နေ့စဥ်သတင်း

နောင်ချိုတွင် တိုက်ပွဲကြွင်းကျန်မိုင်း နင်းမိပြီး ပြည်သူတစ်ဦး ခြေထောက်တစ်ဖက် ဆုံးရှုံး

မဲခေါင် 17 Jun - 2026
မဲခေါင်၊ ဇွန် ၁၇ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဒေသခံအမျိုးသားတစ်ဦး တောင်ယာအတွင်း ကြံစိုက်စဉ် တိုက်ပွဲကြွင်းကျန် မိုင်းနင်းမိသဖြင့် ပြင်းထန်ဒဏ်ရာရရှိကာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ဒေသခံ.သတင်းရင်းမြစ်များထံမှ သိရသည်။ နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာနေ ဦးမျိုးထက်လွင်သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် ရွာအနီးရှိ တောင်ယာထဲ ကြံစိုက်နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ “ခြံရောက်ပြီး မကြားဘူး မိုင်းနင်းမိတာပဲ။ မနက် ၉နာရီ ကျော်ကျော်လောက်မှာ နင်းမိတာ။ မိုင်းပေါက်ကွဲသံကြားလို့ အနီးအနားက လူတွေက ရွာကို ပြန်သယ်လာပြီး ဆေးရုံပို့ကြပေမယ့် ခြေထောက်တစ်ဖက်တော့ ဖြတ်လိုက်ရတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ ယင်းမိုင်းနင်းမိမှုကြောင့် ဦးမျိုးထက်လွင်၏ ခြေထောက်၂ ဖက်လုံးနှင့် ဘယ်ဖက်မျက်လုံးတို့တွင်

မဲခေါင်၊ ဇွန် ၁၇

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဒေသခံအမျိုးသားတစ်ဦး တောင်ယာအတွင်း ကြံစိုက်စဉ် တိုက်ပွဲကြွင်းကျန် မိုင်းနင်းမိသဖြင့် ပြင်းထန်ဒဏ်ရာရရှိကာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ဒေသခံ.သတင်းရင်းမြစ်များထံမှ သိရသည်။

နောင်ချိုမြို့နယ် ဈေးကုန်းကျေးရွာနေ ဦးမျိုးထက်လွင်သည် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့တွင် ရွာအနီးရှိ တောင်ယာထဲ ကြံစိုက်နေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

“ခြံရောက်ပြီး မကြားဘူး မိုင်းနင်းမိတာပဲ။ မနက် ၉နာရီ ကျော်ကျော်လောက်မှာ နင်းမိတာ။ မိုင်းပေါက်ကွဲသံကြားလို့ အနီးအနားက လူတွေက ရွာကို ပြန်သယ်လာပြီး ဆေးရုံပို့ကြပေမယ့် ခြေထောက်တစ်ဖက်တော့ ဖြတ်လိုက်ရတယ်”ဟု ဖြစ်စဉ်ကို သိရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

ယင်းမိုင်းနင်းမိမှုကြောင့် ဦးမျိုးထက်လွင်၏ ခြေထောက်၂ ဖက်လုံးနှင့် ဘယ်ဖက်မျက်လုံးတို့တွင် ထိခိုက်ဒဏ်ရာရရှိကာ ညာဘက်ဒူးအထက်ပိုင်းတွင် ဖြတ်လိုက်ရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း – TWO၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မိုင်းနင်းမိသည့် ဦးမျိုးထက်လွင်ကို ပရဟိအသင်းတစ်ခု၏ အကူအညီဖြင့် နောင်ချိုမှ တစ်ဆင့် ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူစေလျက်ရှိသည်။

နောင်ချိုမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံပြည်သူလူထုများမှ မကြာခဏ မိုင်းနင်းမိလျက်ရှိရာ တောင်ယာသို့ သွားလာရန်ပင် ကြောက်ရွံ့နေသဖြင့် သက်ဆိုင်ရာများမှ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို အမြန်ဆုံး ဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများက ပြောသည်။

နောင်ချိုမြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာဖြစ်သဖြင့် လက်ရှိအချိန်ထိ မြေမြှုပ်မိုင်းအကြွင်းအကျန်များကို ဒေသခံများက မကြာခဏနင်းမိလျက်ရှိသည်။

မဲခေါင်သတင်းဌာနမှ လက်လှမ်းမှီသမျှ ကောက်ယူထားသည့် စာရင်းအရ ၂၀၂၆ ခုနှစ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲအကြွင်းအကျန် မိုင်းပေါက်ကွဲမှုများကြောင့် ကလေးငယ် ၆ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးနှင့်သေဆုံးသူ ၇ ဦးရှိသည်။

#MeKongNews
#နောင်ချိုတွင်
#တိုက်ပွဲကြွင်းကျန်မိုင်း
#ပြည်သူတစ်ဦး
#ခြေထောက်တစ်ဖက်
#ဆုံးရှုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now