နေ့စဥ်သတင်း

ရုရှား ဆက်စပ် မှောင်ခိုရေနံတင်သင်္ဘောအား စစ္စလီကမ်းရိုးတန်းတွင် ပြင်သစ်ကွန်မန်ဒိုများ စီးနင်းသိမ်းပိုက်

မဲခေါင် 26 Jun - 2026
မဲခေါင်၊ ဇွန် ၂၆ ဇွန် ၂၅ ရက်က စစ္စလီကမ်းရိုးသို့ ဝင်ရောက်လာသည့် အမှတ်အသားမပါ ကင်မရွန်းအလံတင် ရုရှားချိတ်ဆက် မှောင်ခိုရေနံတင်သင်္ဘောတစ်စီးကို ပြင်သစ်ကွန်မန်ဒိုများက စီးနင်းသိမ်းပိုက်ခဲ့သည်။ ယူကရိန်းကို ကျူးကျော်ပြီးနောက် အနောက်အင်အားစုများက ရုရှား၏ ရေနံတင်သင်္ဘောများကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ရာ ရုရှားသည် စစ်ပွဲအသုံးစားရိတ်များ ရရှိရန် အခြားနိုင်ငံအလံများ တင်ဆောင်ပြီး ရေနံများကို တင်ပို့နေရာ ထိုသင်္ဘောများကို အရိပ်သင်္ဘောများဟု ခေါ်ဆိုကြသည်။ ပြီးခဲ့သည့် ဇွန် ၁၄ ရက်က ဗြိတိန်ကွန်မန်ဒိုများသည် အင်္ဂလန်ရေလက်ကြားအတွင်း ဝင်ရောက်လာသော ရုရှား၏ ရေနံတင်သင်္ဘောတစ်စီးကို စီးနင်းသိမ်းပိုက်လိုက်ပြီးနောက် ရုရှားဘက်က နောက်တစ်ကြိမ် သိမ်းပိုက်လျှင် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် မိုင်းများပါ တင်ဆောင်ပေးမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သေးသည်။

မဲခေါင်၊ ဇွန် ၂၆

ဇွန် ၂၅ ရက်က စစ္စလီကမ်းရိုးသို့ ဝင်ရောက်လာသည့် အမှတ်အသားမပါ ကင်မရွန်းအလံတင် ရုရှားချိတ်ဆက် မှောင်ခိုရေနံတင်သင်္ဘောတစ်စီးကို ပြင်သစ်ကွန်မန်ဒိုများက စီးနင်းသိမ်းပိုက်ခဲ့သည်။

ယူကရိန်းကို ကျူးကျော်ပြီးနောက် အနောက်အင်အားစုများက ရုရှား၏ ရေနံတင်သင်္ဘောများကို ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ရာ ရုရှားသည် စစ်ပွဲအသုံးစားရိတ်များ ရရှိရန် အခြားနိုင်ငံအလံများ တင်ဆောင်ပြီး ရေနံများကို တင်ပို့နေရာ ထိုသင်္ဘောများကို အရိပ်သင်္ဘောများဟု ခေါ်ဆိုကြသည်။

ပြီးခဲ့သည့် ဇွန် ၁၄ ရက်က ဗြိတိန်ကွန်မန်ဒိုများသည် အင်္ဂလန်ရေလက်ကြားအတွင်း ဝင်ရောက်လာသော ရုရှား၏ ရေနံတင်သင်္ဘောတစ်စီးကို စီးနင်းသိမ်းပိုက်လိုက်ပြီးနောက် ရုရှားဘက်က နောက်တစ်ကြိမ် သိမ်းပိုက်လျှင် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် မိုင်းများပါ တင်ဆောင်ပေးမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သေးသည်။

ယခု ပြင်သစ် ထပ်မံသိမ်းပိုက်လိုက်သော Deliver ဆိုသည့် အရိပ်သင်္ဘောသည် ရုရှားနိုင်ငံ ပရင်မော့ခ်စ်မှ ထွက်လာသည့် သင်္ဘောဖြစ်ကာ ထိုသိမ်းပိုက်မှုအပြီး ပင်လယ်ရေကြောင်း ဥပဒေချိုး ဖောက်ကာ ဝင်ရောက်လာသည့် ရုရှားချိတ်ဆက် ရေနံတင်သင်္ဘောကို စီးနင်းသိမ်းပိုက်လိုက်ကြောင်းနှင့် ယူကရိန်းအပေါ် ရုရှားဘက်မှ ကျူးကျော် တိုက်ခိုက်နေမှုအပေါ် ့် ဥရောပသားတို့ မည်သို့သဘောထားသည်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ပိတ်ဆို့အရေးယူထားမှုကို ရှောင်ရှားပြီး စစ်ရေးအသုံးစားရိတ်ရရှိရန် ယခုလို အရိပ်သင်္ဘောများ ခုတ်မောင်းနေမှုအား ခွင့်ပြုမည်မဟုတ်ဟု ပြင်သစ်သမ္မတ မက်ခရွန်က လူမှုကွန်ရက် X တွင် ရေးတင်ခဲ့သည်။

ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#မှောင်ခိုရေနံတင်သင်္ဘော
#စစ္စလီကမ်းရိုးတန်း
#ပြင်သစ်ကွန်မန်ဒို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်လေးလုံး ရဲသင်တန်းကျောင်း တပ်ခွဲမှူး သန့်ဇင်ထွန်း သင်တန်းသား၏ ဇနီးကို ခြိမ်းခြောက် ကာမရယူ

