နေ့စဥ်သတင်း

ရွာမှ နှင်ထုတ်ခံရသည့် အဖိုး နေခွင့်ပြန်ရပြီး ဖြတ်တောက်ခံရသည့် ရေနှင့်လျှပ်စစ်မီးလည်း ပြန်ရ

မဲခေါင် 27 Sep - 2026
မဲခေါင်၊ စက်တင်ဘာ ၂၇ တောင်ကြီးမြို့နယ်၊ ဆောင်းဖိုးဒုံတခေါ့ရွာတွင် သမင်ဖြူရောဂါရှိသည်ဟုဆိုကာ ရွာမှနှင်ထုတ်ခံခဲ့ရသည့် အသက် ၇၂ နှစ်အရွယ် အဖိုးသည် ရွာအတွင်း နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ရရှိပြီဖြစ်သလို ဖြတ်တောက်ခံထားရသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးများလည်း ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအဖိုးကို စက်တင်ဘာ ၁၉ ရက်တွင် ရွာသားများက ကျေးရွာအတွင်းမှ ထွက်ခွာရန် ပြောဆိုနှင်ထုတ်ခဲ့ပြီးနောက် အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့က ကျေးရွာသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။ ညှိနှိုင်းမှုအတွင်း သမင်ဖြူရောဂါသည် ကူးစက်တတ်သည့်ရောဂါမဟုတ်သဖြင့် အခြားသူများထံ ကူးစက်နိုင်ခြင်းမရှိကြောင်း ရှင်းလင်းခဲ့ပြီးနောက် အဖိုးအား ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ပြုခဲ့သည်။ “ဆောင်းဖိုး ဒုံတခေါ့ ဖြစ်ခဲ့တဲ့ကိစ္စအားလုံး အဆင်ပြေပြေ ပြန်ဖြစ်ပြီ။ အဖေလည်း

မဲခေါင်၊ စက်တင်ဘာ ၂၇

တောင်ကြီးမြို့နယ်၊ ဆောင်းဖိုးဒုံတခေါ့ရွာတွင် သမင်ဖြူရောဂါရှိသည်ဟုဆိုကာ ရွာမှနှင်ထုတ်ခံခဲ့ရသည့် အသက် ၇၂ နှစ်အရွယ် အဖိုးသည် ရွာအတွင်း နေအိမ်တွင် ပြန်လည်နေထိုင်ခွင့်ရရှိပြီဖြစ်သလို ဖြတ်တောက်ခံထားရသည့် သောက်သုံးရေနှင့် လျှပ်စစ်မီးများလည်း ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအဖိုးကို စက်တင်ဘာ ၁၉ ရက်တွင် ရွာသားများက ကျေးရွာအတွင်းမှ ထွက်ခွာရန် ပြောဆိုနှင်ထုတ်ခဲ့ပြီးနောက် အုပ်ချုပ်ရေးနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများပါဝင်သည့် အဖွဲ့က ကျေးရွာသို့ သွားရောက်ကာ ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

ညှိနှိုင်းမှုအတွင်း သမင်ဖြူရောဂါသည် ကူးစက်တတ်သည့်ရောဂါမဟုတ်သဖြင့် အခြားသူများထံ ကူးစက်နိုင်ခြင်းမရှိကြောင်း ရှင်းလင်းခဲ့ပြီးနောက် အဖိုးအား ကျေးရွာအတွင်း ပြန်လည်နေထိုင်ခွင့်ပြုခဲ့သည်။

“ဆောင်းဖိုး ဒုံတခေါ့ ဖြစ်ခဲ့တဲ့ကိစ္စအားလုံး အဆင်ပြေပြေ ပြန်ဖြစ်ပြီ။ အဖေလည်း အိမ်မှာပြန်နေလို့ရပြီ။ ရေ၊ မီးလည်း အကုန်ပြန်ရပါပြီရှင့်” ဟု အဖိုး၏မိသားစုဘက်မှ လူမှုကွန်ရက်တွင် အသိပေးထားသည်။

