မြန်မာ့နွေဦး

ကော့ကရိတ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်တပ်က လက်နက်ကြီးတွေသာမက လေကြောင်းနဲ့ပါ အလွန်အကျွံ တိုက်ခိုက်

မဲခေါင် 28 Dec - 2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က တိုက်ပွဲတွေဟာ ၁၀ ရက်ကျော်တဲ့ အထိ ဆက်လက် ပြင်းထန်နေပြီး ဒေသခံတွေ စိုးရိမ်ထိတ်လန့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ထိခိုက် သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ KNLA-PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်နဲ့ BGF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲတွေဟာ ၁၀ ရက်ကျော်ကြာလာပြီး မနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ညဘက်အထိ ဆက်လက် ပြင်းထန်နေတာပါ။

ဒီဇင်ဘာ ၂၆ ရက်နေ့က ရွှေကြက်မင်းဘုန်းကြီးကျောင်းရဲ့ ဆွမ်းစားဆောင်ပေါ်ကို လက်နက်ကြီးကျပြီး သံဃာတော် တစ်ပါး ပျံလွန်တော်မူကာ သံဃာတော်တွေ ထိခိုက်ဒဏ်ရာရခဲ့ သလို အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

လေယာဉ်နဲ့ မနေ့က မနက်ပိုင်း လာပစ်သေးတယ်။ ဘယ်နားမှာလဲတော့ မသိဘူး။ ညီမတို့ အဝေးကနေပဲ မြင်ရတယ်။ နေ့လယ်ဘက်တွေလည်း ဝဲသေးတယ်။ ညနေဘက်လည်း လာတယ်။ ဘာတွေ လာကြည့်တာလဲ မသိဘူး။ တပတ်လောက်ပတ်ပြီး ပြန်သွားတယ်။ ညဘက်အချိန်တွေ ထိလည်း လက်နက်ကြီးတွေက ဆက်ပြီး ပစ်နေတုန်းပဲ 

လို့ ကော့ကရိတ်မြို့ အနီး ကျေးရွာနေ ဒေသခံ တဦးက ပြောပြပါတယ်။

စစ်တပ်ဟာ အရင်က (၉၇) တပ်ရင်းနဲ့ လှိုင်ဝကုန်းပေါ်ကနေ လက်နက်ကြီးတွေ ပစ်ပေမယ့် လက်ရှိမှာတော့ အမြောက်တပ်တွေက မြို့ပတ်ပတ်လည်မှာ နေရာယူထားကြပြီး ကော့ကရိတ် အားကစားကွင်းနဲ့ ချောင်းတောင်နားက လယ်ကွင်းတွေမှာပါ အမြောက်တွေ ဖြန့်ကျက်ထားတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။

တချက်တချက်ပစ် ရင်ဘတ်ပါ အောင့်တယ်။ ၁၂၀ မမတွေလေ။ ညီမတို့လို ကလေးတွေတောင် အဲ့လောက် ဖြစ်နေရင် သက်ကြီးရွယ်အိုတွေဆို ဘယ်လိုနေမှာလဲ။ သူတို့က တမင်ကို ပြည်သူတွေကြား နေရာ ဝင်ယူနေတာ။ ညီမတို့ အပိုင်းလည်း မလုံခြုံတော့ဘူး 

လို့ မြို့နေဒေသခံ တဦးက မဲခေါင်သတင်းကို ပြောပြပါတယ်။

တိုက်ပွဲ အတွင်း စစ်တပ်ဘက်က အမြောက်တပ်တွေအပြင် လေကြောင်းကနေ Jet Fighter တွေ အသုံးပြုပြီး အင်အား အလွန်အကျွံသုံး နေတာကြောင့် နေအိမ်တွေနဲ့ အရပ်သားတွေကို ထိမှန်ခဲ့လို့ ထိခိုက်ဒဏ်ရာ ရသူတွေနဲ့ သေဆုံးသူတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိအချိန်မှာ စစ်တပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်မြို့ပေါ် အနှံ့ စစ်အင်အား၊ လက်နက်အင်အား ဖြန့်ကျက်ထားပြီး KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာကြောင့် ကော့ကရိတ်မြို့နယ်ထဲက ဒေသခံ ထောင်ချီပြီး ဘေးလွတ်ရာကို အရေးပေါ် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now