မြန်မာ့နွေဦး

လူသေဆုံးမှုမရှိတဲ့နည်းလမ်းကိုအခြေခံပြီး နိုင်ငံရေးထွက်ပေါက်ရအောင်လုပ်ရင် အပြန်အလှန်အနေနဲ့ ကြွေးမြီနဲ့ရင်းနှီးမြုပ်နှံမှုကို ပြန်စဉ်းစားပေးမယ်လို့ မင်းအောင်လှိုင်ကို တရုတ်ကမ်းလှမ်း၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအားလုံးကို ပြန်ဖွင့်ပေးသွားမယ်လို့လည်း ဆို

မဲခေါင် 4 Jan - 2023
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ အကြမ်းဖက်တာ၊​ လက်နက်နဲ့ အင်အားသုံးတဲ့ နည်းလမ်းတွေနဲ့ မသုံးဘဲ နိုင်ငံရေးအခြေကျအောင်လုပ်တဲ့နည်းလမ်းကို သုံးဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှစ်သစ် တုံဆိုင်ချွန်က အာဏာသိမ်းစစ်တပ်နဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့၊ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှာ နေပြည်တော်ကိုလာတဲ့ သူ့ရဲ့မိတ်ဆက်ခရီးမှာ တုံဆိုင်ချွန်က အခုလို ပြောဆိုလိုက်တာပါ။

မဲခေါင်သတင်းဌာနရဲ့ သတင်းရင်းမြစ်တွေဆီကနေ ရတဲ့ အချက်အလက်တွေအရ တုံဆိုင်ချွန်ဟာ အာဏာသိမ်းစစ်ကောင်စီကို အချက် ၃ချက် အဓိကထားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ နယ်စပ်ထွက်ပေါက်တွေ၊ ကုန်သွယ်လမ်းကြောင်းအားလုံးကို ပြန်ဖွင့်ပေးဖို့ အာမခံသလို ကြွေးမြီနဲ့ ရင်းနီးမြုပ်နှံမှုတွေကိုလည်း ပြန်စဉ်းစားမှာဖြစ်တဲ့အကြောင်း၊ စစ်ကောင်စီဘက်ကလည်း အပြန်အလှန်အနေနဲ့ လူသေဆုံးမှုမရှိတဲ့ နည်းလမ်းတွေကိုအခြေခံပြီး နိုင်ငံရေးထွက်ပေါက်ရအောင် အားထုတ်ဖို့ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက မဲခေါင်ကိုပြောပါတယ်။

အဓိကကတော့ အကြမ်းမဖက်ဖို့ပေါ့။ တွေ့ဆုံဆွေးနွေးဖို့ပေါ့။ ဒါပေမယ့် ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပါဆိုတာတော့ တိုက်ရိုက်မပါဘူး

လို့ သူက ပြောပါတယ်။

ဒါ့အပြင် တရုတ်ကိုယ်စားလှယ်သစ်ရဲ့ ပြောဆိုချက်တွေထဲမှာ အမေရိကန်က NDAA ပြဌာန်းလိုက်တဲ့အပေါ်စိုးရိမ်းကြောင်းလည်း ပါဝင်တယ်လို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။

အမေရိကန်က တရုတ်ကို အာခံနေတဲ့ထိုင်ဝမ်းကို ကန်ဒေါ်လာ ၂ဘီလီယံ စစ်ရေးချေးငွေပေးပြီး စစ်လက်နက်နည်းပညာတွေရောင်းချဖို့အချက်ပါဝင်တဲ့ NDAA ဥပဒေ အတည်ပြုလိုက်တဲ့အပေါ် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ကန့်ကွက်နေတာလည်းဖြစ်ပါတယ်။

တရုတ်အထူးကိုယ်စားလှယ်သစ်ဟာ နေပြည်တော်ကိုမလာခင်မှာ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ ပါဝင်တဲ့ FPNCC နဲ့လည်း တရုတ်နိုင်ငံယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

UWSA၊ AA၊ KIA၊ SSPP၊ MNDAA – ကိုးကန့်၊ NDAA – မိုင်းလားနဲ့ TNLA အဖွဲ့တွေပါဝင်တဲ့ FPNCC နဲ့တွေ့ဆုံရာမှာတော့ မိတ်ဆက်တဲ့သဘောသာဖြစ်ပြီး ထူးထူးခြားခြားဆွေးနွေးတာမရှိဘူးလို့ SSPP နဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကိုပြောပါတယ်။

တရုတ်နိုင်ငံရဲ့ရပ်တည်ချက်က အများကြီးပြောင်းလဲသွားတာမရှိပါဘူး။ အကြမ်းဖက်မှုတွေရှောင်ဖို့ အားလုံးကို သူတို့ ပွင့်ပွင့်လင်းလင်းတိုက်တွန်းသွားတယ်။ စကစအပါအဝင်ပေါ့ 

လို့ သူက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် FPNCC ထဲက အဖွဲ့ ၃ဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဇန်နဝါရီ ၆ ရက်၊ နေပြည်တော်မှာ တွေ့ဆုံဖို့လည်းရှိနေပါတယ်။ ဒါဟာ သူတို့အကြား စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းရေးအကြောင်းပြကာ တတိယအကြိမ်တွေ့ဆုံကြမှာလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now