မဲခေါင်၊ စက်တင်ဘာ ၁၅ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ အမှတ် (၄) ရဲသင်တန်းကျောင်း (တောင်လေးလုံး) မှ သုံးပွင့်
နေ့စဥ်သတင်း မြန်မာ့နွေဦး

လမ်းမပေါ် အချိန်ကြာမြင့်စွာရပ်ထားသည့် ပိုင်ရှင်မဲ့ကားကို စစ်ကောင်စီ သိမ်းဆည်း

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်-နမ့်စန်လမ်းမပေါ်ရှိ အချိန်ကြာမြင့်စွာ ရပ်ထားသည့် ပိုင်ရှင်မဲ့ကားတစ်စီးကို စစ်ကောင်စီက သိမ်းဆည်းလိုက်သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လားရှိုးတွင် လူငယ်များ အုပ်စုဖွဲ့ ရန်ဖြစ်

မဲခေါင်၊ စက်တင်ဘာ ၁၄ ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် ယမန်နေ့ (စက်တင်ဘာ ၁၃) က လူငယ်များအုပ်စုဖွဲ့ ရန်ဖြစ်ခဲ့ကြကြောင်း သိရသည်။ လားရှိုး၊ မန်ဆူဘုရားဝန်းအတွင်း လူငယ်များရန်ဖြစ်ခဲ့ကြခြင်းဖြစ်ပြီး ရဲမှဖမ်းဆီးလူစုခွဲ့ခဲ့ရကြောင်း သိရသည်။ “လူမျိုးစုံပဲ၊ ပလောင်အလံထင်တယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ကျားဖြန့်လုပ်ငန်းများ ရှမ်းပြည် ၁၇ မြို့နယ်ထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိ

မဲခေါင်၊ စက်တင်ဘာ ၁၄ ၁၀၂၇ စစ်ဆင်ရေးပြီးသည့်နောက်ပိုင်း ကိုးကန့်ဒေသနှင့် ဝဒေသရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများသည် ရှမ်းတောင်နှင့်ရှမ်းရှေ့ရှိ မြို့နယ် ၁၇ ခုထက်မနည်းသို့ ပျံ့နှံ့ရောက်ရှိသွားသည်ဟု အစီရင်ခံစာတစ်ခုတွင် ဖော်ပြသည်။ ISP မြန်မာက ယခုစက်တင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မယ်ဆိုင်ချောင်းရေ ပြန်ကျနေသော်လည်း ချောင်းဘေး ရေတားနံရံများ ထပ်မံပြိုကျ

မဲခေါင်၊ စက်တင်ဘာ ၁၁ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က ပြိုကျခဲ့သည့် တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မယ်ဆိုင်ချောင်း ရေတားနံရံမှာ ယမန်နေ့ စက်တင်ဘာ ၁၀ ရက် ည ၉ နာရီဝန်းကျင်တွင် ရေစီးအားကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

ရေနံတင်သင်္ဘောများ နှစ်မြုပ်ခံရပြီးနောက် ဂျော်ဒန်မှ အမေရိကန်စစ်စခန်းနှင့် ဟော်မုဇ်အနီးသင်္ဘောများကို အီရန် ပြန်လည်တိုက်ခိုက်

မဲခေါင်၊ စက်တင်ဘာ ၉ ၆ လကြာစစ်ပွဲ သိသိသာသာ အရှိန်မြင့်တက်လာမှုတွင် အီရန်၏ ရေနံတင်သင်္ဘော ၅ စီးကို ဖျက်စီးပစ်လိုက်ကြောင်း အမေရိကန်က ပြောကြားခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံရှိ အမေရိကန် စစ်စခန်းတစ်ခုနှင့် သင်္ဘော ၁၀ စီးကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တာချီလိတ် ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်းကစားရုံ အကြီးအကျယ်ဖွင့်လှစ်လုပ်ကိုင်နေ၊ တရားမဝင် တရုတ်များလည်း လက်ခံထား

မဲခေါင်၊ စက်တင်ဘာ ၉ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဖီးနစ်ဟိုတယ်တွင် ကာစီနိုလောင်ကစားဝိုင်းများ အကြီးအကျယ်ဖွင့်လှစ်ပြီး လုပ်ကိုင်နေသော်လည်း အရေးယူမှုမရှိကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယင်းဖီးနစ်ဟိုတယ်ကို တာဝန်ခံလုပ်ကိုင်နေသူမှ တရုတ်လူမျိုး ဝါဇာမုန်း ခေါ် ဦးကျော်ရွှေဖြစ်ပြီး ကာစီနိုလောင်းကစားရုံကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

သိန္နီတွင် MNDAA ၏ ယမ်းသိုလှောင်ရုံ ပေါက်ကွဲ၊ ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

မဲခေါင်၊ စက်တင်ဘာ ၈ ကိုးကန့်တပ်ဖွဲ့-MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ မန်မိုင်ရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဖြစ်ပွားသဖြင့် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များကပြောသည်။ ယနေ့ နံနက် ၅ နာရီကျော်ခန့်တွင် ယင်းယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုအတွင်း ထိခိုက်သေဆုံးမှုရှိသည့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now