ထို့အပြင် အဖိုး၏ နေအိမ်သို့ သောက်သုံးရေနှင့် လျှပ်စစ်မီး ဖြတ်တောက်ထားမှုများလည်း ရှိခဲ့သော်လည်း ယခုအခါ အဆိုပါကိစ္စများအားလုံး ပြေလည်သွားပြီဖြစ်ပြီး အဖိုးမှာ နေအိမ်တွင် ပုံမှန်ပြန်လည်နေထိုင်နိုင်သကဲ့သို့ ရေနှင့် လျှပ်စစ်မီးများလည်း ပြန်လည်ရရှိပြီဖြစ်ကြောင်း သိရသည်။

သို့သော် ညှိနှိုင်းမှုများပြုလုပ်ပြီးနောက်ပိုင်းတွင်လည်း အဖိုးအနေဖြင့် အိမ်အပြင်ထွက်ခွင့်မရှိခြင်း၊ လူစည်ကားသည့်နေရာများနှင့် ပွဲလမ်းသဘင်များသို့ မသွားရခြင်း၊ ဈေးမသွားရခြင်းစသည့် စည်းကမ်းများ သတ်မှတ်ခံထားရသည်ဟု ဒေသခံများက ပြောဆိုခဲ့ကြသည်။
ယင်းကြောင့် ရွာအတွင်း ပြန်လည်နေထိုင်ခွင့်ရသော်လည်း အဖိုးမှာ နေအိမ်အတွင်း၌သာ နေထိုင်ရသည့်အခြေအနေ ဖြစ်နေခဲ့ပြီး အကျယ်ချုပ်ချထားသကဲ့သို့ ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေပညာရှင်တစ်ဦးက လူတစ်ဦးအား အိမ်အပြင်ထွက်ခွင့်မပြုဘဲ တားဆီးချုပ်နှောင်ခြင်းသည် အခြေအနေပေါ်မူတည်၍ ရာဇသတ်ကြီးဥပဒေပါ မတရားချုပ်နှောင်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနိုင်ကြောင်း ရှင်းပြထားသည်။

ဆောင်းဖိုးဒုံတခေါ့ရွာတွင် ယခင်ကလည်း သမင်ဖြူရောဂါရှိသည်ဟုဆိုကာ ရွာသားအချို့ကို ရွာမှ ထွက်ခွာစေခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။

သမင်ဖြူရောဂါသည် အရေပြားအရောင်ဖြစ်စေသည့် melanin လျော့နည်းမှုကြောင့် အရေပြားပေါ်တွင် အဖြူရောင်အကွက်များ ဖြစ်ပေါ်သည့်အခြေအနေဖြစ်ပြီး ကူးစက်ရောဂါမဟုတ်သည့်အတွက် လူတစ်ဦးမှတစ်ဦးသို့ ထိတွေ့ခြင်း၊ အတူနေခြင်း သို့မဟုတ် အစားအစာအတူစားခြင်းတို့မှတစ်ဆင့် ကူးစက်ခြင်းမရှိကြောင်း သိရသည်။

#MeKongNews
#တောင်ကြီး
#သမင်ဖြူ
#အဖိုးအို
#နှင်ထုတ်
#ရွာပြန်နေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဆီဆိုင်၊ ဝိန်းကောင်ရွာတွင် KNDF ကို ကူညီသည်ဟု စွပ်စွဲကာ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးအား PNO မှ ဖမ်းဆီးရိုက်နှက်ပြီး ငွေကျပ် သိန်း ၁၂၀ တောင်းယူ

