နေ့စဥ်သတင်း

ကြယ်တံခွန်မိုတယ် အွန်လိုင်းဂိမ်း ဖမ်းဆီးမှုမှ လူငယ် ၂၀၀ ကျော်ကို ၆ လ ကျော်ကြာမှ ပြင်းထန်သည့် ဥပဒေပုဒ်မဖြင့် စွဲချက်တင်ကာ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့ စစ်ဆေး၊ မိသားစုဝင်များ များစွာ အခက်အခဲဖြစ်နေရပြီး ပိုင်ရှင်နှင့် တာဝန်ခံများမှာမူ လွတ်မြောက်နေ

မဲခေါင် 27 Aug - 2026
မဲခေါင်၊ ဩဂုတ် ၂၇ တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် စွဲချက်တင်လိုက်ပြီး ဩဂုတ်လ ၂၆ရက်က အချို့ကို ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ကြယ်တံခွန်မိုတယ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၄ရက်က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို တာချီလိတ်မြို့မရဲစခန်းအချုပ်နှင့် ဟောင်လိတ်ရဲစခန်းအချုပ်တို့တွင် ထိန်းသိမ်းထားပြီး တာချီလိတ်မြို့နယ်အားကစားခန်းမကို အထူးတရားရုံးအဖြစ် အသုံးပြု စစ်ဆေးနေရာမှ ယခုကဲ့သို့ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။ “ကလေးတွေက ဒီမှာလည်း

မဲခေါင်၊ ဩဂုတ် ၂၇

တာချီလိတ်မြို့ရှိ ကြယ်တံခွန်မိုတယ်တွင် အွန်လိုင်းဂိမ်း (အွန်လိုင်းလောင်းကစားလုပ်ငန်း) တွင် ဝင်ရောက်လုပ်ကိုင်းရင်း ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို ပြင်းထန်သည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၃(က) ဖြင့် စွဲချက်တင်လိုက်ပြီး ဩဂုတ်လ ၂၆ရက်က အချို့ကို ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ကြယ်တံခွန်မိုတယ်ကို ယခုနှစ် ဖေဖော်ဝါရီလ ၄ရက်က ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် လူငယ် ၂၀၀ ကျော်ကို တာချီလိတ်မြို့မရဲစခန်းအချုပ်နှင့် ဟောင်လိတ်ရဲစခန်းအချုပ်တို့တွင် ထိန်းသိမ်းထားပြီး တာချီလိတ်မြို့နယ်အားကစားခန်းမကို အထူးတရားရုံးအဖြစ် အသုံးပြု စစ်ဆေးနေရာမှ ယခုကဲ့သို့ ကျိုင်းတုံထောင်သို့ ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

“ကလေးတွေက ဒီမှာလည်း အချိန်ကြာလို့ ဒုက္ခရောက်နေကြတယ်။ အခု ကျိုင်းတုံကို ပြောင်းတော့ ပိုဒုက္ခရောက်ကုန်တာပေါ့။ ပုဒ်မကလည်း အရမ်းပြင်းထန်ပါတယ်။ ဖမ်းခံရတဲ့သူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်မပြည့်သေးတဲ့သူတွေလည်းပါတယ်။ မနေ့ (ဩဂုတ် ၂၆ရက်)က ဆယ်ဘီးကား ၃စီးနဲ့ ကျိုင်းတုံထောင်ကိုပို့လိုက်တယ်။ ဝက်တွေလိုပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အွန်လိုင်းဂိမ်းဟု အရပ်ခေါ်သည့် အွန်လိုင်းလောင်းကစားဝန်ဆောင်မှုပေးသည့်လုပ်ငန်း အတွက် ဖမ်းဆီးခံရသည့် လူငယ်များကို ဖွင့်လှစ်ထားသည့် အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၃(က)မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း – ကျားဖြန့်မှုဖြင့် ဖမ်းဆီးခံရသူများကို ဖွင့်လှစ်သင့်သည့် ပုဒ်မဖြစ်ပြီး အွန်လိုင်းဂိမ်းဖြင့် ဖမ်းဆီးခံရသူများအတွက် ပြင်းထန်လွန်းသည့် ဥပဒေပုဒ်မဖြစ်ကြောင်း တရားရေးနားလည်သည့် ဒေသခံတစ်ဦးက ထောက်ပြသည်။

တာချီလိတ်တွင် ကျားဖြန့်ငွေလိမ်ဂိုဏ်းများမှာ ခြံဝန်းကျယ်ပြီး ခြံစည်းမြင့်ကာ သံဆူးကြိုးများ ခက်ထားသည့် နေရာများတွင် လူဝင်လူထွက် ကန့်သတ်ထားပြီး မနက်သွား၊ ညပြန် လုပ်ခွင့်မပြုကြောင်း၊ ကျားဖြန့်လုပ်ငန်းပိုင်ရှင်များသည် တရုတ်နှင့် ထိုင်းနိုင်ငံသားများသာ ဖြစ်ကြောင်း၊ အလုပ်သမားအများစုမှာလည်း တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ လက်ရှိဖမ်းဆီးခံထားရသည့် လူငယ်များမှာ အွန်လိုင်းအသုံးပြု၍ လုပ်ရသည့် လောင်းကစားလုပ်ငန်းများကို ဝန်ဆောင်မှုပေးသူများသာ ဖြစ်ကြောင်း၊ အများစုမှာ တက္ကသိုလ်ကျောင်းသားအရွယ်များနှင့် ဆင်းရဲနွမ်းပါးသူများဖြစ်ကြောင်း ယင်းဒေသခံက ထောက်ပြသည်။

