နေ့စဥ်သတင်း

လက်နက်အားကိုးဖြင့် လယ်မြေဝယ်ပြီး ရွှေခိုးတူးသူများကို ကာကွယ်ပေးသည့် မိုင်းဖြတ် နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင်ကို ကျိုင်းတုံတွင် ဖမ်းဆီးထား

မဲခေါင် 9 Jul - 2026
မဲခေါင်၊ ဇူလိုင် ၉ မိုင်းဖြတ်မြို့နယ်အတွင်း လယ်ယာမြေများဝယ်ယူပြီး ရွှေခိုးတူးနေသူများကို ကာကွယ်ပေးသည့် နမ့်ယွန်းကျေးရွာအုပ်စုမှ ပြည်သူ့စစ်ခေါင်းဆောင် တူးတူး (ခ) လင်းဇာနည်မောင်ကို ကျိုင်းတုံ၊ တြိဂံတိုင်းမှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နမ့်ယွမ်းပြည်သူ့စစ်ခေါင်းဆောင် တူးတူး (ခ) လင်းဇာနည်မောင်မှာ နမ့်ယွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒါယေလှနှင့် ပေါင်းကာ လုပ်ငန်းရှင်များထံမှ ငွေအမြောက်အများယူပြီး ရွှေခိုးတူသည်များကို ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဆီမွန်းအုပ်စု၊ ဝမ်ပုံနှင့် နမ့်ယွန်းအုပ်စုမှ လယ်ယာမြေများကို ဝယ်ယူကာ ရွှေခိုးတူးခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ကျိုင်းတုံတိုင်းမှာ ဖမ်းထားတယ် အမှုဖွင့်မဖွင့်မသိရသေးပါဘူး။ တကယ်တမ်းလည်း မိုင်းဖြတ်မြို့မှာ နမ့်ယွန်းပြည်သူ့စစ်တာဝန်ယူပြီး အခွန်ကောက်စားပြီး တရားမဝင်ရွှေတူးနေတာပါ။ လက်နက်အားကိုးနဲ့ တရားမဝင်ရွှေတူးနေတယ်။ တခြားတူးနေသူတွေကိုလည်း ကာကွယ်ပေးတယ်။

မဲခေါင်၊ ဇူလိုင် ၉

မိုင်းဖြတ်မြို့နယ်အတွင်း လယ်ယာမြေများဝယ်ယူပြီး ရွှေခိုးတူးနေသူများကို ကာကွယ်ပေးသည့် နမ့်ယွန်းကျေးရွာအုပ်စုမှ ပြည်သူ့စစ်ခေါင်းဆောင် တူးတူး (ခ) လင်းဇာနည်မောင်ကို ကျိုင်းတုံ၊ တြိဂံတိုင်းမှ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်ယွမ်းပြည်သူ့စစ်ခေါင်းဆောင် တူးတူး (ခ) လင်းဇာနည်မောင်မှာ နမ့်ယွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒါယေလှနှင့် ပေါင်းကာ လုပ်ငန်းရှင်များထံမှ ငွေအမြောက်အများယူပြီး ရွှေခိုးတူသည်များကို ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း၊ မိုင်းဖြတ်မြို့နယ်အတွင်းရှိ ဆီမွန်းအုပ်စု၊ ဝမ်ပုံနှင့် နမ့်ယွန်းအုပ်စုမှ လယ်ယာမြေများကို ဝယ်ယူကာ ရွှေခိုးတူးခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နမ့်ယွန်းပြည်သူ့စစ်ခေါင်းဆောင် ကျိုင်းတုံတိုင်းမှာ ဖမ်းထားတယ် အမှုဖွင့်မဖွင့်မသိရသေးပါဘူး။ တကယ်တမ်းလည်း မိုင်းဖြတ်မြို့မှာ နမ့်ယွန်းပြည်သူ့စစ်တာဝန်ယူပြီး အခွန်ကောက်စားပြီး တရားမဝင်ရွှေတူးနေတာပါ။ လက်နက်အားကိုးနဲ့ တရားမဝင်ရွှေတူးနေတယ်။ တခြားတူးနေသူတွေကိုလည်း ကာကွယ်ပေးတယ်။ ပြည်သူအများပုံစံ (၇)အမည်ပေါက် လယ်ယာမြေတွေလည်း အများကြီးပျက်ဆီးနေပါပြီ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ပြည်သူ့စစ်ခေါင်းဆောင်ကို ဖမ်းဆီးထားသည့်အတွက် ရွှေခိုးတူးသည်များကို ရပ်နားထားသော်လည်း လယ်ယာမြေအများစုမှာ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် အရေးယူမည်ဆိုပါကလည်း ထိထိရောက်ရောက်အရေးယူစေလိုကြောင်း ဒေသခံများက ပြောသည်။

ရှမ်းအရှေ့တွင် ယခင်က တောင်များ၊ ချောင်းများ၌သာ ရွှေတူးဖော်သော်လည်း နောက်ပိုင်းတွင် လယ်ယာမြေဝယ်ယူကာ လယ်မြေအတွင်း ရွှေတူးဖော်မှုများပါ လုပ်လာကြပြီး အများစုမှာ တရုတ်လုပ်ငန်းရှင်များဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်သည် စစ်ကောင်စီအစိုးရအဖွဲ့တွင် လဝက ဒုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဦးလင်းဇော်ထွန်း၏ မြို့နယ်လည်းဖြစ်သည်။

