မြန်မာ့နွေဦး

စစ်ကောင်စီက အခွန်ကောက်လို့ ရှမ်းပြည်က သဘာ၀ အပန်းဖြေစခန်းတွေ ပိတ်ရမလိုဖြစ်နေ

မဲခေါင် 14 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၄ သဘာဝ တောတောင် ရှူခင်းတွေနဲ့ တွဲဖက်ထားတဲ့ ရှမ်းပြည်နယ်က သဘာ၀ အပန်းဖြေ စခန်းတွေကို စစ်ကောင်စီက ဝင်ငွေခွန် စတင်ကောက်ခံ နေတာကြောင့် ဝင်ငွေနဲ့ မျှတတဲ့ နှုန်းထား မဟုတ်ပါက လုပ်ငန်း ပိတ်သိမ်းရမလို ဖြစ်နေတယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရီးသွား လုပ်ငန်းရှင်တွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၄

သဘာဝ တောတောင် ရှူခင်းတွေနဲ့ တွဲဖက်ထားတဲ့ ရှမ်းပြည်နယ်က သဘာဝ အပန်းဖြေ စခန်းတွေကို စစ်ကောင်စီက ဝင်ငွေခွန် စတင်ကောက်ခံ နေတာကြောင့် ဝင်ငွေနဲ့ မျှတတဲ့ နှုန်းထား မဟုတ်ပါက လုပ်ငန်း ပိတ်သိမ်းရမလို ဖြစ်နေတယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရီးသွား လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီက ရှမ်းပြည်နယ် အတွင်းရှိ သဘာဝ အပန်းဖြေစခန်း တစ်ချို့ကို ဝင်ငွေခွန် စတင် ကောက်ခံနေပြီး ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် စတင် ပေးဆောင်နေရသူတွေ ရှိနေပြီ ဖြစ်ရာ လက်ရှိ ကာလ နေ့စဉ်ဝင်ငွေ ခန်းမှန်းရ ခက်ခဲတဲ့ အတွက် နှုန်းထား မြင့်မားစွာ သတ်မှတ် ကောက်ခံမှာကို စိုးရိမ်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“တကယ်တော့ အရပ်သား အစိုးရခေတ် လက်ထက်မှာ ခရီးသွား လုပ်ငန်း ပိုပြီး ချဲ့ထွင်နိုင်ဖို့ အခုလို အခွန်ကောက်တာ မရှိဘူး။ စစ်ကောင်စီက ငွေရပေါက် ကြံဖန်တဲ့ သဘောပေါ့။ မြေပြင် အခြေနေနဲ့ တစ်နေ့ဝင်ငွေကို မှန်းဆလို့ မရဘူး။ သင့်တင့်မျှတတဲ့ နှုန်းထား မဟုတ်ရင်တော့ လုပ်ငန်း ရပ်ဆိုင်းရမယ့် သဘော ရှိတယ်။ နိုဝင်ဘာ ဒီဇင်ဘာက ဧည့်သည် ဝင်ပေမယ့် နယူးရီးယား နောက်ပိုင်း ညောင်ရွှေ တိုက်ပွဲကြောင့် ဘိုကင် လုပ်ထားတာတွေပါ ပြန်ဖျက်သွားပြီး အခုလို တင်းကျပ်မှုတွေ လုပ်နေတာကြောင့် ခရီးသွား လုပ်ငန်းက ပိုဆိုးသွားနိုင်ပါတယ်” လို့ ရှမ်းတောင်ရှိ အပန်းဖြေ စခန်း ပိုင်ရှင် တစ်ဦးက ဆိုပါတယ်။

NLD အစိုးရ လက်ထက်က သဘာဝကို အခြေခံတဲ့ ခရီးသွား လုပ်ငန်းတွေကို ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လိုင်စင် ၄ မျိုးထဲ ထည့်သွင်းတာ ဝင်ငွေခွန် ကောက်ခံတာ မရှိဘဲ ကုမ္ပဏီ အနေနဲ့သာ အခွန်ဆောင်ခိုင်းကာ လုပ်ငန်း တိုးတက်ဖို့ ဦးစားပေးခဲ့ပေမယ့် စစ်ကောင်စီ ကတော့ ယိမ်းယိုင်နေတဲ့ ခရီးသွား လုပ်ငန်းကို ရပ်ဆိုင်းအောင် တင်းကျပ်မှုတွေ လုပ်နေတယ်လို့လည်း သူကပြောပါတယ်။

“ဒီကာလမှာ တည်းခို လာရောက် လည်ပတ်မယ့် စရိတ်တောင် နှုန်းထား သတ်မှတ်လို့ မရဘူး။ ဧည့်သည်နဲ့ ညှိနိူင်း လုပ်ဆောင်နေရတာ။ ဘယ်လို ပုံစံမျိုးနဲ့ ကောက်မှာလဲပေါ့။ မီတာခ ကောက်ခံတာ၊ အခြား အခွန်တွေ ကောက်သလို ကျသင့်ငွေ အတိုင်း မဟုတ်ဘဲ သူတို့ ခန့်မှန်းခြေ အတိုင်း ကောက်မယ်ဆို လုပ်ငန်းရှင်က လုပ်ငန်း ရပ်ဆိုင်းရမှာပဲ။ ပိတ်ထားတဲ့ ဟိုတယ်တောင် အခွန်အခတွေ ကောက်နေတာ။ အခုက ဧည့်သည် အဝင်ကလည်း မရှိ၊ လုံခြုံမှု မရှိရင် ပြည်ပရော ပြည်တွင်းကရော လာပြီး လည်ပတ်မှာ မဟုတ်ဘူး” လို့ ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

သဘာ၀ ရှူခင်းတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အပန်းဖြေစခန်း အများစုဟာ ရှမ်းပြည်နယ်မှာရှိပြီး ကလောမြို့နဲ့ အင်းလေးဒေသကို ခရီးသွားတွေ ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now