နေ့စဥ်သတင်း

မြန်မာဘက်မှ လူနာတင်ယာဉ်များ လိုင်စင်ပါမှသာ မယ်ဆိုင်ဘက် ဝင်ရောက်ရန် ထိုင်းတင်းကျပ်

မဲခေါင် 22 Jul - 2026
မဲခေါင်၊ ဇူလိုင် ၂၂ တာချီလိတ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာဖက်မှ ယာဥ် ၅၀ စီးခန့်ဖမ်းဆီးခဲ့သလို တာချီလိတ်-မယ်ဆိုင်လူနာသယ်ယူ ပို့ဆောင်ခြင်းအတွက် အရေးပေါ်လူနာတင်ကားများကိုလည်း မြန်မာလိုင်စင်ရှိမှသာ မယ်ဆိုင်ဘက် ဝင်ရောက်ရန် တင်းကျပ်လာကြောင်း တာချီလိတ်အခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။ ဇူလိုင် ၂၀ ရက်က ထိုင်းအာဏာပိုင်များက “Operation Protect Mae Sai” စစ်ဆင်ရေးကို မယ်ဆိုင်ရဲ လဝက နှင့် ချင်းရိုင်းခရိုင်အလုပ်သမားရှာဖွေရေးရုံးတို့ ပူးပေါင်းအဖွဲ့ တို့ပူးပေါင်းစတင်ခဲ့ပြီး မြန်မာမှတ်ပုံတင်ယာဥ် ၅၀ ကို ဖမ်းဆီးကာဘတ် ၅၀၀၀ စီဒဏ်ရိုက်ပြီးနောက်တွင် လူနာတင်ကားကိုပါ ကန့်သတ်လာခြင်းဖြစ်ကြောင်း သိရသည်။ “အသင်းတစ်သင်းကတော့ တံတားထိပ်မှာ လူနာကို လိုင်းကားအနီရောင်ငှါးပြီး တင်ပေး

မဲခေါင်၊ ဇူလိုင် ၂၂

တာချီလိတ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့တွင် မြန်မာဖက်မှ ယာဥ် ၅၀ စီးခန့်ဖမ်းဆီးခဲ့သလို တာချီလိတ်-မယ်ဆိုင်လူနာသယ်ယူ ပို့ဆောင်ခြင်းအတွက် အရေးပေါ်လူနာတင်ကားများကိုလည်း မြန်မာလိုင်စင်ရှိမှသာ မယ်ဆိုင်ဘက် ဝင်ရောက်ရန် တင်းကျပ်လာကြောင်း တာချီလိတ်အခြေစိုက် ပရဟိတအသင်းများထံမှ သိရသည်။

ဇူလိုင် ၂၀ ရက်က ထိုင်းအာဏာပိုင်များက “Operation Protect Mae Sai” စစ်ဆင်ရေးကို မယ်ဆိုင်ရဲ လဝက နှင့် ချင်းရိုင်းခရိုင်အလုပ်သမားရှာဖွေရေးရုံးတို့ ပူးပေါင်းအဖွဲ့ တို့ပူးပေါင်းစတင်ခဲ့ပြီး မြန်မာမှတ်ပုံတင်ယာဥ် ၅၀ ကို ဖမ်းဆီးကာဘတ် ၅၀၀၀ စီဒဏ်ရိုက်ပြီးနောက်တွင် လူနာတင်ကားကိုပါ ကန့်သတ်လာခြင်းဖြစ်ကြောင်း သိရသည်။

“အသင်းတစ်သင်းကတော့ တံတားထိပ်မှာ လူနာကို လိုင်းကားအနီရောင်ငှါးပြီး တင်ပေး လိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခင်က မယ်ဆိုင်ဘက်ရှိ ဆီပူးလင်းဆေးရုံသို့ တိုက်ရိုက်ပို့၍ရသလို ချင်းရိုင်ပို့ရမည့် လူနာများကို မယ်ဆိုင်ရှိ ပရဟိတအသင်းနှင့် တိုက်ရိုက်ချိတ်ဆက် လူနာလွှဲပြောင်းပို့ဆောင်နိုင်ကြောင်း သိရသည်။

ယခုတွင် လူနာပို့လိုပါက စာရွက်စာတမ်းများလိုအပ်လာရာ လူနာတင်ယာဉ်အတွက် အုံနာဘုတ်၊ ဝှီးတက်၊ အမည်ပေါက်မှတ်ပုံတင်၊ ယာဉ်မောင်းမှတ်ပုံတင်တို့ ပြသရမည်ဖြစ်ပြီး လူနာအတွက်ကို လူနာမှတ်ပုံတင်၊ ဆေးလက်မှတ် (သို့) ဆေးရုံထောက်ခံချက်များ ပါရှိရမည်ဖြစ်ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။

“တစ်ပတ်လောက်တော့ရှိပြီ လိုင်စင်ပါတဲ့ ယာဉ်နဲ့မှ မယ်ဆိုင်ဘက် ဝင်ရမယ်ဆိုပြီး ပြောလာတာ။ ပရဟိတအသင်းမှတ်ပုံတင် ရှိရုံနဲ့ မရဘူး။ မြန်မာယာဉ်လိုင်စင်လိုတယ်။​ လိုင်စင်မရှိရင်တော့ တံတားပေါ်ကနေပဲ ဟိုဘက်၊ ဒီဘက်ပြောင်းရမယ်” ဟု နောက်ထပ်ပရဟိတ အသင်းတစ်သင်းမှ တာဝန်ရှိသူက ရှင်းပြသည်။

ယင်းသို့မယ်ဆိုင်မြို့တွင် ဖြစ်ပေါ်နေရသည့် အခြေအနေများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသားများ မနစ်နာစေရေးအတွက် တာချီလိတ်ခရိုင်တာဝန်ရှိသူများ၏ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဘယ်လို လုပ်ပေးမလဲ သေချာမသိရဘူး။ မြန်မာတွေ ခံရသလို တုန့်ပြန်လုပ်မလား၊ Taxi တွေကို စုဖွဲ့ပြီး ထိုင်းဖက်က လက်ခံလာအောင် လုပ်မလား၊ ထိုင်းဘက်ကို ဘယ်လိုညှိမလဲ မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင်မူ ထိုင်းနိုင်ငံ၊ မယ်ဆိုင်နယ်စပ် အဝင်ဂိတ်၌ မြန်မာနိုင်ငံသား Taxi သမားများကို စစ်ဆေးပြီး အရေးယူ ဒဏ်ငွေဆောင်ခိုင်းမှုများ ရှိနေပြီး လူနာတင်ကားများပါ သွားလာခွင့် ခက်ခဲနေခြင်း ဖြစ်သည်။​

#MeKongNews
#မယ်ဆိုင်
#တာချီလိတ်
#မြန်မာ
#ထိုင်း
#ယာဥ်ဖမ်းဆီး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now