နေ့စဥ်သတင်း

နောင်တရားတွင် PNO ပြည်သူ့စစ်က လူငယ်တစ်ဦးကို ရိုက်နှက်ပြီး သေနတ်ဖြင့်ပါ ပစ်ခတ်

မဲခေါင် 23 Sep - 2026
မဲခေါင်၊ စက်တင်ဘာလ ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ပေါအင်အုပ်စု၊ ထီရုဲင်ကျေးရွာတွင် ကြက်သွန်စိုက်ရန် လယ်ထွန်နေသည့် ဒေသခံလူငယ်တစ်ဦးကို PNO ပြည်သူ့စစ်အဖွဲ့ဝင်များက မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ ရိုက်နှက်ပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ထီရုဲင်ကျေးရွာနေ ခွန်ကျော်ထွန်းကို စက်တင်ဘာလ ၂၂ ရက် ညနေ ၆ နာရီခန့်တွင် PNO ပြည်သူ့စစ်အဖွဲ့ဝင် တတင်နှင့် အဖွဲ့က လာရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ သေနတ်ဒင်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရိုက်နှက်စဉ် ခွန်ကျော်ထွန်းက ခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်ခံရပြီး လက်ဖြင့် ကာကွယ်ခဲ့သည့်အတွက် လက်တွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မဲခေါင်၊ စက်တင်ဘာလ ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ပေါအင်အုပ်စု၊ ထီရုဲင်ကျေးရွာတွင် ကြက်သွန်စိုက်ရန် လယ်ထွန်နေသည့် ဒေသခံလူငယ်တစ်ဦးကို PNO ပြည်သူ့စစ်အဖွဲ့ဝင်များက မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ ရိုက်နှက်ပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထီရုဲင်ကျေးရွာနေ ခွန်ကျော်ထွန်းကို စက်တင်ဘာလ ၂၂ ရက် ညနေ ၆ နာရီခန့်တွင် PNO ပြည်သူ့စစ်အဖွဲ့ဝင် တတင်နှင့် အဖွဲ့က လာရောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ သေနတ်ဒင်ဖြင့် အကြိမ်ကြိမ် ရိုက်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရိုက်နှက်စဉ် ခွန်ကျော်ထွန်းက ခေါင်းကို သေနတ်ဒင်ဖြင့် ရိုက်ခံရပြီး လက်ဖြင့် ကာကွယ်ခဲ့သည့်အတွက် လက်တွင်လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်း၏ ခြေထောက်အောက်ဘက်ကိုလည်း သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“အလုပ်လုပ်နေတဲ့သူတစ်ယောက်ကို မူးယစ်ဆေးသုံးတယ်ဆိုပြီး စစ်ဆေးမေးမြန်းတာထက် ရိုက်နှက်တာနဲ့ ဖြေရှင်းသွားတာပါ။ ဒီလိုလုပ်တာကြောင့် ရွာကလူငယ်တွေ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့တောင် စိုးရိမ်လာကြပါတယ်။ အပြစ်ရှိ၊ မရှိကို ဥပဒေနဲ့အညီ စစ်ဆေးသင့်ပြီး လက်နက်နဲ့ အနိုင်ကျင့်တာမျိုး မဖြစ်သင့်ပါဘူး” ဟု ထီရုဲင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ ခွန်ကျော်ထွန်းသည် လက်ရှိတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများကြောင့် ခန္ဓာကိုယ်ရောင်ကိုင်းနေပြီး ပုံမှန်သွားလာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းနှင့် နောင်တရားဒေသအတွင်း မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ ဒေသခံလူငယ်များကို ဖမ်းဆီးရိုက်နှက်ခြင်းနှင့် ငွေကြေးတောင်းခံခြင်းများ မကြာခန ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်ကလည်း တကူးမွူးကျေးရွာမှ လူငယ် ၄ ဦးကို PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ပြီး မူးယစ်ဆေးဝါးတွေ့ရှိခြင်းမရှိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲသည်ဟု စွပ်စွဲကာ ရိုက်နှက်ခဲ့ပြီး ငွေကြေးပေး၍ ပြန်လည်လွတ်မြောက်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

#MeKongNews
#နောင်တရား
#ရှမ်းတောင်
#ပင်လောင်း
#ပြည်သူ့စစ်
#သေနတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းဆတ်မြို့နယ်တွင် ကျားဖြန့်တရုတ် ၉၉ ဦးကို ဖမ်းဆီးရမိ

မဲခေါင်၊ အောက်တိုဘာ ၂၄ ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်အတွင်းတွင် ကျားဖြန့် တရုတ် ၉၉ ဦးကို အောက်တိုဘာ ၂၁ ရက်တွင်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ ယာဉ်ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် ကုန်စည် ကုန်စိမ်းပို့ဆောင်ရေးအတွက် မလိုအပ်ပဲ နှောင့်နှေးစေသည်ဟု သတင်းရင်းမြစ်များကပြောသည်။ ထို့အပြင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now