နေ့စဥ်သတင်း

PNO ပြည်သူ့စစ်က စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေပြီး ၃ နှစ်စာချုပ် ချုပ်ဆိုခိုင်း

မဲခေါင် 30 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၃၀ ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်-PNO က စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေပြီး ပါဝင်သူများကို ၃ နှစ်စာချုပ် ချုပ်ဆိုခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ကျေးရွာအတွင်းရှိ လူငယ်များကို စစ်သားအဖြစ် ပါဝင်ရန် ခေါ်ယူနေသည့်အပြင် နိုင်ငံခြားရောက်ရှိနေသူအချို့ကိုလည်း နေရပ်သို့ ပြန်လာရန် အကြောင်းကြားထားကြောင်း ဒေသခံများက ပြောသည်။ “စစ်သားအဖြစ် ဝင်ဖို့ လူငယ်တွေကို ခေါ်နေပါတယ်။ ဝင်တဲ့သူတွေက ၃ နှစ်စာချုပ် ချုပ်ရတယ်လို့ သိရတယ်။ နိုင်ငံခြားရောက်နေတဲ့သူတချို့ကိုလည်း ပြန်လာဖို့ ခေါ်တာရှိတယ်” ဟု ကျောက်တန်းဒေသခံတစ်ဦးက ပြောသည်။ စစ်သားအဖြစ် ပါဝင်ရန် မလိုက်ပါလိုသူများအနေဖြင့်လည်း ငွေကြေးပေးဆောင်၍ ရှောင်လွှဲရသည့် အခြေအနေရှိနေပြီး ကျေးရွာအတွင်း စစ်မှုထမ်းရေးအတွက်

မဲခေါင်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်-PNO က စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေပြီး ပါဝင်သူများကို ၃ နှစ်စာချုပ် ချုပ်ဆိုခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

ကျေးရွာအတွင်းရှိ လူငယ်များကို စစ်သားအဖြစ် ပါဝင်ရန် ခေါ်ယူနေသည့်အပြင် နိုင်ငံခြားရောက်ရှိနေသူအချို့ကိုလည်း နေရပ်သို့ ပြန်လာရန် အကြောင်းကြားထားကြောင်း ဒေသခံများက ပြောသည်။

“စစ်သားအဖြစ် ဝင်ဖို့ လူငယ်တွေကို ခေါ်နေပါတယ်။ ဝင်တဲ့သူတွေက ၃ နှစ်စာချုပ် ချုပ်ရတယ်လို့ သိရတယ်။ နိုင်ငံခြားရောက်နေတဲ့သူတချို့ကိုလည်း ပြန်လာဖို့ ခေါ်တာရှိတယ်” ဟု ကျောက်တန်းဒေသခံတစ်ဦးက ပြောသည်။

စစ်သားအဖြစ် ပါဝင်ရန် မလိုက်ပါလိုသူများအနေဖြင့်လည်း ငွေကြေးပေးဆောင်၍ ရှောင်လွှဲရသည့် အခြေအနေရှိနေပြီး ကျေးရွာအတွင်း စစ်မှုထမ်းရေးအတွက် ငွေကြေးကောက်ခံမှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

“ရွာမှာတော့ စစ်သားမလိုက်နိုင်တဲ့သူတွေက ငွေနဲ့ ဖြေရှင်းပေးနေရတာတွေ ရှိတယ်။ ဘယ်လောက်ပေးရတယ်ဆိုတာကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဟိုပုံးမြို့နယ်အတွင်း PNO နှင့် စစ်ကောင်စီဘက်က စစ်သားစုဆောင်းခြင်းနှင့် စစ်မှုထမ်းကြေး ကောက်ခံခြင်းများ ရှိနေကြောင်း ယခင်ကလည်း ဒေသခံများက ပြောဆိုထားသည်။

တစ်ချို့သော လူငယ်များသည် PNO ပြည်သူ့စစ်က စစ်မှုထမ်းခိုင်းပြီး ဆီဆိုင်၊ ဖယ်ခုံဖက်ရှေ့တန်းတွင်သွားခိုင်းပြီး တိုက်ပွဲအတွင်း သေဆုံးသွားရသူလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#ဟိုပုံးကျောက်တန်း
#ရှမ်းတောင်
#ပအိုဝ်း
#ပြည်သူ့စစ်
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။ တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now