မြန်မာ့နွေဦး

လက်နက်ကြီး ဒဏ်ကြောင့် ညောင်ကားယားရွာဒေသခံ ၁၀၀၀ ကျော် ရွာမပြန်နိုင်သေးဘဲ အကူအညီလိုအပ်နေ

မဲခေါင် 1 Jan - 2023
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ညောင်ကားယားရွာဒေသခံတွေဟာ ၁ ပတ်ကျော်ကြာလာတဲ့ထိ ရွာမပြန်နိုင်သေးဘဲ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ အဝတ်အထည်အကူအညီတွေ လိုအပ်နေတယ်လို့မြောင်ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုနွေဦး-(မြောင်)က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ကစပြီး ဧရာဝတီမြစ်အရှေ့ဘက် မြင်းခြံမြို့နယ်တွင်းကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းတွေကနေ မြစ်အနောက်ကမ်းက ညောင်ကားယားရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ အိမ်မပြန်ရဲဘဲ အနီးဝန်းကျင် တောတောင်တွေထဲမှာပဲ ဖြစ်သလိုနေထိုင်စားသောက်နေရတယ်လို့ ဆိုပါတယ်။

အဓိက ကတော့ အစားအသောက်ခက်ခဲနေတယ်ဗျ၊ စားသောက်ကုန်လိုအပ်တယ်၊ ကျွန်တော်တို့လည်း ကူညီနိုင်တာတော့ ကူညီတယ်၊ နေ့စဉ်ရက်ဆက်ကြီးဆိုတော့ ကုန်ကျစရိတ် လူ ၁၀၀၀ ကျော်ကြီးဆိုတော့ နေ့စဉ် အလျဉ်မီအောင် မကူနိုင်ဘူးဖြစ်နေတာပေါ့၊ ပြီးခဲ့တဲ့ရက်ကလည်း ညမှ ထမင်းထုတ်တွေသွားဝေရတာပေါ့နော်၊ တောထဲမှာ စားဖို့ကအခက်အခဲဖြစ်လို့ဆိုပြီး လှမ်းပြီးအကူအညီတောင်းလို့ ဆန်တွေဆီတွေဝေပြီး အဲ့ဒီနောက်ရက်ကိုမှ ထမင်းထုတ်တွေ ၁၂၀၀ စာ ညကိုးနာရီလောက်မှပဲပြီးတာပေါ့

လို့ စစ်ဘေးရှောင်တွေကိုကူညီပေးနေသူ ကိုနွေဦး-(မြောင်)က ပြောပြပါတယ်။

စစ်တပ်ရဲ့ အချိန်အခါမရွေး လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေရပ်မပြန်ရသေးတဲ့ ညောင်ကားယားရွာဒေသခံတွေဟာ အနီးဝန်းကျင်တောတောင်တွေထဲမှာ မိုးကာစတွေတဲထိုးပြီးနေကြသလို၊ သစ်ပင်အောက်တွေမှာပဲ အခင်းခင်းပြီးအိပ်ကြရတာတွေရှိတယ်လို့လည်း သိရပါတယ်။

တောထဲမှာ မိသားစုလိုက် သစ်ပင်တွေအောက်မှာ အိပ်ပြီးတော့နေကြရတယ်၊ ဆယ်ရက်လောက်တော့ရှိပြီ ဒါပေမယ့် ကြာဦးမှာ ဘာလို့လဲဆိုတော့ ရွာမပြန်ရဲဘူး၊ တဖက်ကမ်းကနေ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်တာနဲ့ အီနာဂါနဲ့ လာလာချတဲ့အတွက်ကြောင့် ရွာထဲမနေရဲဘူး၊ တိုက်ပွဲရှိလို့မဟုတ်ဘူးဗျ၊ သက်သက်မဲ့ပစ်တာပေါ့

လို့ ကိုနွေဦး-(မြောင်)က ဆက်ပြောပါတယ်။

မြောင်မြို့နယ်တွင်းက တချို့ရွာတွေကလည်း အခုလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ညဘက်ပိုင်းတွေဆို တောတောင်ထဲမှာ ရှောင်တိမ်းအိပ်ကြရပြီး မနက်ပိုင်းမှ ရွာထဲပြန်ဝင် အလုပ်လုပ်လို့ရတဲ့ အခြေအနေတွေရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ စစ်ဘေးရှောင်တွေအတွက် သွားရောက်ကူညီပေးမယ့်အဖွဲ့တွေကိုလည်း လက်နက်ကြီး နဲ့ လှမ်းပြီးပစ်ခတ်တာတွေရှိလို့ စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့တာတွေ ထပ်လုပ်ခဲ့ရသေးတယ်လို့လည်းသိရပါတယ်။

စစ်ရှောင်ကူညီတဲ့သူတွေအနေနဲ့ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးအတွက် ဆေးဝါးနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းပြီး ကျန်းမာရေးအဖွဲ့တွေနဲ့ အတူ ထပ်မံသွားရောက်ကူညီပေးဖို့ ရှိနေတယ်လို့လည်းဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ အောက်တိုဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေတုန်းကလည်း ညောင်ကားယား ရွာထဲက နေအိမ်တွေကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အားလုံးနီးပါးမီးလောင်ပြာကျခဲ့တယ်လို့သိရပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၁ ဒဿမ ၄ သန်းကျော် ရှိလာပြီး စစ်ကိုင်းတိုင်းထဲမှာပဲ စစ်ရှောင်ဦးရေ ၁ သိန်းဝန်းကျင်ထိရှိလာနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားတဲ့ စာရင်းအချက်အလက်တွေအရသိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now