နေ့စဥ်သတင်း

ရှမ်းအရှေ့ မြို့နယ်အချို့တွင် စက်သုံးဆီ အကန့်အသတ်ဖြင့် ပေးသဖြင့် စျေးနှုန်းများ မြင့်တက်လာ

မဲခေါင် 14 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၄ ရှမ်းအရှေ့မြို့နယ်အချို့ရှိ ဆီပန့်ဆိုင်များတွင် ဆီကို အကန့်အသတ်ဖြင့်သာ ထည့်ပေးလာပြီး စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသထံများထံမှ သိရသည်။ ထိုင်းဘက်မှ တာချီလိတ်သို့ စက်သုံးဆီတင်သွင်းမှု လျော့နည်းလာသည့် သတင်းပြန့်လာပြီးနောက် ယခုလို ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ ဇူလိုင် ၁၄ ရက်တွင် တာချီလိတ်၊ မိုင်းယွန်း ဆီပန့်ဆိုင်တွင် ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ တစ်လီတာ ဘတ် ၄၀ မှ ဘတ် ၈၀ ဖိုးအထိသာ ရောင်းချပေးပြီး အခြားဆီပန့်များတွင်လည်း ပုံးဖြင့် ရောင်းချပေးခြင်း မရှိတော့ကြောင်း သိရကာ ပြင်ပတွင် တစ်လီတာ ဘတ် ၆၀ အထိ ဖြစ်လာနေကြောင်း သိရသည်။ ကျိုင်းတုံ

မဲခေါင်၊ ဇူလိုင် ၁၄

ရှမ်းအရှေ့မြို့နယ်အချို့ရှိ ဆီပန့်ဆိုင်များတွင် ဆီကို အကန့်အသတ်ဖြင့်သာ ထည့်ပေးလာပြီး စျေးနှုန်းများ မြင့်တက်လာကြောင်း ဒေသထံများထံမှ သိရသည်။

ထိုင်းဘက်မှ တာချီလိတ်သို့ စက်သုံးဆီတင်သွင်းမှု လျော့နည်းလာသည့် သတင်းပြန့်လာပြီးနောက် ယခုလို ဖြစ်လာခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၄ ရက်တွင် တာချီလိတ်၊ မိုင်းယွန်း ဆီပန့်ဆိုင်တွင် ဆိုင်ကယ်တစ်စီးလျှင် ဓာတ်ဆီ တစ်လီတာ ဘတ် ၄၀ မှ ဘတ် ၈၀ ဖိုးအထိသာ ရောင်းချပေးပြီး အခြားဆီပန့်များတွင်လည်း ပုံးဖြင့် ရောင်းချပေးခြင်း မရှိတော့ကြောင်း သိရကာ ပြင်ပတွင် တစ်လီတာ ဘတ် ၆၀ အထိ ဖြစ်လာနေကြောင်း သိရသည်။

ကျိုင်းတုံ တွင် ယမန်နေ့က ဓာတ်ဆီ တစ်လီတာ ၅ ထောင်ကျပ်မှ ယနေ့ ဇူလိုင် ၁၄ ရက်တွင် ၇ ထောင်ကျပ်အထိ စျေးခုန်တက်သွားကြောင်း သိရသည်။

မိုင်းဆတ်နှင့် မိုင်းတုံတွင် ယနေ့ ဆီပန့်စျေး ၅၂၀၀ ကျပ်နှင့် ပြင်ပစျေး ၅၅၀၀ ကျပ်ရှိနေကာ ဆိုင်ကယ်တစ်စီး ၂ လီတာသာ ထည့်ပေးကြောင်း သိရသည်။

ဒီဇယ်စျေးမှာ ဓာတ်ဆီထက် ၂ ဘတ်ခန့်သာ လျော့နည်းသော်လည်း ကားဖြင့်သာ လိုသလောက် ထည့်ပေးပြီး ပုံးဖြင့် ဝယ်၍မရဟု ဆိုသည်။

တာချီလိတ် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မူးယစ်ဂိုဏ်းများ၏ ငွေကြေးခဝါချမှုများကို စုံစစ်ဆေးနေသည့်အတွက် ငွေလုံးငွေရင်းလွှဲပြောင်းမှု များပြားသည့် လောင်စာဆီ ဝယ်ယူမှုကို ထိုင်းအစိုးရက စစ်ဆေးနေဆဲတွင် မြန်မာသို့ မဲခေါင်မြစ်မှတစ်ဆင့် ပို့ဆောင်နေသည့် ဆီတင်သင်္ဘောစီးရေကို တစ်ပတ်လျှင် ယခင်က ၅ စီးဖြင့် လိုသလောက် ပို့ဆောင်နေရာမှ ယခုအခါ ၃ စီးသို့ လျှော့ချခဲ့သည့် သတင်းကြောင့် ဆီပြတ်လပ်မည်ကို စိုးရိမ်သည့် ပြည်သူများက ဝယ်ယူနေကြခြင်း ဖြစ်သည်။

တာချီလိတ်အပါအဝင် ဒေသအတွင်း မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်မြို့များသာမက ရှမ်းတောင် မိုင်းပန်၊ လင်းခေး နမ့်စန်မြို့များအထိ ထိုင်းနိုင်ငံမှ လစဉ် လောင်စာဆီ လီတာ ၄ သိန်းကျော် ဝယ်ယူ ရောင်းချနေကြရကြောင်း သိရသည် ။

ထိုင်းအစိုးရကမူ နယ်စပ်ဒေသများ၌ လောင်စာဆီတင်ပို့မှုကို တင်းကျပ်ထားခြင်းသည် အွန်လိုင်းလိမ်လည်ဂိုဏ်းများ အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များဆီ လောင်စာဆီ မရောက်ရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

#MeKongNews
#ရှမ်းအရှေ့
#မြို့နယ်အချို့
#စက်သုံးဆီ
#စျေးနှုန်းများ
#မြင့်တက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now