နေ့စဥ်သတင်း

SSPP နှင့် TNLA အချင်းများပြီး ပစ်ခတ်မှုဖြစ်၊ TNLA နှစ်ဦး သေဆုံး

မဲခေါင် 28 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၈ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှစ်ဖက်တပ်ဖွဲ့ဝင်များ စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားရာ TNLA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီခန့်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာတွင် ယင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များကပြောသည်။ မင်းကုန်းကျေးရွာသို့ လူထုတွေ့ဆုံပွဲပြုလုပ်ရန် ရောက်ရှိလာသည့် SSPP တပ်ဖွဲ့ကို TNLA တပ်ဖွဲ့ဝင်အချို့က မှတ်တမ်းဓာတ်ပုံရိုက်ကူးရာမှ အငြင်းပွားမှုဖြစ်ကာ SSPPဖက်က သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။ “SSPP တွေက လူထုတွေ့ဆုံပွဲလုပ်မယ်ဆိုပြီး ရောက်လာတယ်။ အဲ့ဒါကို နယ်ခံ TNLA တပ်ဖွဲ့ဝင်

မဲခေါင်၊ စက်တင်ဘာ ၂၈

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှစ်ဖက်တပ်ဖွဲ့ဝင်များ စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားရာ TNLA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီခန့်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာတွင် ယင်းပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များကပြောသည်။

မင်းကုန်းကျေးရွာသို့ လူထုတွေ့ဆုံပွဲပြုလုပ်ရန် ရောက်ရှိလာသည့် SSPP တပ်ဖွဲ့ကို TNLA တပ်ဖွဲ့ဝင်အချို့က မှတ်တမ်းဓာတ်ပုံရိုက်ကူးရာမှ အငြင်းပွားမှုဖြစ်ကာ SSPPဖက်က သေနတ်ဖြင့် ပစ်ခတ်လိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။

“SSPP တွေက လူထုတွေ့ဆုံပွဲလုပ်မယ်ဆိုပြီး ရောက်လာတယ်။ အဲ့ဒါကို နယ်ခံ TNLA တပ်ဖွဲ့ဝင် ၂ ဦးက SSPP နားတဲ့နေရာ တပ်ချတဲ့နေရာတွေကို မှတ်တမ်းပုံရိုက်တယ်။ SSPP ဖက်က မရိုက်ဖို့ တားတယ် နှင်ထုတ်တယ်။ အဲ့ဒါ တစ်ခါပြန်လာရိုက်လို့ သေနတ်နဲ့ ပစ်လိုက်တာ သေနတ်သံထွက်တာက ၁၀ ချက်လောက်ရှိတယ်။ TNLA ဖက်က နှစ်ယောက်သေသွားတယ်” ဟု ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်က ပြောသည်။

ယင်းသို့ ပစ်ခတ်မှုများကြောင့် တပ်ဖွဲ့ဝင်များ သေဆုံးသွားခဲ့သဖြင့် နှစ်ဖက်တပ်ဖွဲ့ဝင်များကြား စစ်ရေးတင်းမာနေလျက်ရှိကာ အပြန်အလှန် အင်အားဖြည့်တင်းမှုများလည်း လုပ်ဆောင်နေသည်ဟု သတင်းရင်းမြစ်ကပြောသည်။

“အလောင်းတွေကိုတော့ TNLA ဖက်က ပြန်သယ်သွားပြီ။ အင်အားတွေကတော့ နှစ်ဖက်စလုံး ဖြည့်ထားကြတယ်”ဟု ၎င်းသတင်းရင်းမြစ်ကပြောသည်။

SSPP နှင့် TNLA ၂ ဖွဲ့လုံးသည့် FPNCC အဖွဲ့ဝင် မဟာမိတ်များဖြစ်ကြသဖြင့် အချင်းများမှုကို ကျည်ဖောက်ဖြေရှင်းမှုများ မပြုလုပ်ပဲ အခြားနည်းလမ်းဖြင့် ပိုဖြေရှင်းသင့်သည်ဟု ရှမ်းမြောက်အရေး ကျွမ်းကျင်သူတစ်ဦးက ပြောသည်။

“ကျောက်မဲမှာက နှစ်ဖွဲ့စလုံးရှိတဲ့အပြင်ကို နယ်မြေထပ်တာတွေလည်းရှိနေတော့ အငြင်းပွားမှုတွေ အချင်းများမှုတွေက ရှိနေကြပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်စဉ်မှာက မဟာမိတ်အချင်းချင်း သေနတ်နဲ့ပစ်ခတ်တာထက် ဖမ်းဆီးထိန်းသိမ်းပြီး ပြန်အပ်လိုက်တာမျိုး ပိုဖြစ်သင့်တယ်လို့ မြင်ပါတယ်” ၎င်းသတင်းရင်းမြစ်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင်လည်း ကျောက်မဲမြိုႉနယ်၊ ဟူးဆွန်တောင်တွင် TNLA နှင့် SSPP အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ဖူးပြီး အဆိုဖြစ်စဉ်တွင် TNLA တပ်ဖွဲႉဝင် ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။

#MeKongNews
#TNLA
#SSPP
#ပစ်ခတ်မှု
#သေဆုံး
#ကျောက်မဲ
#ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အဖွဲ့အား ကူညီပေးနေသည်ဟု စွပ်စွဲကာ PNO ပြည်သူ့စစ်အဖွဲ့၏ ဗိုလ်ကြီး အောင်ဆန်း ဆိုသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀ တောင်းခံနေကြောင်း ဒေသခံများက မဲခေါင်သတင်းဌာနသို့ ပြောသည်။ တရားရုံး၌ တရားခံဧည့်တွေ့ခွင့်မှာ မိနစ်ပိုင်းသာ တွေ့ရသော်လည်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now