မဲခေါင်၊ ဇွန် ၁၆
UWSA ထိန်းချုပ် ပန်ဆန်းတွင် တည်းခိုခန်း၊ အနှိပ်ခန်း၊ ကေတီဗွီနှင့် ဘားများကို မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ ရှောင်တခင် ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ယမန်နေ့ညက ပြုလုပ်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ယမန်နေ့ ဇွန် ၁၅ ရက် ညပိုင်းက ပန်ဆန်းမြို့ပေါ်က ဟိုတယ်၊ တည်းခိုခန်း၊ အနှိပ်ခန်း၊ ကေတီဗွီနှင့် ဘားများကို မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများကို WSP ရဲတပ်ဖွဲ့က ပြုလုပ်ပြီး စစ်ဆေးတွေ့ရှိသူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။
“K နဲ့ ဟက်ပီးဝါးတားတွေပါ ဖမ်းတယ်၊ သုံးနေတုန်း ပစ္စည်းတွေနဲ့ပါဖမ်းတာ။ တစ်နေရာကို ၃၊ ၄ ယောက်မိတာ၊ နေရာအနှံ့ဆိုတော့ ဘယ်လောက်မိမလည်း မသိဘူး”ဟု ၎င်းက ပြောသည်။
WSP ရဲတပ်ဖွဲ့က ပန်ဆန်းမြို့ပေါ်ရှိ ဟိုတယ်များတွင် ကျားဖြန့်များကို စစ်ဆင်ရေးသဖွယ် ဖမ်းဆီးမှုများ ပြီးခဲ့သည့် မေလအတွင်း ပြုလုပ်ခဲ့သကဲ့သို့ ယခုတွင်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးမှု ပြုလုပ်နေသည်ဟု ဆိုသည်။
#MeKongNews
#UWSA
#ပန်ဆန်း
#ဟိုတယ်၊
#မူးယစ်ဆေးဝါး








