မြန်မာ့နွေဦး

စစ်ကောင်စီက စီဒီအမ်ဆရာဝန်တွေကို ပိုပြီးအညှိုးတကြီး ပစ်မှတ်ထား ဒုက္ခပေးလာ

မဲခေါင် 14 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၄ ၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ညီညီညွတ်ညွတ်ဆန့်ကျင်ပြီး CDM လုပ်ခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ အလုပ်သမားတွေကို စစ်ကောင်စီက ပိုပြီးအညှိုးတကြီးနဲ့ ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ ကျန်းမာရေးစီဒီအမ်လုပ်သားတွေက အခိုင်အမာပြောဆိုနေကြပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၄

၂၀၂၁ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုကို ညီညီညွတ်ညွတ်ဆန့်ကျင်ပြီး CDM လုပ်ခဲ့ကြတဲ့ ဆရာဝန်တွေနဲ့ ဆေးဘက်ဆိုင်ရာ အလုပ်သမားတွေကို စစ်ကောင်စီက ပိုပြီးအညှိုးတကြီးနဲ့ ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ ကျန်းမာရေးစီဒီအမ်လုပ်သားတွေက အခိုင်အမာပြောဆိုနေကြပါတယ်။

ပြည်သူ့အစိုးရကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းမှုကို လက်မခံလို့ ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ဆိုင်ရာကျွမ်းကျင် သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ စုစုပေါင်း ၆၀၀၀၀ ဟာ စီဒီအမ်လုပ်ပြီး စစ်ကောင်စီ ယန္တရား မလည်ပတ်ဖို့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ အတင်းအကျပ် အလုပ်ပြန်လုပ်ခိုင်းမှုနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည် တာဝန်ထမ်းနေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေ ရှိပေမယ့် ဒီနေ့အထိ စီဒီအမ်လုပ်ထားဆဲက ၄၅၀၀၀ ရှိတယ်လို့ CDM ဆေးဘက်ဆိုင်ရာ ကွန်ရက် သတင်းရင်းမြစ်အရ သိရပါတယ်။

အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ ဆရာဝန်နဲ့ ဆေးဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်တွေကို ဖမ်းဆီးခဲ့တာ ၃၅၅ ယောက်ရှိပြီး CDM လုပ်လို့ ဆရာဝန်လိုင်စင်သိမ်းခဲ့တာ ၅၅၇ ယောက်ရှိပါတယ်။

ဆန္ဒပြမှုတွေကနေစပြီး ဆေးဘက်ဆိုင်ရာပရော်ဖက်ရှင်နယ်တွေ စစ်တပ်ရဲ့ ရက်စက်မှုကြောင့် သေဆုံးရတာ ၈၃ ယောက်ရှိပြီး ဒဏ်ရာ ရသူပေါင်း ၇၈၉ ယောက်ရှိတယ်လို့ စီဒီအမ်ဆေးဘက်ဆိုင်ရာကွန်ရက် အဖွဲ့က ကြေညာထားတယ်။

RFA ရဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလတစ်လတည်းမှာ ဆေးဘက်ဆိုင်ရာ ပညာရှင် အနည်းဆုံး ၁၅ ယောက် ထပ်မံဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

CDM ဆေးဘက်ဆိုင်ရာကွန်ရက်က CDM ဆရာဝန် ဒေါက်တာစစ်မင်းနိုင်က “စစ်ကောင်စီဟာ ဆေးဘက်ဆိုင်ရာပညာရှင်တွေကို ဆန့်ကျင်သူမှန်သမျှ ရန်သူတော် တွေအဖြစ်သတ်မှတ်ပြီး ပစ်မှတ်ထားဖမ်းဆီးမှုတွေပိုလုပ်လာတယ်။ ကျွန်တော်တို့က ပြည်သူဆန္ဒကို ဆန့်ကျင်၊ မတရားအာဏာသိမ်းတဲ့ အကြမ်းဖက်အုပ်စုအောက်မှာ ဆက်ပြီးအလုပ်မလုပ်ချင်လို့ စီဒီအမ်လုပ်ခဲ့ကြတာပါ” လို့ ပြောသွားခဲ့တယ်။

NUG အစိုးရလက်အောက်က အမျိုးသားကျန်းမာရေးနှင့်ပညာရေးဝန်ကြီးတာဝန်ယူထားတဲ့ ဒေါက်တာဇော်ဝေစိုး ကလည်း ဆရာဝန်တွေကို ဖမ်းဆီးသတ်ဖြတ်နေတာ မြန်မာနိုင်ငံကို စစ်ကောင်စီက ဖျက်ဆီးပစ်နေတာပဲ၊ တစ်ကိုယ် ကောင်းသမားတွေက အာဏာတည်မြဲဖို့အားလုံးကို ချနင်းတာပဲ၊ လုံး၀ မဖြစ်သင့်တာတွေပါ လို့ ဝေဖန် သွားခဲ့တယ်။

ဒီဇင်ဘာလအတွင်းဖမ်းဆီးခံခဲ့ရတဲ့ဆရာဝန်တွေထဲမှာ မန္တလေးဆေးတက္ကသိုလ်က ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ခွဲစိတ်ပါရဂူ ဒေါက်တာဝင်းခိုင်ပါဝင်ပြီး သူ့ကိုဆေးခန်းမှာ အရပ်ဝတ်နဲ့လာဖမ်းပြီးနောက် ဆက်စပ်တဲ့ ဆရာဝန်တွေကို ထပ်ရှာဖွေဖမ်းဆီးနေပါတယ်။

ဒါအပြင် မန္တလေးက ပုဂ္ဂလိက ဆေးရုံ ငါးရုံကိုလည်း ပိတ်လိုက်ပါတယ်။ ကလေးပြည်သူ့ဆေးရုံက ဆရာဝန် မြင့်မိုကျော်နဲ့ ဆက်စက်သူတွေကိုလည်း စီဒီအမ်မှာပါဝင် တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါတယ်။

MKF – 001
Ref:RFA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now