နေ့စဥ်သတင်း

ရလခ စစ်တိုင်းမှူးအသစ် ခန့်အပ်ပြီး ကရင်နီနှင့် နေပြည်တော် နယ်မြေများသို့ စစ်ဆင်ရေးအာဏာ တိုးမြှင့် သုံးစွဲလာနိုင်

မဲခေါင် 1 Oct - 2026
မဲခေါင်၊ အောက်တိုဘာ ၁ ​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ ​အလားတူ ခိုလန်မြို့ရှိ တိုင်းစစ်ဌာနချုပ်နေရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ/ခိုလမ်) အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပြီး ဒကစမှူးအဖြစ် ယခင် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်သက်(အလုပ်သင် ၂၅)ကို ပြန်လည်ခန့်အပ်ထားကြောင်း သိရသည်။ ထိုသို့ ပြင်ဆင်ဖွဲ့စည်းမှုများသည် ရှမ်းပြည်နယ်အတွင်းမှ အဆင့်ဆင့် ခွာစစ်ဆင်လာရခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။ ယခု စစ်တိုင်းအဆင့် တိုးမြင့်လိုက်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၏ လက်အောက်တွင် ခလရ (၅၄)

မဲခေါင်၊ အောက်တိုဘာ ၁

​စစ်ကောင်စီသည် ဒေသကွပ်ကဲရေးမှူး (လွိုင်ကော်) ဖြစ်သူ ဗိုလ်မှူးချုပ် ဝေလင်းအောင် (DSA 42) အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) ၏ တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။

​အလားတူ ခိုလန်မြို့ရှိ တိုင်းစစ်ဌာနချုပ်နေရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ/ခိုလမ်) အဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ပြီး ဒကစမှူးအဖြစ် ယခင် ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးကြီး အောင်ကျော်သက်(အလုပ်သင် ၂၅)ကို ပြန်လည်ခန့်အပ်ထားကြောင်း သိရသည်။

ထိုသို့ ပြင်ဆင်ဖွဲ့စည်းမှုများသည် ရှမ်းပြည်နယ်အတွင်းမှ အဆင့်ဆင့် ခွာစစ်ဆင်လာရခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

ယခု စစ်တိုင်းအဆင့် တိုးမြင့်လိုက်သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) ၏ လက်အောက်တွင် ခလရ (၅၄) – လွိုင်ကော်၊ ခလရ (၇၂) – လောပိတ၊ ခလရ (၁၃၄) – ဖားဆောင်း၊ ခလရ (၁၃၅) – ဖားဆောင်း၊ ခမရ (၃၃၇) – ဘော်လခဲ၊ ခမရ (၄၂၈) – ဖရူးဆို၊ ခမရ (၄၂၉) – ဘော်လခဲ၊ ခမရ (၄၃၀) – ဘော်လခဲ၊ ခမရ (၅၃၀) – လွိုင်လင်လေးနှင့် ခမရ (၅၃၁) – ဖရူးဆို စသည့် တပ်ရင်းများပါသည်။

​စစ်တပ်၏ ကွပ်ကဲမှု အပြောင်းအလဲနှင့် ပတ် သက်၍ CDM ဗိုလ်ကြီးဇင်ယော်က “ဒေသကွပ်ကဲမှူးဆိုတာက Admin Authority (စီမံခန့်ခွဲမှု အာဏာ) ပဲရှိတယ်။ Operation Authority (စစ်ဆင်ရေး အာဏာ) မရှိဘူး။ အခု အာဏာသိမ်းပြီးမှသာ စစ်ဆင်ရေး အာဏာတွေကို လုပ်လာတာ။ အဲ့တော့ ရှမ်းအရှေ့အလယ်ပိုင်းမှာ စစ်ဆင်ရေး အာဏာ လျှော့ချလိုက်တာပေါ့။ အဓိကကတော့ ရှမ်းအဖွဲ့တွေဖြစ်တဲ့ UWSA၊ RCSS၊ SSPP စတဲ့ အဖွဲ့တွေကို စစ်ဆင် ရေး အနေအထား လျှော့ချလိုက်ပြီးမှ ကရင်နီဒေသမှာ Operation Command ကျင့်သုံးမှာဖြစ်လို့ Command တစ်ခု တိုးလာတဲ့ အနေအထားပါပဲ” ဟု ပြောသည်။

​ဆက်လက်၍ ၎င်းက “ရှမ်းပြည်မှာ စစ်ဆင်ရေးအာဏာ လျှော့လိုက်ပေမဲ့ ကရင်နီနဲ့ နေပြည် တော် ဆက်စပ်နယ်မြေတွေမှာ စစ်ဆင်ရေးအာဏာကို ပိုပြီးတော့ သုံးလာမယ်၊ ထိုးစစ်တွေ လုပ်လာမယ်။ အဓိကကတော့ ကရင်နီ၊ ကရင်၊ သံတောင်၊ မြောင်းမြ (သို့မဟုတ် မြောင်းပိုင်း) နဲ့ စစ်တောင်းမြစ်ဝှမ်း ဒေသတွေကို ထိုးစစ်ဆင်နိုင်တယ်” ဟု သုံးသပ်ပြောကြားသည်။