“အွန်လိုင်းပေါ်က လုပ်တာဆိုပေမယ့် လောင်းကစားလုပ်ငန်းဖြစ်တဲ့အတွက် လောင်းကစားဥပဒေပုဒ်မနဲ့ပဲ အမှုဖွင့်သင့်တယ်။ သက်ဆိုင်ရာလူကြီးတွေအနေနဲ့ ကျားဖြန့်လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းကို ကွဲကွဲပြားပြားနားလည်စေချင်ပါတယ်။ ကိုယ့်နိုင်ငံသား အရွယ်ကောင်း လူငယ်တွေ၊ ဆင်းရဲနွမ်းပါးသူတွေဖြစ်တဲ့အတွက်လည်း သက်ညှာသင့်ပါတယ်။ မိသားစုဝင်တွေလည်း တော်တော်ခက်ခဲနေကြတယ်။ အခုလိုကျိုင်းတုံကို ပြောင်းလိုက်တော့ ပိုဆိုးတာပေါ့။ လောင်းကစားဥပဒေ ပြစ်မှု၊ ပြစ်ဒဏ်တွေအရ သက်သက်ညှာညှာစဉ်းစားပေးမယ်ဆိုရင် ၆လ၊ ၁နှစ်လောက်နဲ့ ပြီးပါတယ်။ ၆လဆို အခုချုပ်ရက်နဲ့ လွတ်တောင် လွတ်ပြီ” ဟု ၎င်းက အကြံပြုသည်။

ယခုစွဲချက်တင်လိုက်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) မှာ “နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသော အချက်အလက်များကို အီလက်ထရောနစ်နည်းပညာသုံး၍ ဖြန့်ဝေကျူးလွန်လျှင် အာမခံမရဘဲ ထောင်ဒဏ်ချမှတ်ရမည့် ပြစ်မှုဖြစ်ပါသည်” ဟု ပြဌာန်းထားပြီး ထောင်ဒဏ် အနည်းဆုံး ၅နှစ်မှ အများဆုံး ၇နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

ယင်းအမှုတွင် အလုပ်သမားဖြစ်သည့် လူငယ် ၂၀၀ ကျော်မှာ ၆လကျော်ကြာ အချုပ်ကျကာ အမှုရင်ဆိုင်နေရသော်လည်း အွန်လိုင်းဂိမ်းပိုင်ရှင်နှင့် တာဝန်ခံများကိုမူ ဖမ်းဆီးရမိခြင်းမရှိသည့်အတွက် တာဝန်ရှိသူများအပေါ် ပြည်သူများက ဝေဖန်နေကြသည်။

တာချီလိတ်မြို့တွင် အွန်လိုင်းဂိမ်းဖမ်းမိသည့် ဖြစ်စဉ်အများတွင် အလုပ်သမားများသာ ဖမ်းဆီးခံရပြီး အွန်လိုင်းဂိမ်းပိုင်ရှင်နှင့် တာဝန်ခံများ ဖမ်းဆီးခံရခြင်းမရှိကြောင်း ဒေသခံထားက ထောက်ပြကြသည်။

၂၀၂၅ ခုနှစ်အတွင်းက အွန်လိုင်းဂိမ်းတစ်ခု ဖမ်းမိသည့်ဖြစ်စဉ်တွင်လည်း အလုပ်သမားလူငယ်များသာ ဖမ်းဆီးခံရပြီး ပိုင်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသားနှင့် ၎င်း၏ ဇနီးဖြစ်သာ လားရှိုသူ (ယခင် မေဖလားဝါးကွင်းတွင် VIP ဘားဖွင့်ခဲ့သူ) လွတ်မြောက်သွားကြောင်း သိရသည်။

#MeKongNews
#တာချီလိတ်
#အွန်လိုင်းဂိမ်း
#ကြယ်တံခွန်
#ကျိုင်းတုံထောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH”
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

MNDAA ထိန်းချုပ်ဒေသတွင် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ မုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်

မဲခေါင် ၊ စက်တင်အာ ၃ ကိုးကန့်တပ်ဖွဲ့-MNDAAထိန်းချုပ်ဒေသတွင် ကွင်းဆင်းစစ်ဆေးရေးပြုလုပ်ပြီးနောက် ကျောင်းမုန့်ဈေးတန်းများ၌ အန္တရာယ်ရှိ သွားရည်စာမုန့် ၁၀ မျိုးကို ရောင်းချမှု တားမြစ်လိုက်သည်ဟု ယနေ့တွင် သတင်းထုတ်ပြန်သည်။ ကိုးကန့်တပ်၏ ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

နမ့်စန်မြို့လယ် ပစ်ခတ်မှုဖြစ်၊ ဗုံးခွဲမည်ဟု ခြိမ်းခြောက်သည့် စစ်ကောင်စီဗိုလ်ကြီးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခြင်းဟုဆို

မဲခေါင်၊ သြဂုတ် ၂၇ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့လယ်တွင် ယမန်နေ့ည ၇ နာရီခန့်က စစ်သားတစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တို့ အချင်းများရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်သားသေဆုံးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရ သိရသည်။ နမ့်စန်မြို့ပေါ် မြို့လယ်နာရီစင်အနီးတွင် ယမန်နေ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now