မဲခေါင်၊ စက်တင်ဘာ ၂၄
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် လမ်းပြောင်းပြန်မောင်းနှင်လာသည့် လိုင်စင်မဲ့ကားတစ်စီးကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိပြီး ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
စက်တင်ဘာ ၂၃ ရက်က ကျိုင်းတုံမြို့၊ ဈေးတန်းလေး တစ်လမ်းမောင်းလမ်းမှ ကျိုင်းတုံတာချီလိတ်ကားလမ်းမကြီးပေါ်သို့ လမ်းပြောင်းပြန်မောင်းနှင်လာသည့် ယာဉ်ကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးတာဝန်ဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် အသက် ၂၉ နှစ်အရွယ် အောင်အောင် မောင်းနှင်လာသည့် SHN-7 3J/4073 နံပါတ်တပ်ဆင်ထားသော အဖြူရောင် Hijet မော်တော်ယာဉ်ဖြစ်ပြီး ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါယာဉ်ကို ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၀၃/၂၀၂၆ ဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ယာဉ်မောင်းသူများအနေဖြင့် လမ်းပြောင်းပြန်မောင်းနှင်ခြင်းနှင့် စည်းကမ်းမဲ့ယာဉ်ရပ်နားခြင်းများ မပြုလုပ်ကြရန် အသိပေးထားသည်။
#MeKongNews
#ရှမ်းရှေ့
#ကျိုင်းတုံ
#လိုင်စင်မဲ့
#ဖမ်းဆီး