မဲခေါင်၊ အောက်တိုဘာ ၆ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တဘက်ကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ ဆန်စက်ပိုင်ရှင် ရွာသားတစ်ဦးကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်က ရဲအုပ်စိန်အေး တရားခံဧည့်တွေ့ခွင့် တစ်ယောက် ဘတ် ၅၀၀၀ တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်မြိုနယ်နှင့် ခရိုင်ရုံးတွင် တာဝန်ကျနေသည့် ရဲအုပ်စိန်အေးသည် တရားရုံ၌ တရားခံဧည့်တွေ့ခွင့်အတွက် တစ်ကြိမ်လျှင် ဘတ် ၅၀၀၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး မယ်ဟန်စစ်ဆေးရေးဂိတ်တွင် တပ်ထိန်းက စစ်ဆေးရေးလုပ်ငန်းများအားလုံးကို တစ်ဦးတည်းချယ်လှယ်ကာ ငွေတောင်းလည်းကြမ်းနေ

မဲခေါင်၊ အောက်တိုဘာ ၅ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ မယ်ဟန် မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူနေသည့် တပ်ထိန်းတစ်ဦးက အခြား ပူးပေါင်းအဖွဲ့များကို အလေးထား ဂရုမစိုက်ဘဲ ငွေအပေးအယူ ပြုလုပ်ထားသည့် ကားများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ဗျူဟာမှ G2 ညီညီအောင်သွေး စာရင်းဖျောက်ရောင်းစားသည့်ထဲတွင် အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်များမှ သိမ်းထားသည့်ဖုန်းပင် အလုံး ၁၀၀၀ ကျော်ရှိ

မဲခေါင်၊ အောက်တိုဘာ ၅ တာချီလိတ်အခြေချ စစ်ဗျူဟာမှ G2 ဗိုလ်မှူးညီညီအောင်သွေးက ဗျူဟာမှူးသိမ်းခိုင်းသည်ဟုဆိုကာ အွန်လိုင်းဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းရမိသည့် ဖုန်းများအား စာရင်းဖျောက်ကာ ရောင်းစားထားသည်မှာ အလုံး ၁၀၀၀ ကျော်ရှိကြောင်း ဖမ်းဆီးရေးအဖွဲ့များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လူ ၂ ဦး ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဒေသကာလတန်ဖိုး ကျပ် ၈၈၈ ဒသမ ၉၃ သိန်းခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ၂ ဦးကို အောက်တိုဘာ ၃ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်တွင် ကားနှင့် ဆိုင်ကယ်တိုက်မိ၍ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အောက်တိုဘာ ၃ ရက် ညပိုင်းက ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦး ဦးခေါင်းနှင့် မျက်လုံးများ ထိခိုက်ဒဏ်ရာရပြီး စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတင်ပို့ခဲ့ရကြောင်း သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ်ခရိုင် သာသနာရေးမှူးရုံး ထောက်ခံစာပါ သစ်ကား မိုင်းတွင်း၌ ဖမ်းဆီးခံရ

မဲခေါင်၊ အောက်တိုဘာ ၄ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာမှ တာချီလိတ်မြို့သို့ သယ်ဆောင်လာသည့် သစ်ကားတစ်စီးကို မိုင်းဆတ်မြို့နယ်အတွင်းရှိ မိုင်းတွင်းစုပေါင်းဂိတ်၌ တရားမဝင် သစ်မှောင်ခိုမှုဖြင့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။ ယင်းသစ်ကား ပေါ်တွင် ကျွန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကာလအတွင်း “ဝ”တပ်ဖွဲ့က နယ်စပ်ကင်းလှည့် လုံခြုံရေးမြှင့်မည်

မဲခေါင်၊ အောက်တိုဘာ ၂ တရုတ်နိုင်ငံ၏ အမျိုးသားနေ့နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အစည်းအဝေးကာလအတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ထိန်းချုပ်မှုများ တိုးမြှင့်ဆောင်ရွက်မည်ဟု “ဝ”တပ်ဖွဲ့ (UWSA) လက်အောက်ခံ “ဝ”ပြည်နယ် တရားရေးကော်မတီက (WSP) က ယမန်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now