#MeKongNews
#မိုင်းဖြတ်မြို့နယ်
#နမ့်ယွန်းပြည်သူ့စစ်
#ဒါယေလှ
#လင်းဇာနည်မောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျိုင်းတုံမြို့နယ် တရားသူကြီး ဦးအောင်ကိုကို ပို့ကုန်/သွင်းကုန် အမှု ၈မှုပေါင်းကို လာဘ်စားပြီး ထောင်တစ်လသာချ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါက်တာကိုကိုနိုင်၏ တပည့်ဟုဆိုကာ လာဘ်စားကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၈ တရားမဝင်ကုန်စည်ဖမ်းဆီးရမိသည့် ပို့ကုန်/သွင်းကုန် အမှုပေါင်း ၈မှုကိုပေါင်းကာ ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးအောင်ကိုကိုက ထောင်ဒဏ်တစ်လသာ ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တအာင်းပြည် ကျန်းမာရေးကောင်စီ လက်အောက်ခံ TIH က ဆေးပညာဘွဲ့ (M.B.,B.S) ဝင်ခွင့်လျှောက်လွှာ ခေါ်ယူ

မဲခေါင်၊ စက်တင်ဘာ ၃ တအာင်းပြည် ကျန်းမာရေးကောင်စီ-THC လက်အောက်တွင် ဖွင့်လှစ်မည့် “ Tealand Institutes of Health-TIH” ၏ ဆေးပညာဘွဲ့ [Bachelor of Medicine, Bachelor of Surgery

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုး အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေ

မဲခေါင်၊ စက်တင်ဘာ ၃ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက်တွင် ရှိသည့် အေတီတံတား စစ်တပ်ဂိတ် ငွေတောင်းကြမ်းနေသလို မြို့တွင်း ပစ္စည်းချယာဉ်များကိုလည်း အဖွဲ့စုံမှ ငွေလိုက်လံတောင်းရမ်းမှုများ ရှိနေသဖြင့် ယာဉ်မောင်းများ အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ယာဉ်မောင်းများက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ချင်းရိုင်တွင် စိတ်ကြွဆေး ၂၈ သိန်းနှင့်အတူ အမျိုးသား ၂ ဦးအား ဖမ်းဆီး

မဲခေါင်၊ စက်တင်ဘာ ၃ ယနေ့ စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ဝီယန်ကျေးရွာအုပ်စု၊ အမှတ် ၈ ရပ်ကွက်ရှိ ချင်းဆန်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

မြစ်ငါးဖမ်းသမားများအတွက် ပိုးဟပ်မွေးမြူရောင်းချသူ တစ်လ ဘတ်တစ်သိန်းကျော် ဝင်ငွေရ

မဲခေါင်၊ စက်တင်ဘာ ၃ ထိုင်းနိုင်ငံ၊ ဖစ္စနူလော့ခရိုင်နေ ၂၉ နှစ်အရွယ် ထိုင်းအမျိုးသမီးသည် မြစ်ငါးဖမ်းသမားများအတွက် ငါးစာအဖြစ် ပိုးဟပ်များကို မွေးမြူရောင်းချခြင်းမှ တစ်လ ဘတ်တစ်သိန်းကျော် ရရှိနေကြောင်း သိရသည်။ ချမ်ဆန်းဆောင်ခရမ်အရပ်တွင် နေထိုင်သော နာတာလီယာအမဟာဆီမဲ ဆိုသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

အရှေ့တောင်အာရှကျားဖြန့်များ ပြိုလဲမသွားဘဲ မြန်မာ၊ လာအိုနှင့် မလေးရှားတို့သို့ ရွှေ့ပြောင်းလည်ပတ်နေ

မဲခေါင်၊ စက်တင်ဘာ ၃ ကမ္ဘောဒီးယား သတင်းအချက်အလက်ဝန်ကြီးဌာနက ကျားဖြန့်လုပ်ငန်း အဆောက်အအုံပေါင်း ၂၅၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီး နိုင်ငံခြားသား ၄၈၀၀၀ ပြန်ပို့ခဲ့ပြီးဖြစ်ကာ နိုင်ငံအတွင်း ကျားဖြန့်လုပ်ငန်း အဆောက်အအုံများ လုံး၀မရှိတော့ဟု ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုခေါင်းဆောင် ဝန်ကြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက်လုပ်ခဲ့သည့်ကျောင်းများအပါအဝင် သီပေါမြို့နယ်ရှိ ကျောင်းများကို MNDAA ဆက်ဖွင့်မည်

မဲခေါင်၊ ဩဂုတ် ၃ စစ်ကောင်စီက ပိတ်လိုက် ဖွင့်လိုက် လုပ်သည့် သီပေါမြို့နယ်ရှိ ကျောင်းနေရာများတွင် MNDAA-ကိုးကန့်တပ်ဖွဲ့ကလည်း ကျောင်းများ ထပ်မံဖွင့်လှစ်မည်ဟု ထုတ်ပြန်လာသည်ကို တွေ့ရသည်။ ကိုးကန့်တပ်ဖွဲ့အနေဖြင့် သီပေါဒေသဘက်တွင် ဒေသခံကျောင်းသား၊ ကျောင်းသူများအတွက် အမက ဆွတ်လန်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now