မြန်မာ့နွေဦး

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရမှာကို ပညာရေးဝန်ထမ်းတွေ စိုးရိမ်

မဲခေါင် 5 Jan - 2023
အာဏာသိမ်း စစ်တပ်ဟာ ဒီနှစ် ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောထားပြီး အဲဒီ အတွက် ပြင်ဆင် မှုတွေကို ဆက်တိုက် လုပ်နေတာကြောင့် ရွေးကောက်ပွဲ တာဝန်တွေ ထမ်းဆောင်ရမှာကို ပညာရေး ဝန်ထမ်းတွေ ကြားမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပညာရေး အသိုင်းဝိုင်းမှ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပညာရေး ဝန်ထမ်း ဆရာ၊ ဆရာမ တွေဟာ မဲရုံမှူး၊ မဲရုံနဲ့ ကြိုတင်မဲ စတဲ့ ရွေးကောက်ပွဲ တာဝန်တွေကို ရိုးသား ဖြောင့်မတ်စွာ ထမ်းဆောင်ခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီကတော့ ပညာရေး ဝန်ထမ်းတွေဟာ ရိုးသားမှု မရှိဘူးလို့ စွပ်စွဲခဲ့ပြီး ဖမ်းဆီး အရေးယူခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ကျွန်မတို့က Non CDM တွေပါ။ မတတ်သာလို့ လုပ်ငန်းခွင် ပြန်ဝင်လိုက်ရတယ်။ အခုဆို ပညာရေး ဝန်ထမ်းတွေကို မဲရုံးမှူး သင်တန်း ပေးနေတာတွေရှိတယ်။ စားဝတ်နေရေး အတွက် တာဝန်ထမ်းဆောင် နေရသော်လည်း ရွေးကောက်ပွဲ သွားစောင့်ရမှာ ဆိုတော့ မလွဲမရှောင် အသက်အန္တရာယ် လုံခြုံရေး စိုးရိမ်မှု တွေရှိလာပြီ 

လို့ Non CDM ဆရာမတစ်ဉီးကပြောပါတယ်။

ဒီမိုကရေစီ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေ အပါအဝင် တစ်နိုင်ငံလုံး နေရာ အနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ဇန်နဝါရီ ၁ ရက် သူ့ရဲ့နှစ်သစ်မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်မတို့ ပညာရေး ဝန်ထမ်းတွေ မဲရုံစောင့်စဉ်က တရားဝင်ပုံစံ အဆင့်ဆင့်ကို မခိုးမဝှက် အကောက်မကြံပဲ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တယ်။ ကျွန်မတို့ ဆရာ၊ ဆရာမအားလုံး မဲမ လိမ်မဲမခိုး သလို မည်သည့်ပါတီ ကမျှ မဲလိမ်မဲခိုးခြင်း မရှိတာကို မဲရုံစောင့်တဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် သိရှိတယ် 

လို့ CDM ဆရာမ တစ်ဉီးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီ ကျင်းပမယ့် ဆိုတဲ့ ရွေးကောက်ပွဲကို ပြည်သူလူထု တရပ်လုံးက ဆန့်ကျင်နေတဲ့ နည်းတူ စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ ကိစ္စရပ်တွေမှာ ပူးပေါင်း ပါဝင်တာတွေ မလုပ်ဖို့ စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေက လေးလေးနက်နက် သတိပေးတာ ပါတယ်။

မြန်မာနိင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွေမှာ ပညာရေး ဝန်ထမ်းတွေဟာ မဲရုံမှူး၊ ဒုမဲရုံမှူး အပါအဝင် ရွေးကောက်ပွဲ တာဝန်တွေ ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now