြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို ဝင်ရောက်ခဲ့တယ်။ ဝင်ရောက်ခဲ့တဲ့ အတွက် ဒေသခံတွေ အများစုက ထွက်ပြေး တိမ်းရှောင် ခဲ့ရတယ်ပေါ့။ သူတို့က ညနေခင်း ၄ နာရီလောက်မှ ထွက်သွားတယ်။ မနေ့က ပြန်ဆုတ်သွားတဲ့ စစ်ကြောင်းက အခုလောလောဆယ် ရေဦးမြို့ကနေ ထွက်ဖို့ပြင်နေတယ်လို့ သိရတဲ့အတွက် မနေ့က ထွက်ပြေးရတဲ့ ရွာတွေရော တခြားသော ကျေးရွာတွေရော အခု အထိတ်တလန့် ဖြစ်ပြီးတော့ ထွက်ပြေးနေရတယ်” လို့ KSO တာဝန်ရှိသူက ပြောပါတယ်။

မနေ့က ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ အင်တိုင်းလေးမြောက်ရွာမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သရက်ပင်စုရွာက နေအိမ် ၃ လုံးနဲ့ လျှပ်စစ် ထရန်စဖော်မာ တစ်လုံးကို မီးရှို့ဖျက်ဆီး သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွာသစ်ကုန်းကျေးရွာက ပျူစောထီး အခြေစိုက် စခန်း အနီးမှာရှိတဲ့ စိုက်ပျိုးရေး ဈေးတန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ ရေဦးမြို့နယ် မန်ကျည်းတောဘက်ကို ပြန်လည် ဆုတ်ခွာသွားကာ ဒီနေ့ မနက်မှာတော့ ခင်ဦးမြို့နယ်ထဲ ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့က သရက်ပင်စုကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းမှာ သံဃာတော် တွေကို ဒေသခံတွေရဲ့ အကြောင်း မေးမြန်းရာမှာ မဖြေရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပြီး သံဃာတွေထံက ဖုန်းတွေ သိမ်းဆည်း သွားတယ်လို့ သိရပါတယ်။

လက်ရှိ မူးမြစ်ကူး တံတားကနေ ခင်ဦးနယ် အနောက်ခြမ်းကို စစ်ကား တစ်စီး အင်အား အပြည့် လာရောက်ကာ အင်းပတ်ရွာအနီးမှာ အင်အား ၂၀ ခန့်ချပြီး ကားကတော့ ရေဦးဘက် ပြန်ထွက်သွားတာကြောင့် စစ်ကြောင်းနဲ့ အနီးတဝိုက် ကျေးရွာနေ ဒေသခံတွေ အနေနဲ့ မြေပြင် သတင်း ရယူပြီး သတိထား ရှောင်တိမ်းကြဖို့ Khin U SpecialForce Organization- KSO အဖွဲ့က ထုတ်ပြန်ထားပါတယ်။

MK-009

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပုံဟောင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now