နေ့စဥ်သတင်း

တောင်ကြီးနှင့် အောင်ပန်းတွင် ဆိုင်ကယ်တိုက်မှု တစ်ရက်တည်း ၃ ခု ဖြစ်ပွား၊ ၁ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ

မဲခေါင် 27 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့်ကလောမြို့နယ်၊ အောင်ပန်း-ပင်းတယ လမ်းပိုင်းတို့တွင် ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) က ယာဉ်တိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ​ယမန်နေ့ ညနေ ၆ နာရီခန့်က တောင်ကြီးမြို့နယ်၊ နောင်ထလီးကျေးရွာအနီး မြို့ရှောင်လမ်းပေါ်တွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုဖြစ်ခဲ့သည်။ ဟိုပုံးမြို့နေ ဦးစောလှမွန် မောင်းနှင်လာသော Wave 110 ဆိုင်ကယ်နှင့် ဒုံခါရားကျေးရွာနေ ဦးအီညာရှို့ မောင်းနှင်ပြီး ဇနီးနှင့် ကလေး ၂ ဦး လိုက်ပါလာသည့် KENBO 110 ဆိုင်ကယ်တို့

မဲခေါင်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်နှင့်ကလောမြို့နယ်၊ အောင်ပန်း-ပင်းတယ လမ်းပိုင်းတို့တွင် ယမန်နေ့ (စက်တင်ဘာလ ၂၆ ရက်) က ယာဉ်တိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

​ယမန်နေ့ ညနေ ၆ နာရီခန့်က တောင်ကြီးမြို့နယ်၊ နောင်ထလီးကျေးရွာအနီး မြို့ရှောင်လမ်းပေါ်တွင် ဆိုင်ကယ် ၂ စီး မျက်နှာချင်းဆိုင် တိုက်မိခဲ့မှုဖြစ်ခဲ့သည်။

ဟိုပုံးမြို့နေ ဦးစောလှမွန် မောင်းနှင်လာသော Wave 110 ဆိုင်ကယ်နှင့် ဒုံခါရားကျေးရွာနေ ဦးအီညာရှို့ မောင်းနှင်ပြီး ဇနီးနှင့် ကလေး ၂ ဦး လိုက်ပါလာသည့် KENBO 110 ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ဘဲ လမ်းအလယ်တွင် တိုက်မိခဲ့ခြင်းဖြစ်သည်။

​ယင်းဖြစ်စဉ်ကြောင့် ဦးအီညာရှို့နှင့် မိသားစုဝင် ၃ ဦးတို့ မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သော်လည်း ဦးစောလှမွန်မှာ သွေးထွက် သတိမေ့ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှုပေးနေစဉ် သေဆုံးသွားခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါ့ဆစွာ မောင်းနှင်သူ ဦးစောလှမွန် (သေဆုံး) နှင့် ဦးအီညာရှို့တို့ နှစ်ဦးစလုံးအား တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

အလားတူ ယမန်နေ့ ည ၆ နာရီ ၄၀ မိနစ်ဝန်းကျင်တွင် ကလောမြို့နယ်၊ အောင်ပန်း-ပင်းတယလမ်း၊ လှည်းရိုးရပ်ကွက် ဘုန်းကြီးကျောင်းဆိုင်းဘုတ်အနီး (ရွှေဘိုသူဆီဆိုင်မရောက်မီ) ၌ ကားနှင့် ဆိုင်ကယ် တိုက်မိသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ယာဉ်မောင်း လှည်းရိုးရပ်ကွက်နေ ဦးထွန်းဦးတွင် ဘယ်ဘက်ခြေထောက် ကျိုးသွားသည့် ဒဏ်ရာ ရရှိခဲ့သ ဖြင့် ကလောဆေးရုံ၌ကုသလျက်ရှိခဲ့ကြောင်း သိရသည်။

​အလားတူ ယမန်နေ့ နေ့လယ်ပိုင်းကလည်း တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ မြစိမ်းတောင်ဘုရားသွားလမ်း လမ်းအကွေ့တွင် ကောင်းထက်ကျော် မောင်းနှင်ပြီး လရောင်ထူး လိုက်ပါလာသည့် Wave 100 ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မြင့်မြတ်ထွန်း မောင်းနှင်ပြီး ရွှေထူးနိုင် လိုက်ပါလာသည့် Click-160 ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့သည်။

​ထိုတိုက်မှုကြောင့် ရွှေထူးနိုင်တွင် သတိမေ့ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ကျန် ၃ ဦးတွင် မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်။ မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း ကောင်းထက်ကျော်အား တောင်ကြီးနယ်မြေရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သိရသည်။

