မြန်မာ့နွေဦး

မြိုင်နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာ ထပ်မံ မီးရှို့ဖျက်ဆီ

မဲခေါင် 30 Dec - 2022
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ကျေးရွာ ၃ ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးသွားတယ်လို့ ‌ဒေသခံတွေထံမှ သိရပါတယ်။

မနေ့ မနက် ၉ နာရီခွဲက စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ် မြောက်ပိုင်းရှိ မန်ကျည်းလေးပင်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၃၆ လုံး မီးလောင်ပျက်စီး သွားခဲ့တယ်လို့ We Love Myaing အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် မနေ့က နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီတပ်က ကန်နက်ကျေးရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ညက အိုးဘိုကျေးရွာမှာ ညအိပ်ခဲ့ပြီးနောက် ဒီကနေ့ မနက် ၄ နာရီ မိနစ် ၂၀ ခန့်မှာ အိုးဘိုရွာကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မနက် ၆ နာရီခန့်မှာ အိုးဘိုရွာမှ ထွက်ခွာလာခဲ့ပြီး မနက် ၇ နာရီခန့်မှာ မင်းသားကျရွာ အနီးသို့ ရောက်ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်က မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်များခဲ့ကာ PDF ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီနေ့က မြိုင်မြို့နယ်၊ ဖောင်းကားကျေးရွာမှ ပြည်သူ ၄ ဦးကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် တောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ CDM ဆရာမရဲ့ ဖခင်ဖြစ်သူ အသက် ၈၆ နှစ်အရွယ် အဘိုးအို တစ်ဦးကိုပါ မီးရှို့ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

တောင်ရွာရှိ နေအိမ်ပေါင်း ၄၅ လုံး၊ ကားနဲ့ ဆိုင်ကယ်‌တွေ၊ မြေပဲတင်း ၃၀၊ စပါးတင်း ၅၀၊ နှမ်းတင်း ၄၀ လည်း မီးထဲ ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက မြိုင်မြို့နယ် အရှေ့တောင်ပိုင်းရှိ ကင်းကျေးရွာသို့ ဝင်ရောက်ကာ အမျိုးသား တစ်ဦးကို ရိုက်နှက် သတ်ဖြတ်ခဲ့ပြီး အဲဒီစစ်ကြောင်းကြောင့် ထွက်ပြေးခဲ့တဲ့ အသက် ၈၀ ခန့် အဘွားအို တစ်ဦးလည်း အမောဖောက် သေဆုံးခဲ့တယ်လို့ We Love Myaing အဖွဲ့က ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now