​အခြား စစ်ရေးလေ့လာသူ တစ်ဦးကလည်း စစ်ကောင်စီသည် ရှမ်းပြည်အလယ်ပိုင်းတွင် စစ်ရေး လျှော့ချလိုက်ပြီး နေပြည်တော်၏ ဝင်ပေါက်ဖြစ်သော ကရင်နီဒေသကို ပအိုဝ်းအထူးဒေသ (၆) နယ်မြေနှင့် တွဲဖက်ကာ ကာကွယ်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရှမ်းတောင်နယ်မြေနှင့် ဆက်စပ်၍ စစ်ရေးနှင့် လုံခြုံရေး အဆင့်မြှင့်တင်မှုများ ပြုလုပ်လာခြင်းကြောင့် ရှမ်းတောင်နှင့် ကရင်နီဒေသများတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း သုံးသပ်ထားသည်။

ယခု ရလခနှင့် တွဲဖက်၍ ဖယ်ခုံအခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၇) လက်အောက်မှ ခလရ (၁၀၂) – ငွေတောင်၊ ခလရ (၂၅၀) – လွိုင်ကော်၊ ခလရ (၂၆၁) – လွိုင်ကော်၊ ခမရ (၃၃၆) – ဖယ်ခုံ၊ ခမရ (၄၂၁) – ဖယ်ခုံ၊ ခမရ (၄၂၃) – ဆီဆိုင်၊ ခမရ (၄၂၄) – ဆီဆိုင်၊ ခမရ (၄၂၅) – ဘန်းယဉ်၊ ခမရ (၄၂၆) – ဘန်းယဉ်နှင့် ခမရ (၄၂၇) ငွေတောင် တပ်ရင်းများမှ ကရင်နီနှင့်ရှမ်းတောင်ကို စစ်ရေးအကူအညီအဖြစ် လုပ်ဆောင်မည်ဟု ခန့်မှန်းသည်။

၎င်းအပြင် ရပခ လက်အောက်ခံ မိုးဗြဲအခြေ စိုက် ခမရ ၄၂၂ မှလည်း ပစ်ကူ၊ စစ်ကူ လုပ်ဆောင်နေမည်ဖြစ်သည်ဟုဆိုသည်။

ကရင်နီပြည်ရှိ တော်လှန်ရေးတပ်များမှာ လွိုင်ကော်၌KNDF၊ KA၊ Loikaw PDF နှင့် ပူးပေါင်းတပ်များ၊ ဒီမော့ဆို၌ KNDF၊ DMO-PDF၊ KA နှင့် မဟာမိတ်များ၊ ဖရူဆို၌ KNDF၊ KA၊ Hpruso/ဒေသခံတပ်များ ဘောလခဲ၌ KNDF၊ Bawlakhe PDF၊ KA/KNSO ဆက်စပ်တပ်များ၊ ဖားဆောင်း၌ KNDF၊ ဒေသခံတော်လှန်ရေးတပ်များ၊ မယ်စဲ့၌ KNDF၊ KNPLF/KPLA၊ KA နှင့် မဟာမိတ်များ ရှိသည်။

လက်ရှိ ကရင်နီနှင့် ရှမ်းတောင်ဒေသတွင် တော်လှန်ရေးတပ်များဘက်မှ အဓိကဆက်စပ်တပ်ဖွဲ့များမှာ မိုးဗြဲ၌ KNDF ဗျူဟာ (၁)၊ ဗျူဟာ (၈)၊ PDF/Local Forces၊ ဖယ်ခုံ၌ KNDF BO-3၊ BO-11 နှင့် ဒေသခံ PDF မဟာမိတ်များ၊ ဖယ်ခုံ နှင့် ပင်လောင်းကြား KNDF BO-22 နှင့် မဟာမိတ် PDF များ၊ ပင်လောင်း KNDF ဗျူဟာ (၈) နှင့် ၎င်းအောက် တပ်ဖွဲ့များ၊ ပေါင်းလောင်း၌ KNDF BO-24 နှင့် ဆက်စပ် ဒေသခံတော်လှန်ရေးတပ်များ၊ မိုးဗြဲ–ဖယ်ခုံ–ကရင်နီနယ်စပ်၌ အမှတ် (၁) အယ်လ်ဖာစစ်ဒေသအဖြစ် ပူးပေါင်းဖွဲ့စည်းထားသော တပ်ဖွဲ့များ က စစ်ကောင်စီ ကို တော်လှန်တိုက်ခိုက် လျက်ရှိသည်။

#MeKongNews
#လွိုင်ကော်
#ရလခ
#ရှမ်းအလယ်
#ကရင်နီ
#နေပြည်တော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းလားတွင် မော်တော်ယာဉ်များကို ဖမ်းဆီးစစ်ဆေးနေပြီး ဒဏ်ကြေးနှင့်ယာဉ်မောင်းလိုင်စင် အောင်မြင်မှသာ ပြန်လည်ထုတ်ပေးနေ

မဲခေါင်၊၊ အောက်တိုဘာ ၁ ​အထူးဒေသ (၄) မိုင်းလားမြို့တွင် စည်းကမ်းပျက်ကွက်သည့် မော်တော်ဆိုင်ကယ်နှင့် မော် တော်ယာဉ်များကို တာဝန်ရှိသူများက စစ်ဆေးဖမ်းဆီးလျက်ရှိပြီး သိမ်းဆည်းခံရသည့် ယာဉ်များကို ပြန်လည်ရွေးယူရန်အတွက် အမှုအလိုက် ကျသင့်ဒဏ်ကြေးနှင့် ယာဉ်မောင်းလိုင်စင် စာမေးပွဲ အောင်မြင်မှသာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now