#MeKongNews
#တောင်ကြီး
#အောင်ပန်း
#ဆိုင်ကယ်တိုက်
#သေဆုံး
#ဒဏ်ရာရ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ပထမနေ့တွင် ဆွဲလှေတစ်စီးတိမ်းမှောက်၊ လူထိခိုက်မှုမရှိ

မဲခေါင်၊ အောက်တိုဘာ ၁၃ ရှမ်းပြည်တောင်ပိုင်း၊ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၁၂ ရက်တွင် အင်းတိန်သို့ ကြွရောက်အပူဇော်ခံသည့် ဘုရားပွဲမှ
နေ့စဥ်သတင်း မြန်မာ့နွေဦး

တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးမှု ရှမ်းပြည်၌ အများဆုံးဖြစ်

မဲခေါင်၊ အောက်တိုဘာ ၁၂ မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ထရမ့် ကြေညာသည့် စွမ်းအင်အပစ်အခတ်ရပ်စဲမှု ယူကရိန်း ကြိုဆိုသော်လည်း ရုရှား အသံတိတ်နေ

မဲခေါင်၊ အောက်တိုဘာ ၁၂ စွမ်းအင်အပစ်အခတ်ရပ်စဲမှုကို ရုရှားနှင့်ယူကရိန်းက သဘောတူညီလိုက်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီးနောက် ထိုလုပ်ရပ်ကို ထောက်ခံသွားမည်ဖြစ်ကြောင်း ကိဗ်က ပြောကြားသော်လည်း မော်စကိုဘက်က မှတ်ချက် မပေးသေးကြောင်း သိရသည်။ အပစ်ရပ်မှု ချက်ချင်းအသက်ဝင်လာမည်ဟု ဒေါ်နယ်ထရမ့်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နိုင်ငံခြားဖုန်းနံပတ်များဖြင့် Viber မှ စာပို့ကာ ကျားဖြန့်များလိမ်လည်ရန် ကြိုးစားနေ

မဲခေါင်၊ အောက်တိုဘာ ၁၂ ကျားဖြန့်များက ထမင်းစားပြီးပြီလား ဟု Viberမှတစ်ဆင့် စာပို့ကာ ငွေလိမ်ရန် ထပ်မံကြိုးစားနေသည်ကို သတိထားရန် လိုအပ်သည်ဟု ကိုယ်တိုင်စာပို့ခံရသူများက ပြောသည်။ ကျားဖြန့်များသည် ပြည်ပ ကိုရီးယား၊ ဂျပန်၊ ယူကရိန်း ဖုန်းနံပတ်များဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ထင်းမီးမှတစ်ဆင့် မီးလောင်၊ အိမ်သားတစ်ဦး တကိုယ်လုံး မီးလောင်ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့နယ်၊ အိမ်ချစ်ရွာတွင် ယမန်နေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းက ထင်းမီးမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပျဉ်ထောင်တစ်ထပ်အိမ်တစ်လုံး လုံးဝမီးလောင်ပျက်စီးခဲ့ပြီး လူတစ်ဦးလည်း တစ်ကိုယ်လုံး မီးလောင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မီးလောင်မှုသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်းတယတွင် အုပ်ချုပ်ရေးမှူး တစ်ဦးပစ်သတ်ခံပြီးနောက် ညဈေးပွဲတော်၌ စစ်ကောင်စီက သေနတ်ပစ်ဖောက်ကာ လူငယ်တချို့ကို ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၁၁ ပင်းတယမြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရပြီး မြို့ပေါ်ရှိ ရွှေဥမင်ဘုရားအနီး ဈေးပွဲတော်တွင်၌ စစ်ကောင်စီတပ်များက သေနတ်လာရောက်ပစ်ဖောက်ခဲ့ပြီး ပွဲလာသူအချို့ ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံများက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ညောင်ကောက်ကျေးရွာအုပ်စု၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲ ၃ ဦးက ရဲမေများထံမှ ကာမလိမ်လည်ရယူနေ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမိုးထွန်း၊ ဒုရဲအုပ် ဟန်လင်းနှင့် ဒုရဲအုပ် နိုင်စိုးတို့သည် ရုံးရှိ ရဲမေများထံ ကာမလိမ်လည်ရယူနေကြောင်း ကာမလိမ်လည်ရယူခံရသည့် ရဲမေများနှင့် နီးစပ်သူများက သတင်းပေးပို့သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်တွင် ကလေးငယ် ညီအစ်ကို ၃ ဦးကို သတ်ဖြတ်ခဲ့သူ တရားခံအား ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၇ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ညီအစ်ကို ၃ ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံဖြစ်သူ မူးယစ်ဆေးစွဲနေသည့် အမျိုးသားကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now