နေ့စဥ်သတင်း

ရလခ တိုင်းစစ်ဌာနချုပ် နေရာရွှေ့ပြောင်း၊ လွိုင်ကော် ဒကစ ကို တိုင်းစစ်ဌာနချုပ်အဖြစ် တိုးချဲ့ဖွင့်လှစ်မည် ဟုဆို

မဲခေါင် 29 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၉ ရှမ်းပြည်အလယ်ပိုင်း၊ ခိုလန်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) အား လက်ရှိအခြေချထားသည့် နေရာမှ ဖယ်ရှားပေးခဲ့ရပြီး ကရင်နီဒေသ မြို့တော် လွိုင်ကော်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို တိုင်းစစ်ဌာနချုပ်အဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ရကြောင်း ခိုင်မာသည့် စစ်သတင်းအရင်းအမြစ်များထံမှ သတင်းရရှိသည်။ ရလခသည် ရှမ်းပြည်တောင်ပိုင်း စစ်ရေးအချက်အချာကျသည့် ခိုလန်နှင့် နယ်မြေများကို ထိန်းချုပ်ထားရာမှ စစ်ရေးပြင်းထန်နေသည့် လွိုင်ကော်သို့ ပြည်နယ်ကျော် ပြောင်းရွှေ့ရခြင်းဖြစ်သည်။ “လွိုင်ကော်ကို ရွှေ့မယ်လို့ သိရတယ်။ ဟိုမိန်းတို့ဘာတို့ အရင် ရလခလုပ်ထားတဲ့ဟာတွေက သံလွင်မြစ် အရှေ့ဘက်ကို တြိဂံတိုင်းနဲ့ ပြန်ထည့်မယ်နဲ့ တူတယ်။ တချို့ဟာတွေက တြိဂံတိုင်းထဲ ပါသွားမယ်။ တချို့ဒေသတွေကလည်း ရပခ က

မဲခေါင်၊ စက်တင်ဘာ ၂၉

ရှမ်းပြည်အလယ်ပိုင်း၊ ခိုလန်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) အား လက်ရှိအခြေချထားသည့် နေရာမှ ဖယ်ရှားပေးခဲ့ရပြီး ကရင်နီဒေသ မြို့တော် လွိုင်ကော်ရှိ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကို တိုင်းစစ်ဌာနချုပ်အဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ရကြောင်း ခိုင်မာသည့် စစ်သတင်းအရင်းအမြစ်များထံမှ သတင်းရရှိသည်။

ရလခသည် ရှမ်းပြည်တောင်ပိုင်း စစ်ရေးအချက်အချာကျသည့် ခိုလန်နှင့် နယ်မြေများကို ထိန်းချုပ်ထားရာမှ စစ်ရေးပြင်းထန်နေသည့် လွိုင်ကော်သို့ ပြည်နယ်ကျော် ပြောင်းရွှေ့ရခြင်းဖြစ်သည်။

“လွိုင်ကော်ကို ရွှေ့မယ်လို့ သိရတယ်။ ဟိုမိန်းတို့ဘာတို့ အရင် ရလခလုပ်ထားတဲ့ဟာတွေက သံလွင်မြစ် အရှေ့ဘက်ကို တြိဂံတိုင်းနဲ့ ပြန်ထည့်မယ်နဲ့ တူတယ်။ တချို့ဟာတွေက တြိဂံတိုင်းထဲ ပါသွားမယ်။ တချို့ဒေသတွေကလည်း ရပခ က ပြန်ကိုင်မယ်။ ဒီတော့ လွိုင်ကော်ကို ရပခ လက်အောက်ကနေ ခွဲထုတ်လိုက်တာပေါ့” ဟု စစ်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ယခု သတင်းမတိုင်မီက ကရင်နီပြည်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) က ထိန်းချုပ်ထားပြီး ၎င်း၏ လက်အောက်ခံ လွိုင်ကော် (ဒကစ) ကွပ်ကဲနေခဲ့ရာ ယခုတွင် ရလခ က ထိန်းချုပ်သွားမည်ဖြစ်ပြီး စစ်ဌာနချုပ် အမည်ကိုမူ ပြောင်းလဲမှု မရှိနိုင်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“မပြောင်းနိုင်ဘူး။ ရလခ ပဲ ဖြစ်လောက်တယ်။ ဘာလို့လဲဆိုတော့ အရှေ့တောင်နဲ့ အရှေ့ပိုင်းတိုင်း ကြားထဲမှာ ညှပ်လိုက်တာဆိုတော့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လို့ပဲ ထားနိုင်တယ်၊ ကျန်တဲ့ အခြားနာမည် မပေးလောက်တော့ဘူး၊ ဘာလို့လဲဆိုတော့ အရှေ့အလယ်ပိုင်းကို ရှမ်းတောင်ဘက်ကို သူတို့ ဆွဲချလာတာ” ဟု ပြောသည်။

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ တပ်ရင်း/တပ်ဖွဲ့များမှာ အခြေချစစ်ဗျူဟာများအနေဖြင့် စဗခ (လင်းခေး)၊ စဗခ (ကွန်ဟိန်း) တို့ဖြစ်ပြီး ခြေလျင်တပ်ရင်းများအနေဖြင့် ခလရ (၆၆) ခိုလန်၊ ခလရ (၉၉) လင်းခေး၊ ခလရ (၁၃၁) ကျေးသီး၊ ခလရ (၁၃၂) မောက်မယ်၊ ခလရ (၁၄၉) မိုင်းရှူး၊ ခလရ (၁၅၀) မုန်းစုတ်၊ ခလရ (၁၅၁) ကာလီ၊ ခလရ (၁၅၂) ကာလေ၊ ခလရ (၁၅၃) ကုန်းပေါင်း၊ ခလရ (၂၄၆) ကွန်ဟိန်း၊ ခလရ (၂၈၆) ဝိန်းကောင်၊ ခလရ (၂၈၇) ဝမ်ဆင်း၊ ခလရ (၂၉၄) တာဆန်း၊ ခလရ (၂၉၆) တာကော်တို့ ပါဝင်ကြပြီး ခြေမြန်တပ်ရင်းများအနေဖြင့် ခမရ (၅၁၄) မိုင်းကိုင်နှင့် ခမရ (၅၂၄) ကွန်ဟိန်းတို့ ပါဝင်ကြောင်း သိရသည်။

“နောက်တစ်ခုက အဲဒီ ခိုလန်နေရာမှာ RCSS/SSA အဖွဲ့က နယ်ခြားစောင့်တပ် ပုံစံမျိုးနဲ့ ဆက်ပြီးတော့ နေရာယူရမယ်တဲ့” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

လက်ရှိ ရလခတွင် တိုင်းမှူးမရှိဘဲ ဒုတိုင်းမှူး ဗိုလ်မှူးကြီး အောင်ကျော်သက် (အလုပ်သင် ၂၅) ကသာ ကွပ်ကဲနေကြောင်း ၎င်းက ပြောသည်။

ရလခ ထိန်းချုပ်ရာ နယ်မြေသည် SSPP ၏ ဗဟို ဝမ်ဟိုင်းနှင့် လှုပ်ရှားအခြေပြုနေရာများ ဖြစ်သည်။

#MeKongNews
#ရလခ
#ဒကစ
#လွိုင်ကော်
#ခိုလန်
#ဝမ်ဟိုင်း
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။ တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now