နေ့စဥ်သတင်း

Breaking News – လားရှိုးမြို့တွင် ရှေ့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ

မဲခေါင် 9 Jul - 2026
မဲခေါင်၊ ဇူလိုင် ၉ လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၉ရက် ညနေပိုင်း ရှေ့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။ ညနေ ၄နာရီ မိနစ် ၅၀ ခန့်က ရှော့တိုက်ဒုံးများ ပစ်သံကို ကြားရခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၄လုံးခန့်ပစ်ခတ်ပြီး ဖြစ်ကြောင်း လားရှိုးမြို့၊ ရပ်ကွက် ၉ ဒေသခံတစ်ဦးကပြောသည်။ “ကျနော်ဆိုင်ကယ်မောင်းနေတုန်း ခေါင်းပေါ်ကနေတစ်လုံးဖြတ်သွားတာ။ ကျနော်ကြားတာတင် ၂လုံးရှိပြီ။ အိမ်ကလူတွေပြောတာ ၄လုံးရှိပြီတဲ့။ ရပ်ကွက် ၉ ဒေသခံတွေကတော့ လန့်နေကြတာပေါ့။ ပစ်တာက တိုင်းထဲကို ပစ်တာပဲ။ ရပ်ကွက် ၉ ဟိုဘက်မှာက တိုင်းနဲ့ ဆေးတပ်ပဲရှိတာ” ဟု ၎င်းကပြောသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ် အတွင်း

မဲခေါင်၊ ဇူလိုင် ၉

လားရှိုးမြို့တွင် ယနေ့ ဇူလိုင်လ ၉ရက် ညနေပိုင်း ရှေ့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။

ညနေ ၄နာရီ မိနစ် ၅၀ ခန့်က ရှော့တိုက်ဒုံးများ ပစ်သံကို ကြားရခြင်းဖြစ်ပြီး ရှော့တိုက်ဒုံး ၄လုံးခန့်ပစ်ခတ်ပြီး ဖြစ်ကြောင်း လားရှိုးမြို့၊ ရပ်ကွက် ၉ ဒေသခံတစ်ဦးကပြောသည်။

“ကျနော်ဆိုင်ကယ်မောင်းနေတုန်း ခေါင်းပေါ်ကနေတစ်လုံးဖြတ်သွားတာ။ ကျနော်ကြားတာတင် ၂လုံးရှိပြီ။ အိမ်ကလူတွေပြောတာ ၄လုံးရှိပြီတဲ့။ ရပ်ကွက် ၉ ဒေသခံတွေကတော့ လန့်နေကြတာပေါ့။ ပစ်တာက တိုင်းထဲကို ပစ်တာပဲ။ ရပ်ကွက် ၉ ဟိုဘက်မှာက တိုင်းနဲ့ ဆေးတပ်ပဲရှိတာ” ဟု ၎င်းကပြောသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဆေးတပ်
အတွင်း ကျရောက်နိုင်သဖြင့် ကျရောက်ပေါက်ကွဲမှုနှင့် ထိခိုက်မှုအခြေအနေကို ရှင်းလင်းစွာသိနိုင်မှုမရှိဟု ဒေသခံက ဆိုသည်။

အခြားဒေသခံတစ်ဥဦးကမူ ရှေ့တိုက်ဒုန်း တစ်လုံးမှာ
ရပ်ကွက် ၆ တောင်စောင်းအောက်နှင့် တပ်ထိန်းတပ်ဖက် တစ်လုံးကျရောက်ခဲ့ကြောင်း ပြောကြားပြီး ထိခိုက်ပျက်စီးမှုများ မသိနိုင်သေးဟု ဆိုသည်။

“တနေ့နေ့ ပြန်ဖြစ်မယ်လို့တော့ ထင်ထားတာ၊ ခုလည်း အခြေအနေ တွေ စောင့်ကြည့်နေကြတယ်။ အားလုံးထိတ်လန့်ပြီး အပေါ်ပဲမော့ကြည့်နေကြတယ်”ဟု ပြောသည်။

လက်ရှိလားရှိုးမြို့အခြေအနေမှာ စစ်ကောင်စီ မှာ မြို့ပေါ် ၁၂ရပ်ကွက်ကိုသာ ထိန်းချုပ်ထားရပြီး မြို့ပတ်ပတ်လည်မှာ MNDAA ၏ ထိန်းချုပ်မှုအောက်တွင်သာရှိနေသည်။

#MeKongNews
#လားရှိုး
#ရှော့တိုက်ဒုံး
#ရမခ
#MNDAA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း သတင်းရင်းမြစ်များက မဲခေါင်သို့ပြောသည်။ ပြီးခဲ့သည့်လအတွင်းက ကျိုင်းတုံ၊ ဝမ်တာပင်းဂိတ်တွင် တရားမဝင်ကုန်စည်တင်ကား ၈စီးကို ဖမ်းဆီးရမိပြီးနောက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now